နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai

 

နေပြည်တော်  နိုဝင်ဘာ  ၁၄ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည်  မြန်မာနိုင်ငံဆိုင်ရာ     တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး   H.E. Mr. Chen Hai  အား    ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်  ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌  လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ်  မြန်မာ - တရုတ် နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးဆိုင်ရာ ကိစ္စရပ်များ၊  အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့်   မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ   အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                      

သတင်းစဉ်