
လွိုင်ကော် ဇန်နဝါရီ ၁၄
ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက် မည့် (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင် ဇေယျ၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ သည် ယနေ့ နံနက် ၉ နာရီ တွင် ဘားအံမြို့ ပြည်နယ် အားကစားကွင်းအတွင်း မီတာ (၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့ကို ဖွင့်လှစ် ပေးကြသည်။
ဝိုင်းဝန်းထိန်းသိမ်းပေးရန်လို
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာ တွင် ပြည်နယ်အတွင်းရှိ ဒေသခံ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင် ရေး၊ ပညာရည်မြင့်မားစေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေ ရေး၊ ပြေးခုန်ပစ် အားကစား အဆင့်အတန်း မြင့်မားလာစေရေး နှင့် မျိုးဆက်သစ်အားကစားသမား များ ပေါ်ထွန်းလာစေရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်မှသည် အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံ တကာပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရေးတို့ကို ရည်ရွယ် ပြီး ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံ မှ ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိရာ အားကစားကဏ္ဍကို လည်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ပေးထားသော မီတာ(၄၀၀) Synthetic ပြေးလမ်း ပါ အဆင့်မြင့် အားကစားကွင်းကြီး ကို ဌာနဆိုင်ရာများ၊ မိဘပြည်သူ များ၊ အားကစားဝါသနာရှင်များက ဆက်လက်၍ ဝိုင်းဝန်းထိန်းသိမ်း ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် မီတာ (၄၀၀)Synthetic ပြေးလမ်းအား နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစား သမားများနှင့်အတူ မှတ်တမ်း တင် ဓာတ်ပုံရိုက်ပြီး မီတာ ၄၀၀ ပြေးလမ်းနှင့် အားကစားကွင်းကို ကြည့်ရှုကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများ ဖျော်ဖြေတင်ဆက် သော ပန်းပွားအကနှင့် Fitness Dance သရုပ်ပြဖျော်ဖြေမှုများ၊ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြုလုပ် နေမှုများကို ကြည့်ရှုအားပေးကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ဆုရအားကစား သမားများနှင့် အကသရုပ်ပြ အဖွဲ့တို့ကို ဂုဏ်ပြုဆုများချီးမြှင့် ကြသည်။
လှည့်လည် ကြည့်ရှု
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့က ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစား ခန်းမကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး အားကစားခန်းမအတွင်း ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားပစ္စည်းများ သရုပ်ပြ အသုံးပြုနေမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရှိရ သည်။
ပြည်နယ်(ပြန်/ဆက်)