နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ နည်းပြအရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

 

 နိုင်ငံတော်၏အကျိုး၊   တပ်မတော်၏အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် 
အခက်အခဲအမျိုးမျိုးတို့အား အောင်မြင်စွာ  ရင်ဆိုင်ကျော်လွှားသွားကြရမည်

 

နေပြည်တော်    ဧပြီ    ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်     ယနေ့မွန်းလွဲပိုင်းတွင်     ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊  အရာရှိ၊  စစ်သည်၊ မိသားစုများအား  တပ်မတော်(ကြည်း)   တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍  အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ  ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့်   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ    တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်  ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ တက်ရောက်ကြသည်။              
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာ၌ သင်ကြားလေ့ကျင့်ပေးနေသည့်  နည်းပြအရာရှိများ အနေဖြင့်   လေ့ကျင့်သင်ကြားပေးသော    စစ်ဘက် ဆိုင်ရာ   အသိပညာ၊   အတတ်ပညာများကိုလည်း ကိုယ်တိုင်ကျွမ်းကျင်ပိုင်နိုင်စွာ    တတ်မြောက်ရန် လိုကြောင်း၊      လုပ်ငန်းတာဝန်နှင့်   ဖွဲ့စည်းပုံအရ လက်မောင်းအမှတ်တံဆိပ်များ    ကွာခြားမှုရှိသော် လည်း သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆို၍ တူညီသော ဦးတည်ချက်များဖြင့်  နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို    ထမ်းဆောင်နေကြရသူများဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်  ပေးအပ်သည့် အမိန့်နှင့် တာဝန်ကို အကောင်အထည်ဖော်ရာ၌ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊   မိမိတို့စည်းရုံး ရေးနယ်မြေအလိုက် အေးချမ်းစွာ နေထိုင်လိုကြသည့် တိုင်းရင်းသားပြည်သူများ၏      အသက်အိုးအိမ် စည်းစိမ်များကိုလည်း   ကာကွယ်စောင့်ရှောက်ပေးကြ ရန်လိုကြောင်း၊    ၎င်းအပြင်     မိသားစုဝင်များ၏ စားဝတ်နေရေးနှင့်    သွားလာရေး၊   ကျန်းမာရေးနှင့် ပညာရေးတို့ကိုလည်း  တာဝန်ရှိသူများက   မိသားစု စိတ်ဖြင့် စောင့်ရှောက်ပေးရန်လိုကြောင်း။
ပန်းခင်းစီမံချက်ဆောင်ရွက်လျက်ရှိ
 နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် တပ်မတော်ကို မဏ္ဍိုင်ပြု၍   ပြည်သူတစ်ရပ်လုံးပါဝင် သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သဖြင့်   ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကျင့်ကြံသွား ရန် လိုကြောင်း၊  ၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလ  ၁ ရက် နေ့နောက်ပိုင်း   အရေးပေါ်ကာလအတွင်း  အမျိုးမျိုး သော စိန်ခေါ်မှု၊    ခြိမ်းခြောက်မှု၊    နှောင့်ယှက်မှုများကို အေးချမ်းစွာ နေထိုင်လိုသော     ပြည်သူများ၊  သစ္စာရှိ ဝန်ထမ်းများ၊     လုံခြုံရေးတပ်ဖွဲ့ဝင်များ၏     စုပေါင်း ညီညာသော      စုစည်းညီညွတ်သည့်အင်အားဖြင့်  ဖြတ်ကျော်နိုင်ခဲ့ကြောင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်  ချမှတ်၍  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် များ ဖော်ဆောင်မှုတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်     အဓိကဆန္ဒမဲ ပေးခွင့်ရှိသူ တိုင်း       နိုင်ငံသားစိစစ်ရေးကတ်ရှိစေရေး     ပန်းခင်း စီမံချက် ဆောင်ရွက်လျက်ရှိရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင်    အရေးကြီးလိုအပ်ချက်များကို လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း။ 
အလားတူ  နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံ အတွင်း တိုင်းပြည်သာယာဝပြောရေးနှင့်    စား၊  ရေ၊  ရိက္ခာဖူလုံရေးအတွက်   ကြိုးပမ်းဆောင်ရွက်နေမှု အပေါ်   နည်းမျိုးစုံ   ဖျက်လိုဖျက်ဆီးလုပ်လိုသည့် အကြမ်းဖက် သမားများ၏ အန္တရာယ်များကိုလည်း   လုံခြုံရေးအသိဖြင့်      စောင့်ကြည့်ဖော်ထုတ်ရှင်းလင်း နေရန် လိုကြောင်း၊  ၎င်းအပြင် နိုင်ငံတော်အတွက်  အနာဂတ် မျိုးဆက်သစ်၊     လူ့စွမ်းအားအရင်းအမြစ်များ    ပိုမို ပေါ်ထွက်လာစေရေးအတွက်လည်း      ကျောင်းနေ အရွယ်ကလေးတိုင်း  အနည်းဆုံး KG+9 အထိ မသင် မနေရ  တန်းစဉ်အလိုက်  ကူးပြောင်းနိုင်ရေး  ရည်မှန်း ချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊   KG+9 အောင်မြင်မှသာ Vocational Training မှတစ်ဆင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့   ကူးပြောင်းလုပ်ငန်း တာဝန်ထမ်းဆောင်နိုင်ခွင့်     ရရှိမှာဖြစ်၍    မိမိတို့ မိသားစုများ၏ မှီခိုကလေးများကိုလည်း   နိုင်ငံတော် ၏ မူဝါဒနှင့်အညီ  မဖြစ်မနေ  ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာတပ်များမှ   တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ်    ကြည့်ရှုစောင့်ရှောက်၍ အနိမ့်ဆုံး အဆင့်ထိ တန်းစဉ်ကူးပြောင်း မပျက်မကွက် ရောက် ရှိစေရေး ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။ 
