
ပန်လုံ စက်တင်ဘာ ၁၅
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် ပန်လုံမြို့တွင် ၁၀ ဒသမ ၅ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပန်လုံမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ ၊ “ဝ” တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ၊ ကိုးကန့်ယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ပန်လုံမြို့၌ ၁၉၉၅ ခုနှစ်တွင် ဒီဇယ်မီးစက်ဖြင့် အချိန်ပိုင်းသာ လျှပ်စစ်မီးပေးနိုင်ပါကြောင်း၊ ယခု အခါတွင် အချိန်ပြည့်လျှပ်စစ်မီး သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှု ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပန်လုံမြို့နေ ဒေသခံပြည်သူများ အတွက် ၂၄ နာရီအပြည့် လျှပ်စစ် မီးရရှိသုံးစွဲနိုင်ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ထို့နောက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ် က ပန်လုံမြို့အား ၂၄ နာရီ အချိန် ပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင် ရေးအတွက် ၁၀ ဒသမ ၅ ကေဗွီ ဓာတ်အားလိုင်း ၂ ဒသမ ၂ မိုင် ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပန်လုံမြို့ လျှပ်စစ် အင်ဂျင်နီယာ ဦးမြင့်နိုင်ဦးက လျှပ်စစ်မီး ရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့်အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ လျှပ်စစ် ဓာတ်အားလိုင်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က ဓာတ်အားလိုင်းကို ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က “ဝ” တိုင်းရင်းသားစာပေယဉ်ကျေး မှုအဖွဲ့နှင့် ကိုးကန့်စာပေယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဒုတိယ တိုင်းမှူးတို့က ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအကအဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဟိုပန်မြို့နယ် ပန်လုံ မြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်ရွက်မည့် သောက်သုံးရေ ရရှိရေး ရေစုကန် အမှတ်(၁) ဆောင်ရွက်မည့်နေရာကို လည်း ကောင်း၊ ပန်လုံမြို့ရှိ ပန်လုံဟော်နန်း ကိုလည်းကောင်း သွားရောက် ကြည့်ရှုပြီး ပန်လုံပြည်သူ့ဆေးရုံ သို့သွားရောက်ကာ ဆေးကုသမှု ခံရယူနေသော ဒေသခံပြည်သူများ အား အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က ပန်လုံဆေးရုံအတွက် ချီးမြှင့်ငွေ ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့်အဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန် မြို့နယ်ရှိ ခိုင်ဝေဖြိုးကုမ္ပဏီလီမိ တက်၏ တိရစ္ဆာန်အစာထုတ်လုပ် စက်ရုံကို သွားရောက်ကြည့်ရှုသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့ သည် ယမန်နေ့ မွန်းလွဲပိုင်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ ၊ ပြည်သူ့ဆေးရုံသို့ သွား ရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံတိုင်းရင်းသား ပြည်သူများ ကို အားပေးစကား ပြောကြား ပြီး အာဟာရဖြည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဟိုပန် ပြည်သူ့ဆေးရုံအတွက် ချီးမြှင့်ငွေ များ ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန် ဆရာမများက လက်ခံ ရယူသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့်အဖွဲ့သည် ဟိုပန်မြို့ မြသိန်းတန် ပရိယတ္တိစာသင်တိုက် သို့ သွားရောက်၍ ဟိုပန်မြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ် ခန်းမ ၌ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် က အမှာစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက် စကားပြောကြားပြီး တက်ရောက် လာကြသော ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက လုပ်ငန်းကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ရှိ “ဝ” ၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ လားဟူ၊ လီဆူ၊ မြောင်ဇီး၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ ပေးအပ်ကြပြီး ခင်းကျင်းပြသထား သည့် ဟိုပန်မြို့ MSMEs ထုတ်ကုန်များကို လှည့်လည် ကြည့်ရှုအားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လားရှိုးခရိုင် ကွမ်းလုံ မြို့ရှိ သံလွင်မြစ်ကူးတံတား (ကွမ်းလုံ) တံတားသစ်နှင့် နမ့်ဟူး (ကွမ်းလုံ)- ဟိုပန် - မိုင်းမောလမ်း ပေါ်ရှိ နမ့်တိန်းတံတား (တံတား အမှတ် ၁/၁ ) ၄၈၂ ပေ တည်ဆောက် ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သတင်းစဉ်