နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

 

နေပြည်တော်  အောက်တိုဘာ   ၅


၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့်  ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများနှင့်  ထူးချွန်ဆရာ ဆရာမများ၊ ပြိုင်ပွဲများတွင် ဆုများရရှိ ခဲ့ကြသည့် ဆရာ   ဆရာမများနှင့်   ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ  နေပြည်တော်  အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းမှ      ကျောင်းသား ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေ ကြသည်။


ထို့နောက်  ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော် စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  ကမ္ဘာ့ဆရာများနေ့ အခမ်းအနား သို့ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။


ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် က   ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့  ငါးဖွဲ့၏  အဖွဲ့ ခေါင်းဆောင်များက  ပေးပို့သော စုပေါင်းသဝဏ်လွှာ ကို  ဖတ်ကြားသည်။


ဆက်လက်၍     ပညာရေး ဝန်ကြီးဌာန ပညာရေးသုတေသန စီမံကိန်းနှင့်   လေ့ကျင့်ရေးဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန် ဆရာများ၏ လုပ်ငန်းဆောင်ရွက် ချက်များ       အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။ 


ဂုဏ်ပြုဆုငွေများချီးမြှင့်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါက်တာမှုထန်နှင့်    ဒေါက်တာ ဘရွှေ၊    ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့  ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့်   ဒေါက်တာ သက်ခိုင်ဝင်းတို့က  ၂၀၂၃   ခုနှစ် ကမ္ဘာ့ဆရာများနေ့ ထူးချွန်ဆရာ ဆရာမများကို    လည်းကောင်း  ဂုဏ်ပြု   မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို   ချီးမြှင့်ကြ သည်။


ယင်းနောက် မိတ္ထီလာပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက   “ခွင့်လွှတ်ပါ ဆရာ” သီချင်းဖြင့်  တေးသရုပ်ဖော် တင်ဆက်ကြသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး များဖြစ်ကြသည့်     ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြား ရေးမှူးချုပ်များက  ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်   ဆရာ ဆရာမများ   ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ    အထက်တန်း၊ အလယ်တန်း၊      မူလတန်း ကျောင်းအုပ်ကြီးနှင့်    အထက် အရာထမ်းများအဆင့်    ဆောင်းပါး ပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်း ဆင့်သင်  ဆရာ   ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊   အခြေခံပညာ အလယ်တန်းဆင့်နှင့်  မူလတန်း ဆင့်သင်    ဆရာ    ဆရာမများ ဆောင်းပါးပြိုင်ပွဲ၊    တက္ကသိုလ်/ ဒီဂရီကောလိပ်/ သိပ္ပံအဆင့် စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အခြေခံ ပညာ အထက်တန်းအဆင့် စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် အခြေခံ ပညာ အလယ်တန်းအဆင့် စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲတို့မှ ဆုရရှိ ခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား    ကျောင်းသူများ ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို   ချီးမြှင့်ကြ သည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာညွန့်ဖေက ၂၀၂၃  ခုနှစ်  ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင်   တေးသီချင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေ ခဲ့ကြသည့် နေပြည်တော် အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူ များနှင့် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်မှကျောင်းသား ကျောင်း သူများကို    ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာညွန့်ဖေက ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာ ကြီး ဆရာမကြီး ၁၂ ဦး၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမြင့်ဆွေနှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့  ဒုတိယဥက္ကဋ္ဌ   ဆရာကြီး ဒေါက်တာ   မောင်ကျော်တို့အား ဂါရဝပြုကန်တော့ပြီး   ဆရာကြီး ဆရာမကြီးများကိုယ်စား ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း)/ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဝင် ဒေါက်တာဦးဝင်းနှင့် ပဲခူး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးခင်မောင်စိန်တို့က ဩဝါဒ စကားများ ပြောကြားသည်။


လှည့်လည်ကြည့်ရှု


ဆက်လက်၍     နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် အခမ်း အနားသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြခန်းအား   လှည့်လည်ကြည့်ရှု ကြသည်။ 


၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်  အခမ်းအနားကို “ပညာရေးကို  မြှင့်တင်ဖို့  ဆရာ အင်အားဖြည့်ဆည်းစို့”   “The Teachers we need for  educa-tion we want: The global imperative  to  reverse  the teacher shortage” ဆောင်ပုဒ် ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


 သတင်းစဉ်