နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

တိုင်းရင်းသားပြည်သူများခင်ဗျား-    


ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့ တာဝန်ကိုထမ်းဆောင်ခဲ့တာ (၁)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများအားလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း   ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက် ပါတယ်။                                                                                                                                                                                                                          

တိုင်းရင်းသားပြည်သူများခင်ဗျား-


တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်း ခဲ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး  တင်ပြချင် ပါတယ်-
မြန်မာနိုင်ငံရဲ့   ရွေးကောက်ပွဲဟာ  ၅ နှစ် တစ်ကြိမ်ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို   ရွေးချယ်တဲ့  အထွေထွေ ရွေးကောက်ပွဲဖြစ်ပါတယ်။       အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ   ပါဝင်တဲ့    ပြည်ထောင်စု လွှတ်တော်ကနေ  နိုင်ငံတော်ဒုတိယသမ္မတများ၊ အဲဒီထဲကမှ နိုင်ငံတော်သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါတယ်။ တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ် ကာ အတည်ပြုတာပြုလုပ်ပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် စတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့ အကြီးအကဲတွေ၊ ပါဝင်ကြ သူတွေဟာ ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူတွေဖြစ်တဲ့ အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဟာ   မြန်မာ့ဒီမိုကရေစီစနစ်၊   နိုင်ငံရေးစနစ်ရဲ့ အုတ်မြစ်ပဲဖြစ်ပါတယ်။ အလွန်အရေးကြီးပါတယ်။


ဒါကြောင့် ရွေးကောက်ပွဲဟာ သန့်ရှင်းစစ်မှန် ပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ဖော်ပြနိုင်ဖို့ လိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး “လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ် ရေး”အတွက် ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲ မကျင်းပမီနဲ့ ကျင်းပအပြီး   အခမ်းအနားတွေမှာ ၂၄ ကြိမ်   ထုတ်ဖော်ပြောကြားခဲ့ကာ  တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။   ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တပ်မတော် က စိစစ်တွေ့ရှိရတဲ့ မဲမသမာမှု  ၁၀၄၈၂၁၁၆ (၁၀ သန်းကျော်၊    မဲပေးသူဦးရေရဲ့  ၄ ပုံ ၁ ပုံခန့်)ရှိ ကြောင်းကို    ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
မဲမသမာမှုတွေဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ ထိခိုက်စေ နိုင်လို့  တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေမှ UEC အဆင့်၊ အဲဒီကမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ နောက်အစိုးရအဆင့် ဖြေရှင်းပေးဖို့  ဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။ မဲမသမာမှုတွေကို ရင်ဆိုင် မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ    ပြည်ထောင်စုလွှတ်တော်ကို  ခေါ်ယူဖို့ မတရားကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်  ရယူဖို့  ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်ရဲ့      ဒီမိုကရေစီလျှောက်လှမ်းမှုကို ကြီးမားတဲ့အခက်အခဲတွေ ဖြစ်ပေါ်လာစေမှာဖြစ်လို့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျား-


နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းပြီးနောက် ကျွန်တော်တို့အစိုးရရဲ့  ရှေ့လုပ်ငန်းစဉ်  (၅)ရပ်မှာ ပထမဦးဆုံးအချက်ဖြစ်တဲ့       “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင်  လုပ်ဆောင် သင့်လုပ်ဆောင်ထိုက်သည်များကို  ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ခြင်း” ကို ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့  မြို့နယ် ၃၁၅ မြို့နယ် ကိုစစ်ဆေးခဲ့ရာမှာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄၆၄၈၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်) အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ ၂၀၅၆၆ ဦး၊ ၂ ကြိမ်နဲ့ ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃၈၉၁၆၁၁ ဦးအပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁၃၀၅၃၉၀ ဦး (၁၁ သန်း ၃ သိန်းကျော်) ရှိကြောင်း    တွေ့ရှိရပါ တယ်။ 


ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့ပေ မယ့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မဲမသမာမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊     ပုဂ္ဂိုလ်တွေက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မသမာမှု များ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ  ၁၀ နှစ်သာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီကျင့်သုံးမှုအပေါ်  အလေးထားမှု  လျော့ပါးစေပါ တယ်။ အလွန်အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ထိခိုက်အောင်လုပ်ခဲ့သူ တွေကို   တည်ဆဲဥပဒေတွေအရ အရေးယူမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်တွေ ပြီးစီးပါ က ရွေးကောက်ပွဲ ပြန်လည်လုပ်ဆောင်ပေးသွား မယ်ဆိုတဲ့ကတိကို အကောင် အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံး   ကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့     အထွေထွေရွေးကောက်ပွဲဖြစ်တဲ့ အတွက်   နိုင်ငံတစ်ဝန်းလုံး စိတ်အေးချမ်းသာစွာ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးရအောင် မဲပေး နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ် ကျင်းပရာမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာတော့ အနည်းဆုံးဖြစ်ပြီး မကျေနပ်မှုများနဲ့ အသံ ဆူညံခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုတာ တည်ငြိမ် လုံခြုံတဲ့အခြေအနေရှိမှ ပြည်သူတွေလွတ်လပ်စွာ မဲပေးနိုင်မှာဖြစ်ပါတယ်။  သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရ ရဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက် တွေကို   တိုင်းရင်းသားပြည်သူအားလုံးက  ပူးပေါင်း ဆောင်ရွက်ကြဖို့ ဦးစွာတိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-


ကျွန်တော်တို့အစိုးရ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်း ပြီးနောက်   နိုင်ငံရေးအရ   လုပ်ဆောင်ခဲ့မှုများကို ဆက်လက်တင်ပြသွားပါ့မယ်-
၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ    ကြေညာပြီးတဲ့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့     တိုင်းပြည် တည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက် နိုင်ရေး နေပြည်တော် စည်ပင်သာယာရိပ်သာမှာ ရှိနေတဲ့   စောင့်ကြည့်ခံလွှတ်တော်အမတ်တွေကို လက်ရှိ နိုင်ငံ့ဖြစ်စဉ်အပေါ် ဥပဒေနဲ့အညီ ဖြေရှင်း နိုင်စေဖို့အတွက် ရှင်းလင်းပြောပြခဲ့ကာ ဖေဖော်ဝါရီ လ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း နေရပ်ဒေသ အသီးသီးကို     ပြန်လည်စေလွှတ်ပေးခဲ့ပါတယ်။ ဒါဟာ သူတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ပါတယ်။


ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဒီမိုကရေစီကျင့်စဉ် များအတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်သားများ၊ အရပ်သားများ(တိုင်းရင်းသားလူမျိုးစုံအပါအဝင်)ဖြင့်   မျှတစွာ   ဖွဲ့စည်းခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်   အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းပြီးတော့ အရပ်ဘက်ပုဂ္ဂိုလ်တွေကိုသာ ဦးစီး လုပ်ဆောင်စေခဲ့ပါတယ်။


အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့   ထာဝရ ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊   ညှိနှိုင်းရေးကော်မတီ  စတဲ့ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နေ လျက်ရှိပါတယ်။    ကျွန်တော်တို့ရဲ့    ညှိနှိုင်းရေး ကော်မတီဟာ ယနေ့အထိ NCA လက်မှတ်ရေးထိုး ပြီးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ EAO တွေနဲ့ ၉ ကြိမ်၊ နိုင်ငံရေးပါတီတွေ နဲ့ ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ၂ ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါတယ်။
တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀) ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။    ၂၀၂၂ ခုနှစ်     နှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ သဘောတူထုတ်ပြန်ချက်မှာ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို    ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။


ဒီလိုအဆင့်လိုက် ဆောင်ရွက်ဖို့ ကျွန်တော့် အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီး ဆွေးနွေးမှာကြားချက်များ ပြုလုပ်ခဲ့ပါတယ်။   ပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်။ ရေရှည်အနာဂတ်အတွက် အစီအမံတွေ လမ်းညွှန် ပေးခဲ့ပါတယ်။   ကျွန်တော်တို့   အစိုးရအဖွဲ့မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်နေတဲ့ တိုင်းရင်း သားကောင်စီအဖွဲ့ဝင်တွေဟာလည်း ဒေသအကျိုး ဆောင်ရွက်ပေးဖို့     သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉ သွားရောက်ခဲ့ပြီး ဒေသရဲ့လိုအပ်ချက် တွေကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလို ပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျား-


ကျွန်တော်တို့နိုင်ငံဟာ     ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင်ဖြစ်ပါတယ်။ နိုင်ငံတိုင်း ဟာ မိမိတို့ နိုင်ငံတိုးတက်ဖို့အတွက် ကြိုးပမ်းနေကြ ချိန်မှာ ကျွန်တော်တို့သည်လည်း ရပ်နေလို့မရပါဘူး။ မိမိတို့မှာရှိတဲ့ လူသားအရင်းအမြစ် သယံဇာတများ၊ တိုင်းရင်းသားပြည်သူလူထုရဲ့  အားတို့ကိုရယူပြီး တိုင်းပြည်တိုးတက်စေရေး ဆောင်ရွက်ကြရပါမယ်။ ကိုယ်ရပ်နေရင်တော့   သူများတိုင်းပြည်များက ကျော်တက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော် တို့အစိုးရအနေဖြင့် ဆက်လက်ဦးစားပေး လုပ်ဆောင် မှာကတော့-


