
နေပြည်တော် နိုဝင်ဘာ ၁၁
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာန များမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက် ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ၏ Pair (အမျိုးသား + အမျိုးသမီး) အတွဲပြိုင်ပွဲ၊ ကကွက်တစ်ဦးချင်း (အမျိုးသား) ပြိုင်ပွဲ၊ ကကွက် တစ်ဦးချင်း (အမျိုးသမီး) ပြိုင်ပွဲ၊ အသင်းလိုက် (အမျိုးသား) ပြိုင်ပွဲ နှင့် (အမျိုးသမီး) ပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသည့် အားကစား သမားများက အားကစားနည်း အလိုက် သရုပ်ပြတင်ဆက်ကြ သည်။
အကြိတ်အနယ်ယှဉ်ပြိုင်ကစား
ထို့နောက် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ်များကို ဆက်လက်ကျင်းပရာ အမျိုးသား တစ်ဦးချင်းအတိုက် (၅၀ - ၅၄) ကီလိုတန်းပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းအတိုက် (၆၂ - ၆၇) ကီလိုတန်းပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အတိုက် (၆၈ - ၇၄) ကီလိုတန်းပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ မှ ပြိုင်ပွဲဝင်များက လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြသည်။
(ဗိုလ်လုပွဲ) ပွဲစဉ်များအပြီး တွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်တို့က ပြည်နယ်နှင့်တိုင်း ဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အမျိုးသား (၈၀ - ၈၇) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသမီး (၆၂ - ၆၇) ကီလိုတန်းပြိုင်ပွဲတို့တွင် ဆုရရှိကြ သူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ဆုငွေများပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများက အမျိုးသား (၇၄- ၈၀) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၆၇ - ၇၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၆ - ၄၉) ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(၅၄-၅၈) ကီလို တန်းပြိုင်ပွဲ၊ အမျိုးသား (၄၆ - ၅၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၅၈ - ၆၃) ကီလိုတန်းပြိုင်ပွဲတို့ တွင် ဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်းနှင့် ဒေါက်တာဘရွှေတို့က အမျိုးသား (၅၀ - ၅၄) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၆၈ - ၇၄) ကီလိုတန်း ပြိုင်ပွဲနှင့် အကောင်းဆုံးအားကစား သမားဆု ရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပိုးရယ် အောင်သိန်းတို့က အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိ သည့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ကို တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့်ကြသည်။
တံခွန်စိုက်ဆုဖလားချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းကို တံခွန်စိုက်ဆု ဖလား ပေးအပ်ချီးမြှင့်သည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း အားကစားသမား စုစုပေါင်း ၂၈၀ ဖြင့် နိုဝင်ဘာ ၇ မှ ၁၁ ရက် အထိ ကျင်းပခဲ့ကြောင်း သိရ သည်။
သတင်းစဉ်