နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ‌ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်    လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစား လောကအဆင့်အတန်း  တိုးတက်မြင့်မားစေရန်  ရည်ရွယ်ပြီး  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ တတိယပတ် လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
စုပေါင်းလမ်းလျှောက်ပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊  ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန် ရှိသူများ၊  ဝန်ထမ်းများနှင့်   ဝန်ထမ်းမိသားစုဝင်  စုစုပေါင်းအင်အား ၃၈၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ တတိယပတ် လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်    စုပေါင်းလမ်းလျှောက်ပွဲကို     မြန်မာနိုင်ငံ  အိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင် ဆင်နွှဲကြသူများသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း  ဂိတ်အမှတ် (၁)မှ စတင်တာထွက်ကြပြီး      ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏    သတ်မှတ် လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက် ကာ   စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး   လေ့ကျင့်ခန်း  အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance    လေ့ကျင့်ခန်းများကို    စုပေါင်းလှုပ်ရှား ဆောင်ရွက်ကြကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများက ရေသန့်ဘူးများနှင့် အစားအစာများ ပေးဝေခဲ့ကြသည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထပတ်ကို ဒီဇင်ဘာ ၂၃ ရက် တွင်  ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ   ဝန်ထမ်းများအပြင်    ဝန်ထမ်းမိသားစုဝင်များပါ ပါဝင်ဆင်နွှဲသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်