အမျိုးသားရေးလုပ်ငန်းစဉ်(၂)ခုအဖြစ် တိုင်းပြည် သာယာဝပြောရေးနဲ့  စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဦးစားပေး လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုအဖြစ်        စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်သွားမှာဖြစ်ပါတယ်။


ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ၂၀၂၂ ခုနှစ်ဟာ အရေးပါ တဲ့နှစ်ပဲဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ် ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုမိုခိုင်မာစေဖို့  တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ခြင်း အသီးအပွင့်တွေနဲ့ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်း သစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်ထဲမှာလည်း   ဖော်ပြပြီးဖြစ် လို့   သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုပါ တယ်လို့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှာ    ကျွန်တော်   ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေကြောင်း     ဖြည့်စွက်ပြောကြားလိုပါ တယ်။
                   

    P စာမျက်နှာ ၃ မှ
ဖက်ဒရယ်ဆိုတာဟာ    မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊   ပြည်နယ်တွေ၊  လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့် တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရား ဖြစ်ပြီး    ပေါင်းစည်းနေထိုင်ခြင်း၊  မျှဝေခံစားခြင်း ဖြစ်ပါတယ်။  တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများဟာ   ၎င်းတို့ကို  ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ် ပြန့်ပြန့်    ကိုယ်စားပြုနိုင်ဖို့အတွက်  အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို  သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုပဲ အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒ အတိုင်း ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်သလို လူနည်းစု ရဲ့ဆန္ဒကိုလည်း  အလေးထားဖို့   လိုအပ်မှာဖြစ်ပါ တယ်။ အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနဲ့ ဒီလို ဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေအကြား  ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် တွေအလိုက်   ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိစေမှာ ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲ ကျင့်သုံးခြင်းနဲ့ တိုင်းရင်းသားပြည်သူတွေ ဥပဒေပြု လွှတ်တော်မှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာဖြစ်သလို ပြောရေးဆိုခွင့်လည်း ပိုမိုရရှိလာမှာဖြစ်ပြီး မိမိတို့ရဲ့ ဒေသအကျိုး၊ လူမျိုးအကျိုးကိုလည်း ယခင်ကထက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ခွင့်ရရှိလာမှာဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို  အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ တိုင်းဒေသကြီး နဲ့   ပြည်နယ်အားလုံးရှိ   တိုင်းရင်းသားအားလုံး တူညီတဲ့အခွင့်အရေးတွေရရှိဖို့ အချိုးကျကိုယ်စားပြုခြင်းစနစ်(Proportional Representation-PR)ကို ကျင့်သုံး နိုင်ရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊  စိတ်ပါဝင်စားသူတွေနဲ့စုပေါင်းပြီး   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။  
တိုင်းရင်းသားပြည်သူများခင်ဗျား-    
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား ကတ်မရှိဘဲ မဲပေးသူ ၄,၆၄၈,၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အကျုံးဝင်သော (ဥပဒေအရနိုင်ငံသားတွေ)အားလုံးကို “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနဲ့   ကိုင်ဆောင်သင့်တဲ့  ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့အတွက် ၃-၅-၂၀၂၁ ရက် နေ့မှစပြီး    စစ်ဆင်ရေးတစ်ရပ်ကဲ့သို့  အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မှတ်ပုံတင် ပြုလုပ်ရမည့်လူဦးရေ ၃,၄၉၁,၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်)အနက် ၂၁-၁-၂၀၂၂ ရက်နေ့အထိ ၁,၉၀၅,၈၄၃ ဦး(၂ သန်းနီးပါး) ဆောင်ရွက်ပေး  နိုင်ခဲ့ပြီး (၅၅ ရာခိုင်နှုန်းနီးပါး) ပြီးစီးပြီဖြစ်ပါတယ်။ မှတ်ပုံတင်ဆောင်ရွက်မှု   အချိန်ကာလအနေဖြင့် ၁၈ လတာ ကြာမြင့်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့    နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး-
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်၍တက်ကြွ သည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ကို စောင့်ထိန်းတဲ့မူဝါဒ (၃)ရပ်ကို အလေးအနက် ထားပါတယ်။ ဒါကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁ မှာ အတိအလင်းပြဋ္ဌာန်း ထားပါတယ်။ ကျွန်တော့်အနေနဲ့ ပထမတစ်နှစ်တာ ကာလအတွင်းမှာ    နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်အောင်   အမြဲရှေးရှုလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ပရဲ့ ပထမဦးဆုံးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒုတိယခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက် ကနေ ၂၇ ရက်အထိ  ရုရှားနိုင်ငံမှာ    ကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက်   နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ  တက်ရောက်ရန်အတွက်   ရုရှားနိုင်ငံသို့ ခရီးစဉ်များထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ မိတ်ဆွေနိုင်ငံပဲရှိပါတယ်။ ရန်သူနိုင်ငံရယ် လို့မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံအပေါ် ရန်သူသဖွယ် ဆက်ဆံနေရင်တောင် အဲဒီနိုင်ငံတွေရဲ့ သဘောထား ကို ပြောင်းလဲလာအောင်၊ မိတ်ဆွေဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပါမယ်။
အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာ နိုင်ငံရဲ့ နယ်စပ်ဒေသတွေကို ထာဝရတည်ငြိမ်အေးချမ်းတဲ့ နယ်စပ်ဒေသဖြစ်ဖို့ ငြိမ်းချမ်းချစ်ခင်တဲ့ အိမ်နီးနား ချင်းဆက်ဆံရေးကို ထူထောင်သွားမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့     အိမ်နီးချင်း ဆက်ဆံရေးကို ပိုမိုခိုင်မာမှုရှိစေဖို့ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
ယခုနှစ်ဆန်းပိုင်းမှာ    ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရဲ့    မြန်မာနိုင်ငံကို  အလုပ်သဘော ရောက်ရှိခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ အာဆီယံ ထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ် နဲ့ပတ်သက်ပြီး     ဦးတည်ဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အကြမ်းဖက်မှုရပ်ဆိုင်းဖို့နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနဲ့ EAO ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါ   တယ်။   ဒါ့အပြင်   အာဆီယံလူသားချင်းစာနာ ထောက်ထားမှုနဲ့သက်ဆိုင်တဲ့ အထောက်အပံ့ပစ္စည်း တွေ   ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာ ကိစ္စတွေကို လည်း လက်ခံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီခရီးစဉ်ဟာ ကောင်းမွန်ထူးခြား တဲ့ရလဒ်တွေ ရရှိစေခဲ့ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက် ပြီး   ပူးတွဲသတင်းထုတ်ပြန်ချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင်     အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း    အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံရဲ့ ပါဝင်ဆောင်ရွက်မှု၊ အာဆီယံနိုင်ငံ တွေအတွင်း    အပြုသဘောဆောင်တဲ့   ပူးပေါင်း ဆောင်ရွက်မှုအနေနဲ့ ဆောင်ရွက်ရန် လိုအပ်တဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေ အနေတွေ၊ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာ နိုင်ငံသို့   စေလွှတ်သွားမယ့်   အခြေအနေတွေနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို    ဆွေးနွေးခဲ့ပါတယ်။  ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊  အမျိုးသားအကျိုး စီးပွားနဲ့ အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်များကို မထိခိုက် စေဘဲ နိုင်ငံတကာနဲ့   အကောင်းဆုံး  ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
လုံခြုံရေးနှင့်  တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများအနေဖြင့် တပ်မတော်က နိုင်ငံတော်တာဝန် မရယူမီ အခြေအနေမှာ-
မဲမသမာမှုတွေ၊ UEC ရဲ့ ဖြေရှင်းမပေးမှုတွေ ကြောင့် UEC ကို ကန့်ကွက်ဆန္ဒပြမှုတွေ၊ ပါတီတွေ က    ဖြေရှင်းပေးဖို့   တောင်းဆိုမှုတွေကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေဖြစ်ပါ တယ်။ အခြေခံဥပဒေနဲ့အညီ  မဲမသမာမှုတွေကို ဖြေရှင်းနိုင်ရေးနဲ့     ဒုတိယအကြိမ်လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ အဲဒီ အချိန်က  လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရ  ဥပဒေနဲ့အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့်   ဥပဒေပြုရေး မဏ္ဍိုင် ယိမ်းယိုင်ခဲ့ကာ အငြင်းပွားမှုတွေကတစ်ဆင့် တည်ငြိမ်မှုပျက်ပြားခဲ့ရပါတယ်။