ကြိုးပမ်းဆောင်ရွက်
တစ်ဖက်ကလည်း     နိုင်ငံတော်၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်(HR)      ဖြစ်လာမည့်၊    အနာဂတ်၏ ခေါင်းဆောင်များ၊   လူငယ်လူရွယ်များ၏   တန်းစဉ်  ကူးပြောင်းနိုင်ရေး စာမေးပွဲဖြေဆိုမှုအပေါ်  ယုတ်မာသောလုပ်ရပ်အဖြစ်      အကြမ်းဖက်သမား များက  ကျောင်းပတ်ဝန်းကျင်အတွင်း/အပြင်တို့၌  လုံခြုံရေးတပ်ဖွဲ့များ၏  အလစ်အငိုက်တွင်   လက်ပစ် ဗုံးဖြင့် ပစ်ပေါက်ခြင်း၊  ချိန်ကိုက်မိုင်း၊  အဝေးထိန်း ကြီးကြပ်မိုင်းများဖြင့်ဖောက်ခွဲ၍  စာမေးပွဲအခန်းသို့ ကြောက်ရွံ့ပြီး မလာရဲအောင်   ခြိမ်းခြောက်အကြမ်း ဖက်မှုများကိုလည်း     တွေ့နေရကြောင်း၊   အလားတူ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့်   မိမိတို့နိုင်ငံ အတွင်း   သာသနာ့တာဝန်ထမ်းဆောင်နေကြသည့်    သံဃာတော်များကိုလည်း   အကြောင်းမဲ့  ရက်ရက် စက်စက် သတ်ဖြတ်ခြင်းများအထိ  ဆိုးရွားရက်စက် ယုတ်မာသည့်      အကြမ်းဖက်လုပ်ရပ်များသည်     မည်သည့်ရည်ရွယ်ချက်ဖြင့်        လုပ်နေသည်ကို   နားလည်၍မရပါကြောင်း၊ မိမိဆန္ဒနှင့်  မကိုက်ညီ၍   မကျေနပ်ပါက   အဆိုပါအဖွဲ့အစည်း၊   လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ် တိုက်ခိုက်အကြမ်းဖက်ခြင်းသည် အဓိပ္ပာယ်ရှိကောင်း ရှိမည်ဖြစ်သော်လည်း   တရားမဲ့  လက်နက်မဲ့   မသက်ဆိုင်သူများ၊   အဖွဲ့အစည်းများနှင့်   လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည်     လူသားမဆန် သော     ပြစ်မှုကျူးလွန်မှုပင်ဖြစ်ပါကြောင်း၊    အဆိုပါ   တရားမဲ့ အကြမ်းဖက်မှုများကို   လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား     နိုင်ငံတော်အစိုးရ၊   လုံခြုံရေးတပ်ဖွဲ့ဝင်များ၊          နိုင်ငံ့ဝန်ထမ်းများ၊   တိုင်းရင်းသားပြည်သူများနှင့်အတူ  လက်တွဲပူးပေါင်း ၍      ဆက်လက်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများလိုလားသည့်    လွတ်လပ်၍    တရားမျှတ သော  ရွေးကောက်ပွဲ   အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များ သည် မည်သည့်အချိန်ကာလတွင်မဆို အရေးကြီး သော နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို တစ်စိတ် တစ်ပိုင်း     ပါဝင်ထမ်းဆောင်နေကြရသူများဖြစ်၍ အဆိုပါတာဝန်များကို သစ္စာရှိရှိ  တာဝန်ကျေပွန်စွာ  ထမ်းဆောင်နိုင်ရေး       တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်    ကျန်းမာကြံ့ခိုင်စေရန် တစ်ဦးချင်း မိမိကိုယ်ကို   ထိန်းသိမ်းစောင့်ရှောက်သွား ရန်လိုကြောင်း၊    ကျန်းမာကြံ့ခိုင်မှသာ ပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်စွာ  ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊    နိုင်ငံတော်၏အကျိုး၊   တပ်မတော်၏ အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက်အခဲအမျိုးမျိုးတို့အား  အောင်မြင်စွာ  ရင်ဆိုင် ကျော်လွှားသွားကြရမည်ဖြစ်ကြောင်းဖြင့်  ပြောကြား ပြီး   တက်ရောက်လာကြသည့်   အရာရှိ၊   စစ်သည်၊ မိသားစုများ၏   တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်     ပေါင်းစပ်ညှိနှိုင်း    ဖြေရှင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  တပ်နယ်မှ နည်းပြ အရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ကျောင်းအုပ် ကြီးက   လက်ခံရယူသည်။   ထို့အတူ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ၏ဇနီး ဒေါ်သန်းသန်းနွယ်က          မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက်    ထောက်ပံ့ ငွေများကို    ပေးအပ်ရာ   ကျောင်းအုပ်ကြီး၏ဇနီးက လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  အောင်ဇော်အေးက   ဒေသထွက် စားသောက်ဖွယ်ရာများကို   ပေးအပ်ရာ   တာဝန်ရှိသူ တစ်ဦးကလည်းကောင်း   လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။        
          သတင်းစဉ်