နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ နှစ်သစ်ကူးဆုတောင်း

 

မိဘပြည်သူ အပေါင်းတို့ ခင်ဗျား 


အခုအချိန်ဟာ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါ ဖြစ်ပါတယ်။ ဒီနှစ်သစ်မင်္ဂလာ အချိန် အခါမှာ မြန်မာပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။

 


အခုအခါ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ  နိုင်ငံရေးဝိမုတ္တိခေတ်လို့  ပြောရမယ့်   နိုင်ငံရေး ခေတ်ဆိုးကြီးကို ဖြတ်သန်းနေရဆဲပဲ ဖြစ်ပါတယ်။  ဒါကြောင့် ဒီနိုင်ငံရေး ခေတ်ဆိုးကြီးကို အပြီးတိုင် ဖြတ်ကျော်နိုင်ဖို့  အချိန်တန်ပါပြီလို့  ကျွန်တော် ပြောကြားလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ကြီး ပြိုကွဲမယ့်လုပ်ရပ်တွေ၊ နိုင်ငံတော်ကြီး မငြိမ်မသက် ဖြစ်အောင်     ကြံဆောင်တဲ့လုပ်ရပ်တွေ၊      နိုင်ငံ အာဏာကို မတရားရယူဖို့ ပြုမူတဲ့လုပ်ရပ်တွေကို  ဆန့်ကျင်ဖယ်ရှားရပါမယ်။   ဒါတွေကို     ပြည်သူ့ အားနဲ့      ကျော်လွှားမှသာ         ရရှိနိုင်မယ်ဆိုတာ ဘယ်လိုမှ ငြင်းကွယ်လို့မရပါဘူး။ 

 


မိဘပြည်သူများခင်ဗျား 


ဒါကြောင့်    ပြည်သူအချင်းချင်းအကြားမှာ  သော်လည်းကောင်း၊ တိုင်းရင်းသားတွေအကြား မှာ သော်လည်းကောင်း အမျိုးသားညီညွတ်ရေးကို ထူထောင်ဖို့ အထူးပဲလိုအပ်နေတဲ့ အချိန်အခါကြီး ဖြစ်တယ်လို့ ကျွန်တော်ပြောကြားချင်ပါတယ်။
မြန်မာနိုင်ငံတော်ကြီး ပြိုကွဲအောင်၊ သွေးကွဲ အောင်၊  သပ်လျှိုနေတဲ့  ပြည်ပ  ပယောဂတွေကို ဖယ်ရှားနိုင်ဖို့ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ်တွေ မွေးမြူကြဖို့  အလေးအနက် ကျွန်တော်တိုက်တွန်း ပြောကြားချင်ပါတယ်။

 


မိဘပြည်သူများခင်ဗျား


ရှေ့အဖို့မှာ ဘာသာ၊ သာသနာကိုစော်ကားမယ့်  အန္တရာယ်တွေ၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ် တွေကို ထိပါးမယ့်အန္တရာယ်တွေ၊ နိုင်ငံကို တစ်စစီ ကြေမွအောင် ဖျက်ဆီးမယ့် အန္တရာယ်တွေကိုတော့  အမြစ်ကမကျန် စုပေါင်းတွန်းလှန်ကြပါမှ မြန်မာ နိုင်ငံတော်ကြီး  အဓွန့်ရှည်  တည်တံ့နိုင်ပါလိမ့် မယ်။ ဒါကြောင့် ပြည်သူများရဲ့အားကို အများကြီး လိုတယ်လို့   ကျွန်တော်တို့   ပြောလိုတာ    ဖြစ်ပါ တယ်။

 


တကယ်တော့         မြန်မာပြည်သူတွေဟာ အလွန်အင်မတန်မှ ငြိမ်းချမ်းစွာနေလိုကြပါတယ်။ မှန်ကန်တဲ့       နိုင်ငံရေး     ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို   ဖြတ်သန်းပြီးတော့  ပြည်သူ များလိုလားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုသစ်ကြီးကို  ငြိမ်းချမ်းရေး နဲ့အတူ တည်ဆောက်နိုင်ကြပါစေလို့ တိုက်တွန်း ရင်း  ဆုတောင်းလိုက်ပါတယ်။  ပြည်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။