တပ်မတော်က  နိုင်ငံတော်တာဝန် ရယူထိန်းသိမ်း ပြီးနောက်မှာ 
နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ ကာ  နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း   ဆန္ဒပြမှု တွေမရှိခဲ့သော်လည်း     ဖေဖော်ဝါရီလ ၄ ရက်နေ့ မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြသူ ၂၀ ဦးက စတင်ကာ ကျင့်ဝတ် စည်းကမ်းချိုးဖောက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို   စည်းရုံးပြီး   CDM လှုပ်ရှားမှုစတင်ခဲ့တယ်။


ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ   လွှတ်တော် ကိုယ်စားလှယ်အဖြစ်  ရပ်တည်ခွင့်မရှိသူတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အမည်ဖြင့်   တရားမဝင်ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့်ဆန္ဒပြမှု(Riot)အသွင်မှ ဆူပူအကြမ်းဖက်ဆန္ဒပြမှု  (Anarchy Mob)  ကို ကူးပြောင်းလာခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က    အနိမ့်ဆုံးအဆင့်  အနည်းဆုံးအင်အားဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။ မတ်လ ၂၇ ရက် နေ့ကို CRPH အမည်ခံ အကြမ်းဖက်အဖွဲ့က ပြည်သူ့ တော်လှန်ရေးနေ့ဟုအမည်တပ်ကာ တစ်နိုင်ငံလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ    ဖြစ်ပေါ်စေရန် လှုံ့ဆော်လာခဲ့ပါတယ်။   အလုံးစုံပျက်သုဉ်းရေး အတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း(Terrorism) ပြုလုပ်လာပါတယ်။   ဥပဒေနဲ့မညီတဲ့  CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရ ဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေး ထောက်ပံ့ခြင်း၊ ဦးဆောင်မှုပြုခြင်းတွေ ဆောင်ရွက် လာခဲ့ပါတယ်။


လူငယ်တွေကို NLD ပါတီအစွန်းရောက်တွေနဲ့ ၎င်းပါတီကို အစွန်းရောက်ထောက်ခံအားပေးသူတွေ က အသုံးချပြီး EAO နယ်မြေတွေဖြစ်တဲ့ KNU ၊ KIA၊ KNPP စတဲ့ နယ်မြေတွေမှာ စစ်သင်တန်းတွေ တက်ရောက်စေခဲ့ပါတယ်။ CRPH ၊ NUG၊ PDF အမည်ခံ   အကြမ်းဖက်အဖွဲ့အစည်းတွေဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ အကြမ်းဖက်လုပ်ငန်း တွေ      အရှိန်မြှင့်ဆောင်ရွက်ဖို့   ကြေညာခဲ့ပြီး ချင်းပြည်နယ်ဒေသအချို့၊  မကွေးတိုင်းဒေသကြီး ဒေသအချို့၊ စစ်ကိုင်းတိုင်းဒေသကြီးဒေသအချို့နဲ့ ကယားပြည်နယ်ဒေသအချို့တွေမှာ စစ်ရာဇဝတ်မှု (War Crime)  ကျူးလွန်တဲ့အထိ    အကြမ်းဖက် လုပ်ငန်းတွေကို  ဆောင်ရွက်ခဲ့ပါတယ်။   ပြစ်မှု ကျူးလွန်သူ အကြမ်းဖက်သမားတွေဟာ အရပ်သား တွေနဲ့ရောနှောပြီး အရပ်ဝတ်များနဲ့ တိုက်ခိုက်တာမို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိစေရေး ခက်ခဲစွာ ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။ EAO အဖွဲ့အချို့ တွေရဲ့   သင်ကြားပေးမှု၊  ထောက်ပံ့ပေးမှုတွေနဲ့ လက်လုပ်ဗုံး/မိုင်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြု တိုက်ခိုက်လာကြပါတယ်။


အကြမ်းဖက်သမားတွေရဲ့      လုပ်ဆောင်မှု ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊     ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအနေနဲ့ ပျက်စီးဆုံးရှုံးမှုအနေဖြင့် လမ်း၊ တံတား ဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းတွေ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနဲ့ ပညာရေး အဆောက်အဦတွေ ဖျက်ဆီးခံရမှု ၅၀၄ ခုအပါအဝင် ပြည်သူပိုင်၊    အစိုးရပိုင်အဆောက်အဦများစွာ ပျက်စီးခဲ့ရပါတယ်။ သေဆုံးမှုတွေအနေဖြင့် ရဟန်း/သံဃာ ၂၀  ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦးနဲ့ ဒဏ်ရာရရှိမှု  အနေဖြင့်  အစိုးရဝန်ထမ်း ၁၅၃ ဦး   အပါအဝင် အရပ်သားတွေ    သေဆုံး/ဒဏ်ရာရခဲ့ပါတယ်။ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနဲ့ လက်လုပ်မိုင်း/ဗုံး ၁၁,၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ကာ အကြမ်းဖက်သူ ၄,၃၃၈ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျား-
ပညာရေးဆိုင်ရာကိစ္စများကို တင်ပြပါမယ်-


နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံ စဉ်ဆက် မပြတ်    ဖွံ့ဖြိုးတိုးတက်ရေးကို   ဖော်ဆောင်နိုင်ဖို့ လူသားအရင်းအမြစ် (Human Resources)က အဓိကဖြစ်တာကို လက်ခံထားကြပါတယ်။ လူသား အရင်းအမြစ်ဆိုတာ “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင် ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈ အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ     မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမှာ    ဖြစ်ပါတယ်။    ပုဒ်မ ၃၆၆ အရ “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထား သော ပညာရေးဆိုင်ရာမူဝါဒများနဲ့အညီ (က)ပညာ သင်ကြားပိုင်ခွင့်ရှိသည်၊ (ခ)ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်” ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတွေထဲမှ အလယ်တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့်ရှိတာကို  တွေ့ရှိရတဲ့ အတွက် နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ခန့်ဖြစ်ပါတယ်။ ဒါ့ကြောင့်  ပညာရေးမြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထား       ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ   အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ် တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း  အခြေခံပညာအဆင့်  ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါတယ်။  

