နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၅ 


နိုင်ငံတော်စီမံ     အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး    တင်အောင်စန်း၊ မန်းငြိမ်းမောင်၊   ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည့်   ဆောက်လုပ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာအောင် ကျော်မင်း၊  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦး၊   ပြည်နယ်ဝန်ကြီး များနှင့်အတူ  ယနေ့မွန်းလွဲပိုင်း တွင် ဌာနဆိုင်ရာများ၊ မြို့မိ/  မြို့ဖ များ၊  ဒေသခံပြည်သူများအား  ရာမောင်ခန်းမ၌    တွေ့ဆုံ၍        ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးဆိုင်ရာများနှင့်ပတ်သက် ၍ ဆွေးနွေးသည်။

 


ရှေးဦးစွာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး  တင်အောင်စန်းက  ဒေသအတွင်း ကုန်စည်စီးဆင်းမှု   လွယ်ကူ       ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး  ကောင်း မွန်ရေးအတွက် ဆောင်ရွက်နေမှု၊ ဒေသအတွင်း တည်ငြိမ်အေးချမ်း ရေးနှင့်  လူမှုရေး၊   စီးပွားရေး၊ ပညာရေး၊   ကျန်းမာရေးဆိုင်ရာ  ကိစ္စရပ်များနှင့်     ပတ်သက်၍   အမှာစကား ပြောကြားသည်။ 

 


ထို့နောက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများကိုယ်စား   ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်စံကျော်နှင့် မြို့မိ/  မြို့ဖများက   ဒေသ၏  လိုအပ်ချက်များနှင့်  ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး    တင်အောင်စန်း၊ ဒေါ်အေးနုစိန်နှင့်  ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က  တင်ပြဆွေးနွေးချက်များ အပေါ် ပြန်လည်ရှင်းလင်းဖြေကြား သည်။ 

 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် များ၊      ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူး တို့က        လက်ဆောင်ပစ္စည်း များ၊   အားကစားပစ္စည်းများကို မြို့နယ်မှ   တာဝန်ရှိသူများနှင့် တိုင်းရင်းသား         ခေါင်းဆောင်    ကိုယ်စားလှယ်များထံ      ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း    သတင်းရရှိ သည်။                        

သတင်းစဉ်