နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား   ဇန်နဝါရီ    ၁၁


မြစ်ကြီးနားမြို့    မန်ခိန်ရပ်ကွက်၌      တည်ဆောက်ပြီးစီးသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန  ပြည်နယ် ညွှန်ကြားရေးမှူးရုံးသစ်  အဆောက်အအုံ ဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင်   အဆိုပါ အဆောက်အအုံ၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  Jeng Phang  နော်တောင်၊      ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊           ဦးရွှေကြိမ်းနှင့်     ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ    ရုံးသစ်အဆောက်အအုံကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များ၊     ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကောင်စီ အဖွဲ့ဝင်    Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး     ဦးစောထွန်း အောင်မြင့်နှင့်    ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ရုံးအသစ်ဆိုင်းဘုတ် ကို   စက်ခလုတ်နှိပ်    ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ    ပက်ဖျန်းပေးကြ သည်။
ထို့နောက်   ရုံးသစ်အဆောက်အအုံ အတွင်း      ခင်းကျင်းပြသထားသည့် တိုင်းရင်းသားစာပေ  စာအုပ်စာ‌စောင် များ၊    တိုင်းရင်းသားများ  အခွင့်အရေး အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေစာအုပ် များကို လှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်ကျင်းပ


ယင်းနောက်    ရုံးဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို       ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ပြည်ထောင်စုဝန်ကြီး      ဦးစောထွန်း အောင်မြင့်တို့က အမှာစကားပြောကြား ကြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးသစ် ဖွင့်ပွဲအထိမ်းအမှတ်     အလံများကို ဧည့်သည်တော်များထံ ပေးအပ်သည်။


ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်   မနောကွင်းအတွင်း   မနော အိမ်တော်၌  ပြည်နယ်အတွင်းရှိ  ကချင် တိုင်းရင်းသားများ၊  ရှမ်းတိုင်းရင်းသား များနှင့်    ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှုတ်ခွန်းဆက်စကားများ  ပြောကြားကြ သည်။ 


ယင်းနောက် တိုင်းရင်းသားအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်    ယဉ်ကျေးမှု အသင်းအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ ငွေများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ  ဦးလနူးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး           စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မဂျွယ်ခန်းမ၌ တိုင်းရင်းသား စာပေနှင့်     ယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့်အတူ ကောက်သစ်စားပွဲ     အခမ်းအနားသို့ တက်ရောက်ပြီး နေ့လယ်စာကို အတူ တကွ သုံးဆောင်ကြသည်။


ထိုမှတစ်ဆင့်  မြစ်ကြီးနားမြို့ ဧရာ  ရပ်ကွက်ရှိ  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန၊  အမှတ်(၁)နှင့် (၂) နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ    ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မြစ်ကြီးနား)မှ   ဝန်ထမ်းများ၊ ကျောင်းသား      ကျောင်းသူများနှင့်      တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဝန်ကြီး ဌာနအောက်ရှိ  ဦးစီးဌာနမှ ဖွင့်လှစ်သည့်  သင်တန်းကျောင်း  အခြေအနေများကို  ရှင်းလင်းတင်ပြပြီး      ကချင်ပြည်နယ်    ဦးစီးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူးက ဖွံ့ဖြိုးရေးသင်တန်းကျောင်း     နှစ်ခု၏ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှု    အခြေအနေများကို  ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်       Jeng  Phang နော်တောင်က      လမ်းညွှန်အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဝန်ထမ်းများနှင့် ကျောင်းသား   ကျောင်းသူများအတွက် ထောက်ပံ့ငွေများ၊ ‌ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကို    ထောက်ပံ့ ပေးအပ်ကြသည်။


ယင်းနောက်  ကျောင်းဝင်းအတွင်း ကျောင်းသား       ကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး ပစ္စည်း များဖြင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ စားရိပ်သာတွင်    အစားအသောက် ကျွေးမွေးမှုအခြေအနေ၊     အိပ်ဆောင် များနှင့်   ကျောင်းစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး   ကျောင်းသား ကျောင်းသူများအား        ရင်းရင်းနှီးနှီး အားပေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်