P စာမျက်နှာ ၄ မှ 
စာသင်ကျောင်းတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  ပိတ်ထားခဲ့ပါတယ်။   ယခုအခါတော့   ကိုဗစ်-၁၉ ရောဂါကို  ကာကွယ်ထိန်းချုပ်နိုင်တဲ့ အတွက် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ရာမှာ    အထက်တန်း အဆင့် ၅,၂၀၉ ကျောင်း၊   အလယ်တန်းအဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ချိန်မှာ ကျောင်းတက်ဖို့ လာရောက်စာရင်းသွင်းထားသူ တွေအနက် ၈၀ ရာခိုင်နှုန်းကျော် ကျောင်းလာရောက် တက်နေကြပါတယ်။      ကျွန်တော်တို့အနေနဲ့    ကြေညာထားတဲ့အတိုင်း  မတ်လ နောက်ဆုံးပတ် နဲ့  ဧပြီပထမအပတ်အတွင်း အတန်းတင်စာမေးပွဲ တွေ  စစ်မေးမှာဖြစ်တဲ့အတွက်  ကျောင်းတက်ဖို့ နှောင့်နှေးနေတဲ့ ကျောင်းသားတွေနဲ့ မိဘတွေအနေ နဲ့ နစ်နာမှုမရှိစေဖို့ အသိပေးလိုပါတယ်။ ကျွန်တော် တို့ကတော့ ကြိုဆိုနေပါတယ်။ ပညာသင်ကြားခြင်း ဟာ  အစိုးရအတွက်  မဟုတ်ပါဘူး၊  ကာယကံရှင် ရဲ့ ဘဝတိုးတက်စေဖို့ပဲဖြစ်ပါတယ်။  ဒီနေရာမှာ NUG ၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်သမား တွေရဲ့   ကျောင်းမတက်ရေး လှုံ့ဆော်ချက်တွေဟာ တိုင်းရင်းသားပြည်သူလူထုရဲ့   သားသမီးတွေကို ပညာမဲ့တွေဖြစ်စေပြီး     တိုင်းပြည်နဲ့   လူထုကို ကျွန်ဘဝရောက်အောင်   လုပ်ဆောင်နေတာပဲဖြစ်လို့ သတိရှိကြဖို့ ပြောလိုပါတယ်။ 
ကျောင်းနေအရွယ်ကလေးငယ်တိုင်း(KG+9) (အခြေခံပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံး တဲ့အထိ ပညာသင်ကြားနိုင်ဖို့ ကျွန်တော်တို့အစိုးရ အနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ KG+9 အဆင့်   အနည်းဆုံးပြီးမြောက်မှ   Vocational Training ကို ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ KG+9 ဟာ မိမိတို့အစိုးရရဲ့ ပညာရေးရည်မှန်းချက်သာ ဖြစ်ပါတယ်။ ပညာရေးဟာ မြန်မာ့ဒီမိုကရေစီအရေး နဲ့ အနာဂတ်အတွက် အထူးအရေးပါတာကြောင့် နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ပညာသင်ယူမှု အခွင့် အလမ်းတွေမဆုံးရှုံးစေဖို့ အလေးထားဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တင်ပြပါမယ်-
ကျန်းမာရေးနဲ့ပတ်သက်လို့  ကျွန်တော့်မူဝါဒ ကတော့ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ  ပညာသင်ကြားနိုင်မည်” ဖြစ်လို့    ပြည်သူလူထု ရဲ့  ကျန်းမာရေးသည်သာ  အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀  ပြည့်နှစ်၊ မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နဲ့ စတုတ္ထပတ်တွေမှာ တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ လူဦးရေ ၅,၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း)အထိ ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်က “လက်တွေ့ကျကျ  မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီး တာဘာမှမရှိ”ဆိုတဲ့ မူဝါဒချမှတ်ပေးပြီး လုပ်ဆောင် ခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရအနေဖြင့် နည်းလမ်း ပေါင်းစုံနဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို နေ့မနားညမနား ဆောင်ရွက်ခဲ့ပါ တယ်။
ကျွန်တော်ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အစည်းအဝေးတွေကို (၁၃)ကြိမ်တိုင်တိုင် ကျင်းပ ကာ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ရေးကိစ္စရပ်တွေ ကို တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့  Video Conferencing ပြုလုပ်ပြီး လိုအပ်ချက်တွေ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီအစည်း အဝေးတွေကို   ကျွန်တော်တို့အစိုးရရဲ့   ဒုတိယ ဝန်ကြီးချုပ်ကိုယ်တိုင် တစ်ပတ်လျှင် ၃ ကြိမ် ဦးစီး ဆောင်ရွက်ကာ   အနီးကပ်ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။    
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ် တောက်စေရေးအတွက် Stay at Home မြို့နယ် ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ်ပေးခဲ့ရာမှာ လက်ရှိအခြေအနေတွင်       မြို့နယ်အားလုံးကို ကန့်သတ်ချက်ဖယ်ရှားပေးခဲ့ပြီး   ဖြစ်တဲ့အတွက်  Stay at Home မြို့နယ်တွေ ကျန်ရှိခြင်းမရှိတော့ တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ နိုင်ငံတကာနဲ့ အဖျက်သမားတွေရဲ့ ဝိုင်းဝန်း ဝေဖန်အနှောင့်အယှက်ပေးမှုတွေကို ကျော်လွှား နိုင်ပြီး လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုဟာ ၁ ရာခိုင်နှုန်းဝန်းကျင်   ပျမ်းမျှသာ ကျန်ရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေအသုံးပြုမှုအခြေအနေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျ စရိတ်အနေနဲ့   အိန္ဒိယနိုင်ငံက   ကာကွယ်ဆေး ၁၅ ဒသမ ၄ သန်း Dose အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၇၅ သန်း၊   တရုတ်ပြည်သူ့ သမ္မတနိုင်ငံက  ကာကွယ်ဆေး ၂၉ သန်း Dose အတွက်  အမေရိကန်ဒေါ်လာသန်းပေါင်း  ၁၉၃ ဒသမ ၉ သန်း၊ ရုရှားနိုင်ငံမှ ကာကွယ်ဆေး သုည ဒသမ ၆ သန်း Dose အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇ ဒသမ ၇၄ သန်း စုစုပေါင်း ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်းတန်ဖိုး  ဝယ်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှ Dose ၉ ဒသမ ၂ သန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၅ သန်း)၊ အိန္ဒိယ နိုင်ငံက Dose ၅ ဒသမ ၅ သန်း (တန်ဖိုးအမေရိကန် ဒေါ်လာ ၃၅ ဒသမ ၅ သန်း)၊ ရုရှားနိုင်ငံက Dose သုည ဒသမ ၄ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၅ ဒသမ ၁၆ သန်း)၊ (နီပွန်ဖောင်ဒေးရှင်း)က Dose နှစ်သန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သန်း)၊ စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး Dose ၁၇ ဒသမ ၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း) လှူဒါန်းလက်ခံရရှိခဲ့ပါတယ်။  ဒါ့အပြင် ကမ္ဘောဒီးယား၊   ထိုင်း   စတဲ့နိုင်ငံတွေကလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အားလုံးကို  အသိမှတ်ပြု  ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးတွေ ဝယ်ယူရာမှာ သယ်ယူစရိတ် အနေနဲ့ ပြည်ပငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇ သန်းခန့်နဲ့ မြန်မာကျပ်ငွေ ၂၄၆ ဒသမ ၅၃၂ သန်း ကျော် သုံးစွဲခဲ့ရပါတယ်။ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူမှုကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၆၀၈ သန်းနဲ့ မြန်မာ ကျပ်ငွေ ၂၄၆ ဒသမ ၅၃၂ သန်းကျော် သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ကုသရေးအတွက် ဆေးနဲ့ဆေးပစ္စည်းဝယ်ယူမှုအနေနဲ့ ကုသရေးဦးစီး ဌာနကဝယ်ယူမှု မြန်မာကျပ်ငွေ  ၂၈ ဘီလီယံကျော်နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက   ဝယ်ယူမှု ၃၆  ဘီလီယံခန့် စုစုပေါင်း မြန်မာကျပ်ငွေ ၆၄ ဘီလီယံ ကျော်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ဖို့အတွက် မြန်မာကျပ်ငွေ ၆၀ ဒသမ ၃  ဘီလီယံကျော် သုံးစွဲ ခဲ့တဲ့အနက် ကိုဗစ်ဖြစ်သူတွေအတွက် အရေးပေါ် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုအနေနဲ့ မြန်မာကျပ်ငွေ ၁၂ ဒသမ ၂၃ ဘီလီယံ ပါဝင်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ လူနာတွေအတွက် ကျွေးမွေးမှုစုစုပေါင်း ကုန်ကျ စရိတ်အနေနဲ့ ကိုဗစ်-၁၉ ဗဟိုကော်မတီရန်ပုံငွေ က ကျပ် ၂၃ ဒသမ ၁၂ ဘီလီယံနဲ့ ကျန်းမာရေးဝန်ကြီး ဌာနက ကျပ် ၄ ဘီလီယံ၊ စုစုပေါင်းမြန်မာကျပ်ငွေ ၂၇ ဒသမ ၁၂ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို    ဒီဇင်ဘာလမှာ ၅၀ ရာခိုင်နှုန်းအပြီး    မျှော်မှန်းထားပေမယ့်  ၅၁ ရာခိုင်နှုန်း ထိုးနှံပြီးစီးခဲ့ပါတယ်။ လက်ရှိကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ    ဆေးရုံ ၁,၀၇၇ ခု၊ ဆေးပေးခန်း ၁၁,၄၂၇ ခုရှိပြီး   ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇,၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှုရှိပါတယ်။ တစ်နိုင်ငံလုံး ခန့်အပ်ဆရာဝန် ၁၄,၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅,၈၃၄ ဦးရှိပြီး အဲဒီ အထဲမှ အချို့ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းများ ဟာ  နိုင်ငံရေးဝါဒမှိုင်းတွေကြောင့် ပြည်သူများရဲ့ အသက်နဲ့ကျန်းမာရေးကို မငဲ့ကွက်ဘဲ မိမိတို့ရဲ့ လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ ဟာ သူတို့ရဲ့လူနာရှင်တွေကို မပစ်ခွာဘဲ တာဝန် သိသိ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့လို့ ကျွန်တော် တို့အစိုးရအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဆေးရုံ အသီးသီးမှာ လိုအပ်တဲ့ကျန်းမာ‌ရေးဝန်ထမ်းများ နေရာများမှာ တပ်မတော်သားဆေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ကူညီဆောင်ရွက်ပေးတာနဲ့ တပ်မတော် ဆေးရုံအသီးသီးမှာ ပြည်သူများ ဆေးကုသပေး နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနဲ့ အငြိမ်းစားတပ်မတော် ဆေးတပ်ဖွဲ့ဝင်များလည်း ဝင်ရောက်အားဖြည့် ကူညီပေးခဲ့ကြပါတယ်။  ကိုဗစ်-၁၉ ကာလအတွင်း  ကျန်းမာရေးဝန်ထမ်းတွေအပေါ်           တာဝန် ထမ်းဆောင်မှုအသိအမှတ်ပြုတဲ့အနေနဲ့  အစိုးရ အနေဖြင့် ၁၀,၉၄၄,၅၄၅,၀၀၀ ကျပ် (၁၀ ဒသမ ၉၄ ဘီလီယံ)အား ဆုချီးမြှင့်ခဲ့ပါတယ်။ 
ကျွန်တော်တို့အစိုးရဟာ     ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက်     တရုတ်နိုင်ငံထုတ် (Sinopharm)ကာကွယ်ဆေးကို  ပုလင်းအတွင်း ဖြည့်သွင်းရန်အသင့်(Ready to Fill Bulk) စနစ်နဲ့  ဝယ်ယူထုတ်လုပ်နိုင်ရေး သဘောတူစာချုပ်တွေ ကို  လက်မှတ်ရေးထိုးခဲ့ပါတယ်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ  စတင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်မှုကြောင့်     ကာကွယ်ဆေး ဈေးနှုန်းမှာလည်း   မူလကုန်ချော   ဈေးနှုန်းရဲ့ ထက်ဝက်မျှသာရှိတဲ့ ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင် မှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါရဲ့ မျိုးကွဲစိတ် အိုမီခရွန်ကို တွေ့ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြည်ပက ပြန်လည် ဝင်ရောက်သူတွေထဲမှ အိုမီခရွန်ရောဂါပိုး စတင် တွေ့ရှိခဲ့ကာ ၂၉-၁-၂၀၂၂ ရက်နေ့အထိ ၂၈၃ ဦး တွေ့ရှိခဲ့ပါတယ်။    ဒါ့ကြောင့်   ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ မပေါ့ဆကြဖို့နဲ့ လိုက်နာဖို့သတ်မှတ် ထားတဲ့ တစ်ကိုယ်ရေအကာအကွယ်စည်းမျဉ်းတွေ ကို လိုက်နာသွားဖို့ တိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်း မီ   စီးပွားရေးဆိုင်ရာကိစ္စရပ်များကို  ဆက်လက် တင်ပြလိုပါတယ်။
ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလမှာ ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ  ချမှတ်ပြီး စီးပွားရေးမူဝါဒ ၄ ရပ်ကို အကောင်အထည်ဖော်ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးပြီး ကြွေးမြီပမာဏ ဒေါ်လာ ၅ ဒသမ ၉၅၆ ဘီလီယံကို သက်သာ စေခဲ့ပါတယ်။ ၅ နှစ်တာကာလအတွင်း  ပျမ်းမျှ GDP တိုးတက်မှုနှုန်းဟာ ၇ ဒသမ ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံခြား ငွေ သန်းပေါင်း ၁၁,၆၂၈ ဒသမ ၁ သန်း (၁၁ ဒသမ ၆၃ ဘီလီယံခန့်) တိုးတက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ၁၂,၀၉၆ ဒသမ ၈၈ သန်း (၁၂ ဒသမ ၀၉ ဘီလီယံ ကျော်) ရှိခဲ့ပါတယ်။
ဒီမိုကရေစီအစိုးရ   ဒုတိယသက်တမ်းကာလ ၅ နှစ်သက်တမ်းကာလအတွင်း နိုင်ငံခြားရင်းနှီး  မြှုပ်နှံမှု    လုပ်ငန်းခွင့်ပြုစီမံကိန်းလျာထားချက် တွေနဲ့ ဆောင်ရွက်နိုင်မှုဟာ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ကျဆင်းခဲ့ပြီး GDP တိုးတက်မှုနှုန်း ပျမ်းမျှ ၃ ဒသမ ၃၈ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားငွေ သန်းပေါင်း ၁၄,၉၆၁ ဒသမ ၃ သန်း (၁၄ ဒသမ ၉၆ ဘီလီယံ) ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂,၆၁၄ ဒသမ ၁၇ သန်း (၁၂ ဒသမ ၆၁ ဘီလီယံကျော်) ရှိခဲ့ပါတယ်။ 
တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းပြီး နောက် အခြေအနေတွေအနေဖြင့်-
နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုတွေအနေဖြင့် ပြည်တွင်းစီးပွားရေးအခြေအနေနဲ့ ပြည်ပသွေးထိုး လှုံ့ဆော်မှုတွေအရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှု ကျဆင်းပြီး      ပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းဟာ ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင်၊ ကုန်သည်တွေအတွက်  ငွေပေးချေမှု၊ ကုန်စည်စီးဆင်းမှု‌တွေ ခက်ခဲစေခဲ့ ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာ တစ်ဝန်းဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွေကြောင့်   သယ်ယူပို့ဆောင်ရေးနဲ့  သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကွက်မှာ ဝယ်လိုအားကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် ဈေးကွက်အတွင်းလိုအပ်တဲ့ နိုင်ငံခြားငွေ ဖြည့်တင်း ဖို့နဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်ဆေးဝါး၊ လျှပ်စစ် နဲ့  Telecom Sector တွေအတွက်  သွင်းကုန် လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ လိုအပ်ချက် ဖြစ်တဲ့ အထူးနိုင်ငံခြားငွေ ဈေးပြိုင်လေလံမှတစ်ဆင့် ၂၁-၁-၂၀၂၂ ရက်နေ့အထိ USD ၅၀၈ ဒသမ ၈ သန်း ကို ရောင်းချပေးခဲ့ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုစာရင်း အရ  ပြည်ပသို့  ပို့ကုန်  ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံဖြစ်တဲ့အတွက် ယာယီစာရင်းတွေအရ ကုန်သွယ်မှုပိုငွေဟာ ၆၇၇ သန်းကျော် ပိုမိုခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ဒီမိုကရေစီ ပထမအစိုးရ  သက်တမ်းကာလ  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၁၆,၂၇၃ ဘီလီယံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊  ပြည်ပကြွေးမြီ ၁၈,၁၂၅ ဘီလီယံကျပ်၊  ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ                     P စာမျက်နှာ ၅ မှ
ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁၅၇၅ ဘီလီယံကျပ်၊  ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ   ၂၂၀၃၂  ဘီလီယံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၂၇၉၇၀ ဘီလီယံကျပ်  ရှိခဲ့ပါတယ်။        ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလ   ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈၈၆၁ ဘီလီယံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄၆၉၈ ဘီလီယံကျပ်၊ ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၃၅၅၅၀ ဘီလီယံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀၇၄၉ ဘီလီယံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇၆၃၆ ဘီလီယံကျပ်၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂၄၈၈ ဘီလီယံကျပ် ရှိခဲ့ပါတယ်။    ပြည်တွင်း၊ ပြည်ပကြွေးမြီတွေဟာ    တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာတာကို တွေ့ရှိရပါတယ်။  ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင် ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံ့ စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရေရှည် အစီအမံ‌တွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက် လျက် ရှိပါတယ်။
သွင်းကုန်တွေ လျှော့ချနိုင်ရေးနဲ့ ပြည်တွင်း အလုပ်အကိုင်တွေ     ဖန်တီးပေးနိုင်ရေးအတွက် ပြည်တွင်းဖြစ်ကို အားပေးမှု၊ ပြည်တွင်း ကုန်ထုတ် လုပ်မှုကို အားပေးမှုတွေ အထူးလိုအပ်ပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတွင်း ဘိလပ်မြေ စက်ရုံတွေက   အမှန်တကယ်  ထုတ်လုပ်နိုင်ရင် ပြည်တွင်းဖူလုံမှုသာမက     ပိုလျှံနိုင်ပေမယ့်   ဘိလပ်မြေ   တင်သွင်းမှုဟာ ၉၅၆၈၂၅ တန် တန်ဖိုး ဒေါ်လာ ၇၃ ဒသမ ၆၁၀ သန်းရှိကြောင်း  တွေ့ရပါ တယ်။   သံနှင့်သံမဏိ တင်သွင်းမှုအနေနဲ့ ၂၀၂၁ ခုနှစ်ကာလအတွင်းမှာ ဒေါ်လာသန်း ၈၅၉ ဒသမ ၄၆ တန်ဖိုးရှိခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဘိလပ်မြေ နဲ့ သံမဏိထုတ်လုပ်နိုင်တဲ့ ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊  ဒိုလိုမိုက် စတဲ့ကုန်ကြမ်းတွေ လုံလောက်စွာ   ရှိနေပေမယ့်လည်း  စက်ရုံတွေ လည်ပတ်ဖို့ အားပေးမှု၊ ကြိုးစားအားထုတ်မှုမရှိခဲ့ တဲ့အတွက်    ပြည်ပမှ   မှာယူတင်သွင်းခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း  အလုပ်အကိုင်တွေ  ဆုံးရှုံးခဲ့ ရပါတယ်။  မိမိနိုင်ငံသားတွေ  ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ သူများနိုင်ငံ တွေမှာ အလုပ်လုပ်ကိုင်နေရတဲ့ မိမိတို့နိုင်ငံသား တွေဟာ အဲဒီနိုင်ငံတွေရဲ့ ဥပဒေနဲ့ စည်းကမ်းတွေ အတိုင်း နေထိုင်ကြရပါတယ်။ သူများအရိပ်အောက် မှာ နေရတာပါ၊ ကိုယ့်နိုင်ငံရဲ့ အရိပ်အောက်မှာ လုံခြုံစိတ်ချမ်းသာစွာ   လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်တွင်းစီးပွားရေးကို အားပေးကြဖို့ လိုပါတယ်။   ကျွန်တော်တို့အစိုးရလက်ထက်မှာ ယခင်က ရပ်ဆိုင်းထားတဲ့ သံနဲ့ သံမဏိစက်ရုံတွေကို ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်လျက် ရှိပါတယ်။    အနိမ့်ဆုံးအဆင့် အဆောက်အအုံ ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့  သံချောင်း၊ သံလုံး အဆင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားပါမယ်။ ၂၀၂၁ ခုနှစ်မှာ စားအုန်းဆီ အပါအဝင် ဆီတင်သွင်း မှုမှာ ၈၅၈၆၈၅ ဒသမ ၂၇၁ တန်(တန်ချိန် ၈ ဒသမ ၅ သိန်းကျော်ခန့်) တန်ဖိုးဒေါ်လာ ၈၆၆ ဒသမ ၇၁၁ သန်းဖြစ်ပါတယ်။    ဒါကြောင့် ပြည်တွင်း  စားသုံးဆီ ဖူလုံရေး၊   ပြည်ပမှ   တင်သွင်းမှုလျှော့ချနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ  ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါတယ်။ ကျန်းမာရေးအရ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသုံးသင့်တဲ့ဆီ ၂ ဒသမ ၂   ကျပ်သားဖြစ်ပြီး    တစ်နှစ်တာ    စားသုံးဆီ ရှစ်ပိဿာနဲ့တွက်ရင် တစ်နှစ်မှာ ကျွန်တော်တို့နိုင်ငံ အတွင်းမှာရှိတဲ့  ခန့်မှန်းလူဦးရေအရ  စားသုံးသင့် တဲ့စားသုံးဆီဟာ တန်ချိန် ၇ သိန်းမျှသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ   ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်းနဲ့ ဆီအုန်း များကနေ စားသုံးဆီများ ထုတ်လုပ်နေတဲ့အတွက် ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသင့်တဲ့ စားသုံးဆီထက် ပိုမိုစားသုံးနေတာ  တွေ့ရှိရပါတယ်။   စားသုံးဆီ အလွန်အကျွံစားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှု များ၊ ၎င်းမှ  နိုင်ငံအဆင့်ကုန်ကျမှုများ  များပြား လာမှာဖြစ်တဲ့အပြင်  တစ်ဦးချင်းရဲ့ ကျန်းမာရေး နိုင်ငံအဆင့် အမျိုးသားကျန်းမာရေးကိုပါ ထိခိုက် စေမှာဖြစ်ပါတယ်။  ဒါ့ကြောင့်  ပြည်သူလူထုရဲ့ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက် ရေးကိုရှေးရှုပြီး    ကျန်းမာရေးနဲ့    ညီညွတ်တဲ့ စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာ ပေးမှုတွေ၊   စားသောက်မှုပုံစံပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်တွေကို  လုပ်ဆောင်လျက်  ရှိပါ တယ်။
အလားတူ စက်သုံးဆီသုံးစွဲမှုကို အသိပေးလိုပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ မော်တော်ကားမျိုးစုံ တစ်သန်းကျော်ခန့်နဲ့ ဆိုင်ကယ်က ခြောက်သန်း ကျော်ခန့် ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီ တင်သွင်းခဲ့မှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။   ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ    အများသုံးသယ်ယူပို့ဆောင်ရေးစနစ် (Public Transportation)အားနည်းလို့ ပြည်သူ တွေဟာ ကိုယ်ပိုင်ယာဉ်နဲ့သာ အားကိုးသွားလာ ကြရပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ် များရဲ့ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်ပြီး  ဒီကိစ္စကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ် တွေနဲ့ ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူ လူထုအနေနဲ့လည်း  ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို    ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့်    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါ တယ်။ ဥပမာ-ဆိုင်ကယ် ၆ သန်းဟာ တစ်ရက်ကို ဆီသုံးစွဲမှု  နို့ဆီဘူးတစ်ဝက်ခန့် လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီးဟာ တစ်ရက်ကို    သုံးစွဲမှုဆီပုလင်း တစ်ဝက်လျှော့ချနိုင်ရင်      တစ်ရက်ကိုဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုး အားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျမ်းမျှဈေးနဲ့ တွက်ကြည့်ရင် တစ်ရက်ကိုငွေကျပ် ၁ ဒသမ ၅ ဘီလီယံအထိ   လျှော့ချနိုင်မှာဖြစ်ပါတယ်။   ဒီလို ဖြစ်လာဖို့    ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ တယ်။
ပြည်သူတွေရဲ့  လူမှုစီးပွားဘဝနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်   လျှပ်စစ်ဓာတ်အား   ရရှိ ထုတ်လုပ်နိုင်မှုဟာ များစွာအထောက်အကူပြုပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝအရင်းအမြစ် တွေဖြစ်တဲ့ ရေ၊ နေနဲ့ လေ စွမ်းအားတွေ ရှိပြီး ဖြစ်ပါတယ်။     ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဟာကြီးမားပြီး      ကုန်ကျစရိတ်တန်ဖိုးတွေကို တိကျစွာတွက်ချက်နိုင်သော်လည်း     ပြန်လည် ရရှိမယ့် အကျိုးအမြတ်ကတော့ တန်ဖိုးဖြတ်၍ မရအောင် ကြီးမားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိုးများတဲ့ဒေသတွေမှအပ ကျန်နိုင်ငံတစ်ဝန်းလုံး မှာ နေသာတဲ့ရက်ဟာ တစ်နှစ်မှာ ရက်ပေါင်း ၂၀၀ မှ ၂၅၀ အထိရှိပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး      စက်ရုံတွေ လုံလောက်စွာ တည်ဆောက်ရေးဆောင်ရွက်နိုင် မယ်ဆိုရင် နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် တွေကို      ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ နေ‌ရောင်ခြည်သုံး    ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီး မြှုပ်နှံမှုတွေ ကြီးမားသော်လည်း တည်ဆောက်မှု အချိန်ကာလဟာ နည်းပါးပြီး နောက်ပိုင်းမှာတော့ ကုန်ကျစရိတ်သက်သာတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ရေအား၊ နေရာင်ခြည်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှုတွေကို ပိုမိုတွင်ကျယ် စွာ ဆောင်ရွက်နိုင်မယ်ဆိုရင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မှုနဲ့    လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးသည့် LED စနစ်သုံး လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် ကျွန်တော်တို့ ပြည်ပ ကနေ မှာယူသုံးစွဲနေရတဲ့ စက်သုံးဆီလိုအပ်ချက် တွေအပေါ်မှာလည်း လျော့နည်းသွားစေမှာ ဖြစ်ပါ တယ်။ 
ကမ္ဘာ့ကပ်ရောဂါ    ကိုဗစ်-၁၉  ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှု တွေရှိပါတယ်။       ကျွန်တော်တို့နိုင်ငံအနေဖြင့် ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ်    ကုစားရေးအတွက် ကျပ် ဘီလီယံ ၂၀၀ နှင့် ထူထောင်ထားတဲ့ ကိုဗစ်-၁၉ ရန်ပုံငွေမှ   ချေးငွေထုတ်ပေးထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို   ဒုတိယအကြိမ်    နောက်ထပ် ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ပေးပြီးဖြစ်တဲ့ အတွက် စုစုပေါင်းသက်တမ်း တစ်နှစ်တိုး ပေးခဲ့ပါ တယ်။
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း    အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုလျော့နည်း လျက်ရှိသော်လည်း   စိုက်ပျိုး/မွေးမြူရေးကဲ့သို့ စားဝတ်နေရေးကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်း တွေမှာ  ပိုမိုအရေးပါလျက်ရှိတာကို  တွေ့ရှိရပါ တယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး/မွေးမြူရေး ကို အခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုး/မွေးမြူ ရေးနဲ့ပတ်သက်ပြီး     စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကျေးလက်နေပြည်သူလူထု ၇၀  ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထွက်နှုန်းတိုးစေဖို့ လိုအပ်ချက် တွေဖြစ်တဲ့ “မျိုး၊ မြေ၊ ရေ၊ နည်း”ဆိုတဲ့ မျိုးကောင်း မျိုးသန့်တွေရရှိဖို့၊ သဘာဝမြေဩဇာ၊ ဓာတ်မြေ ဩဇာတွေ ပေါင်းစပ်ပြီး ကောင်းမွန်တဲ့ စိုက်ပျိုး မြေများ ဖော်ထုတ်ပေးတာတွေ၊ စိုက်ပျိုးရေရရှိစေ ဖို့ ဆောင်ရွက်ပေးမှုနဲ့ ကောင်းမွန်တဲ့ စိုက်နည်း  စနစ်တွေရရှိစေဖို့    ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံအနေနဲ့ ဒေသတွင်း စားနပ်ရိက္ခာဖူလုံနိုင်ရေးနဲ့ ပြည်ပကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ရေး  အလေးထားဆောင်ရွက်လျက် ရှိပါတယ်။      စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စနစ်တကျခေတ်မီစေဖို့ အရေးပါတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပေါ်ထွက် လာရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးကျောင်းတွေကို သိပ္ပံ ကောလိပ်အဆင့်တိုးမြှင့်ဖို့ ဆောင်ရွက်လျက် ရှိပါ တယ်။
ယခုရက်ပိုင်းအတွင်း နေပြည်တော်မှာ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ပြုလုပ်တဲ့  မွေးမြူရေးတိရစ္ဆာန်  ပြပွဲ၊ ပြိုင်ပွဲမှာ နိုင်ငံအရပ်ရပ်က   ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊  နိုင်ငံခြားမျိုးများအထဲမှာ  ဒေသ ပြည်တွင်း   မျိုးကောင်းများကို   တွေ့ရပါတယ်။ နွေရာသီအစာရှားပါးတဲ့အချိန်မှာ  နှံစားပြောင်း၊ အဖူးစားပြောင်း၊ မြက်၊ ကောက်ရိုးများ စတဲ့ ဒေသ ထွက်ကုန်များနဲ့  တိရစ္ဆာန်အစာ  ကောင်းမွန်စွာ ထုတ်ပေးနိုင်ကြောင်း တွေ့ရတဲ့အတွက် ကျယ်ပြန့် စွာ  ဆောင်ရွက်သွားမယ်ဆိုရင်  တောင်သူများ အတွက်   အကျိုးများစွာရှိပါတယ်။   စနစ်တကျ ကျွေးမွေးပြီး မွေးမြူမယ်ဆိုရင် တိုင်းပြည်အတွက် များစွာအကျိုးဖြစ်တာမို့    ခေတ်မီမွေးမြူရေး ပညာရှင်များ မွေးထုတ်ဆောင်ရွက်ရန် ကြိုးစားဖို့ လိုကြောင်း ဖြည့်စွက်ပြောလိုပါတယ်။
မြန်မာနိုင်ငံမှာ   လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူ တွေဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့  ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေဖို့ အတွက်  ထိရောက်တဲ့နည်းလမ်းတွေ အသုံးပြုပြီး  ဒေသတစ်ခုနဲ့တစ်ခု၊       ဒေသတွင်းကွာခြားမှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။ 
ပြည်တွင်းဖြစ်အားပေးမှုအနေနဲ့  ပြည်တွင်း ထုတ်ကုန်တွေအားပေးဖို့နဲ့   ပြည်တွင်းထုတ်လုပ် နိုင်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပကလျှော့ချတင်သွင်း နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ  ပြန်လည်ဖွင့်လှစ်ပေးမှု၊ ဖြေလျှော့ရေးအစီအစဉ် တွေအရ ပြည်ပမှကုန်ကြမ်းတွေ တင်သွင်းခွင့်နဲ့ ပြည်တွင်းမှာ  ပြုပြင်တပ်ဆင်ထုတ်လုပ်ထားတဲ့ ကုန်ချောပစ္စည်းတွေကို   လွယ်ကူစွာတင်ပို့နိုင်ဖို့ ပို့ကုန်လိုင်စင်လျှောက်ထားဖို့မလိုဘဲ တင်ပို့ခွင့်ပြု ခြင်း၊ ရေကြောင်းကြန့်ကြာမှုရှိခြင်းကြောင့် နယ်စပ် ဒေသရှိ ကုန်သွယ်ရေးစခန်းတွေမှ တင်သွင်းခွင့် ဖြေလျှော့ခွင့်ပြုထားသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ(၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၅၅၂ ဒသမ ၃၉၆ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ခွင့်ပြုပြီး လုပ်ငန်းများ အနေနဲ့ ကဏ္ဍ‌ပေါင်း(၁၂)ခုမှ လုပ်ငန်းပေါင်း ၃၇ ခု အတွက်ကို ကျပ်သန်းပေါင်း ၃၃၂၉၆၆ ဒသမ ၃၈၀ သန်း ခွင့်ပြုပြီးဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
ဆက်လက်ပြီး   လူမှုရေးဆိုင်ရာကိစ္စရပ်တွေကို  တင်ပြလိုပါတယ်-
တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီ ဘာသာ၊ သာသနာဆုတ်ယုတ်မှုအနေနဲ့ အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကဲ့သို့ ဘာသာ၊ သာသနာရေးနဲ့ ပရဟိတ တွဲဖက် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို အကြောင်းအမျိုးမျိုး ပြပြီး ဖျက်သိမ်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြပြီး  ဘုရားပုထိုးတွေ  ဖူးမြော်ခွင့်နဲ့ ဘာသာရေးအဆောက်အအုံအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့်တွေကို   ပိတ်ပင်ခဲ့ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြောင့်  နိုင်ငံ့စီးပွားရေး  ကျဆင်း သယောင်ကိုလည်း ဝါဒဖြန့်ခဲ့ပါတယ်။      
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တွေဟာ    P စာမျက်နှာ ၆ မှ
National Treasure တွေ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ကာလ များမှာ မြန်မာ့ယဉ်ကျေးမှုအကကို ဖက်စပ်ဖန်တီးမှု တွေကြောင့် ဖက်စပ်အကတွေ  ခေတ်စားလာရပြီး   မြန်မာ့ယဉ်ကျေးမှုအတွက်   စိုးရိမ်ရေမှတ်အနေ အထားထိ ဖြစ်လာပါတယ်။ 
ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအက ကခဲ့ ရတဲ့အထိ   ဘာသာရေးနဲ့  ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မွန်မြတ် လှသော အလေ့အကျင့်တွေအပေါ် Online Media  တွေ အသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်တွေကို ဖျက်ဆီးခံခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ   ဗုဒ္ဓဘာသာအများစု ဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းခန့် ကိုးကွယ်မှု ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ကာလမှာ ကျောင်းသားလူငယ်တွေထဲ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး   ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေကို ကန့်သတ်မှုတွေပြုလုပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကို   ထိခိုက်ပွန်းပဲ့စေတဲ့ Sex Education သင်ခန်းစာတွေကို ထည့်သွင်းသင်ကြား စေခဲ့တာတွေ့ရပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးယှက်တင် မဖြစ်စေရန်လိုသလို ကိုယ့် ဘာသာသာသနာ သန့်ရှင်းတည်တံ့ပြီး ထွန်းလင်း တောက်ပစေဖို့လည်း စည်းကမ်းတကျ လုပ်ဆောင် ရမှာဖြစ်ပါတယ်။   သမိုင်းအမှန်ကို ဖုံးကွယ်ပြီး လူငယ်ထုအတွင်း တပ်မတော်ကို အမုန်းရန်ပွား များစေဖို့  နားယောင်ထိုးသွင်း လှုံ့ဆော်ခြင်းတွေ ဆောင်ရွက်စေခဲ့တဲ့အထိ  နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်အောင် စိမ့်ဝင်စေခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်း ပြီးနောက်အခြေအနေ
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်း ပြီးနောက်   ကိုဗစ်-၁၉ ရောဂါ အကြောင်းပြပြီး ပိတ်ထားခဲ့တဲ့ ဗုဒ္ဓဘာသာဘုရားစေတီတွေ အပါ အဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အအုံတွေမှာ ဘုရားဝတ်ပြုခြင်း၊ ကြည်ညို ခြင်းတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ကစပြီး ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းတွေ နဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တိုးတက်လာ တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး လူအများ စုဝေးခွင့်၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ စည်းကမ်းနဲ့ အညီ ပြုလုပ်ခွင့်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အုပ်စုတွေ ဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုခြင်းခံနေရသူတွေ ကို လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့       နိုင်ငံတော် တည်ဆောက်ရေးမှာ     ပါဝင်နိုင်စေဖို့အတွက် အခါကြီးရက်ကြီးတွေဖြစ်တဲ့ ၁၂-၂-၂၀၂၁ ရက် ပြည်ထောင်စုနေ့မှာ အကျဉ်းသား၊ အကျဉ်းသူ ၂၃,၃၆၉ ဦး၊ ၁၇-၄-၂၀၂၁ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ၂၃၁၈၄ ဦး၊ ၁၈-၁၀-၂၀၂၁ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ၁၃၁၆ ဦး၊ ၂၀-၁၁-၂၀၂၁ ရက်နေ့မှာ ၁၀ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၄၇၈၇၉ ဦးကို  ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သင့်လျော်တဲ့ နေ့ရက် များမှာ နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးများ မထိခိုက်နိုင်တဲ့ သူများကိုလည်း သင့်လျော်သလို ဆောင်ရွက်ပေးသွားပါမယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့  (၇၅) နှစ်ပြည့်    စိန်ရတု ပြည်ထောင်စုနေ့ပဲ ဖြစ်ပါတယ်။ (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို          ကြိုဆိုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေ နဲ့ (၁) ပြည်ထောင်စုစိတ်ဓာတ်  ရှင်သန်ခိုင်မာစေ ရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် (၇၅)နှစ် ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းရင်းသား အားလုံးအတွက် တခမ်းတနား ကျင်းပဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့   ပြည်ထောင်စု စိတ်ဓာတ်       ပိုမိုရှင်သန်ထက်မြက်ဖို့အတွက် လုပ်ဆောင်မယ့်    လုပ်ငန်းရပ်တွေချမှတ်ခြင်း၊ တိုင်းရင်းသားတွေပါဝင်တဲ့ ဖော်ဆောင်ရေး အဖွဲ့ တွေ  ဖွဲ့စည်းခြင်းနဲ့    လက်တွေ့လုပ်ငန်းရပ်တွေ ဆောင်ရွက်ခြင်းဆိုတဲ့ အဆင့် (၃)ဆင့်ကို အဆင့်လိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို  ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနဖွဲ့စည်းပြီး တိုင်းရင်းသားလူမျိုးအပေါင်း တို့ရဲ့ ဓလေ့ထုံးတမ်း  အစဉ်အလာတွေကို  အလေး ထားလိုက်နာပြီး    အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာတွေ  မပျောက်ပျက်အောင်  ထိန်းသိမ်း စောင့်ရှောက်ဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေအရ နိုင်ငံတော် တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေ တွေကို ထပ်မံတင်ပြလိုပါတယ်-
-    ရှေ့ပိုင်းမှာ   နိုင်ငံတော်ရဲ့  လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ရှေ့ဆက်လက် လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါတယ်။
-    မိမိတို့အစိုးရအနေနဲ့ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်ရယူထားချိန်မှာ တာဝန်တွေကို စွမ်းအားရှိသမျှ ထမ်းဆောင် ခဲ့သော်လည်း ပြည်တွင်း/ ပြည်ပ နှောင့်ယှက် ဟန့်တားမှုတွေ ရှိခဲ့ပါတယ်။
မိဘပြည်သူများခင်ဗျား-
-    လူတစ်ဦးချင်းစီ၏ လူ့အခွင့်ရေးမှာ လူလူချင်း လေးစားခြင်း၊ တန်ဖိုးထားခြင်းဟာ အရေး အကြီးဆုံးအချက် ဖြစ်ပါတယ်။  နိုင်ငံရှိမှ လည်း နိုင်ငံသားတို့ရဲ့ရပိုင်ခွင့်ကို တောင်းဆို နိုင်ပါတယ်။
-    နိုင်ငံပျက်သုဉ်းသွားသော်လည်းပဲ နိုင်ငံသား တစ်ဦးချင်းရဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်တဲ့ နမူနာမျိုး ကမ္ဘာမှာ မရှိသေးပါဘူး။ အဖျက်၊ အမှောင့်၊ အနှောင့်အယှက်များ ကင်းဝေးမှ သာ နိုင်ငံသားအခွင့်အရေးကို တောင်းဆို နိုင်မှာပါ။
-    အများအကျိုးထက်   လူတစ်ဦးတစ်ယောက် အကျိုး ဖော်ဆောင်ဦးစားပေးရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ     ဒီမိုကရေစီအတွက်  သူတော်ကောင်း ဟန်ဆောင်ခြင်းသာ ဖြစ်ပါ တယ်။
-    နိုင်ငံတော်ကို လက်မခံတဲ့ ရည်ရွယ်ချက်၊ လုပ်ရပ်၊ လုပ်ဆောင်ချက်တို့ဟာ နိုင်ငံတော် အတွက် တာဝန်သိသိ လုပ်ဆောင်နေတဲ့ နိုင်ငံသားများကိုလည်း လက်မခံတဲ့သဘော ဖြစ်ပါတယ်။
-    နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့်       ပြည်သူလူထုကိုကာကွယ်ရန်၊   အမြင့်ဆုံး အဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန် ဖြစ်တဲ့  ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ် ရန်ဖြစ်ပြီး ကျွန်တော်တို့ တပ်မတော်သားများ ဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘော မဟုတ်ဘဲ အများအကျိုးအတွက် ကာကွယ် ရေးတာဝန်ထမ်းဆောင်နေခြင်း  ဖြစ်ပါတယ်။
-    နိုင်ငံမငြိမ်မသက်ဖြစ်ခြင်းရဲ့ အကျိုးဆက် များဟာ  ကမ္ဘာတစ်ဝန်းမှာ  နမူနာပေါင်း များစွာရှိနေပါတယ်။
-    တပ်မတော်ဟာ  ကိုယ်ကျိုးရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိနေသော အဖွဲ့အစည်း မဟုတ်ပါဘူး၊ ပြည်ထောင်စု တိုင်းရင်းသားအားလုံးကို အကာအကွယ် ပေးဖို့ တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက်    နိုင်ငံ့ကာကွယ်ရေး တာဝန်များကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည် မသုန် ဆောင်ရွက်ခဲ့သလို ယခု ၁၀ နှစ်အတွင်း မှာလည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း     ပီပြင်ခိုင်မာရေးအတွက် တတ်စွမ်းသလောက် သစ္စာရှိရှိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ် အတိုင်း   ကတိတည်စွာနဲ့  ဆောင်ရွက်သွား မယ်ဆိုတာ ပြောလိုပါတယ်။ 
-    ဖြစ်ပေါ်နေတဲ့  အခြေအနေတွေကို  ခြုံငုံ သုံးသပ်ကြည့်ပါက    ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကို အားပေး နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့လိုလား ချက်မှာ   ဒီမိုကရေစီထက်   မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါ တယ်။ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူ များကို ကာကွယ်ရန်ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရ ပါဘူး။ ဒါကြောင့် အချို့နေရာများမှာ စွန့်စား ပြီး ပေးဆပ်ကာကွယ်ရခြင်းဖြစ်ပါတယ်။
-    လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး   အချို့တို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေ ရှိနေပါတယ်။ နိုင်ငံအတွင်း မြို့နယ်အချို့မှာ ရပ်ကွက်နဲ့    ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားဖို့  ရှိနေပါသေးတယ်။
-    လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ဖို့အတွက် ရှေ့ဆက်လက်ဆောင် ရွက်မယ့်လုပ်ငန်းတွေ ကျန်ရှိနေပါသေးတယ်။ 
-    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၄၂၅   အရ နိုင်ငံတော်ကို   နိုင်ငံရေးအရ   အရေးပေါ် ကာလ နောက်ထပ် ခြောက်လတိုးမြှင့်သွားမှာဖြစ်ပါတယ်။     အဲ့ဒီကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ ဘဝလုံခြုံရေးနဲ့  ငြိမ်းချမ်းရေးကိစ္စတွေကို အထူးဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူ တစ်ရပ်လုံးက   ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ်တဲ့     “စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်”လမ်းကြောင်းမှန်ကို ပြန်လည်ရောက် ရှိလာမှာ ဖြစ်ပါတယ်။
-    မြန်မာ့ဂုဏ်ကို အားလုံးကမြှင့်တင်ဖို့ လိုအပ် မှာ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
-    တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါ တယ်။   ပြည်တွင်းအားကိုပဲ  ကျွန်တော် ယုံကြည်အားကိုးပါတယ်။ 
-    နိုင်ငံရဲ့ ပကတိအခြေအနေအရ ပြည်ပအကူ အညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်း အားနဲ့ လုပ်ဆောင်နိုင်တာများရှိပါတယ်။
-    နံပါတ်(၁)အနေနဲ့ ပြည်တွင်းအားနဲ့ ပြည်တွင်း စီးပွားရေး     တိုးတက်မြှင့်တင်ပါမယ်။ ကျွန်တော်တို့  တိုင်းပြည်မှာ သဘာဝအရင်း အမြစ်များ၊ လူသားအရင်းအမြစ် များစွာ ရှိပါတယ်။   ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ    ပြည်ပသွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူ ပြည်သားများရဲ့ လူမှု စီးပွားတိုးတက်မှု     အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
-    နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာ အားရှိအောင်  ဆောင်ရွက်ပါမယ်။   ဒီမို ကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင်      နိုင်ငံရေးအား မကောင်းစရာ မရှိပါဘူး။
-    နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများ အားလုံးပါဝင်တဲ့   ကာကွယ်ရေးစွမ်းအား လုပ်ဆောင်ရန် ဖြစ်ပါတယ်။  ကျွန်တော်တို့ အားလုံး   ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ညီညွတ်တဲ့ အင်အားနဲ့  နိုင်ငံတော်ကို  ခေတ်မီပြီး  စွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ်ရေး စွမ်းအား တည်ဆောက်သွားပါမယ်။ 
-    တိုင်းရင်းသားမိဘပြည်သူအားလုံး    စဉ်းစား ဆင်ခြင်ပြီး       ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့-
-    နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ကို အစွမ်းကုန်ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
-    နိုင်ငံတော်ထာဝရ အဓွန့်ရှည်တည်တံ့ရေးနဲ့ နိုင်ငံသားများနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များဟာ ကျွန်တော်တို့တပ်မတော် အတွက် အကြီးမားဆုံးတာဝန်ဖြစ်ကြောင်း ခံယူထားပါတယ်။
-    “စစ်မှန်စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမို ကရေစီစနစ်”နဲ့ “ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့်       ပြည်ထောင်စု တည်ဆောက်ရေး”ကို အာမခံပါတယ်။
-    ကတိကဝတ်များအတိုင်း  ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ တစ်ရပ်လုံးက နိုင်ငံတော်၊ ပြည်သူလူထုတို့ရဲ့ ကောင်းသောအနာဂတ် ဖြစ်လာစေဖို့ ဝိုင်းဝန်း  ကူညီကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
-    တိုင်းရင်းသားပြည်သူအားလုံး   ကျန်းမာ ရွှင်လန်းကြပါစေကြောင်း ထပ်မံဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။            
-    ကျေးဇူးတင်ပါတယ်။