
မော်လမြိုင် စက်တင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။
တွေ့ဆုံ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် ခွန်စံလွင်တို့သည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ သထုံမြို့နယ်အတွင်းရှိ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာ စကားပြောကြားသည်။
ထို့နောက် ဒေသအတွင်းရှိ ကရင် တိုင်းရင်းသားကိုယ်စားလှယ်တို့က လျှပ်စစ် မီးရရှိရေး၊ တိုင်းရင်းသားစာပေသင်ကြားမှု ဖွံ့ဖြိုးရေး စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်က တက်ရောက်လာသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
တိုင်းရင်းသားတိုင်းရင်းသူများနှင့် တွေ့ဆုံ
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဓမ္မဗိမာန်တော်၌ ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် ပအိုဝ်းတိုင်းရင်းသားများ က ဒေသလိုအပ်ချက်များကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က တက်ရောက်လာသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကာ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ပအိုဝ်း အမျိုးသားဗိမာန်တော် တည်ဆောက်နိုင် ရေးအတွက် အလှူငွေကျပ်သိန်း ၂၀ ကို ပေးအပ်လှူဒါန်းရာ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က လက်ခံရယူကြပြီး ဒေသထွက်အသီးအနှံ နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ သထုံမြို့ နန်းခဲရပ်ကွက် ရုံးကြီးလမ်းရှိ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကော်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမ၌ ကရင် တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဝင် မန်းငြိမ်းမောင်က အမှာစကားပြော ကြား၍ ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင် ရာ ပြည်နယ်၊ ခရိုင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်မှူးနှင့် ခရိုင်ပညာရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် ကရင်ဝင်းစိန်တောင်ပေါ်ကြီး ကျောင်းတိုက် ဆရာတော် ဥူးဝိမလအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
လှူဖွယ်ပစ္စည်းများဆက်ကပ်
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ မြစေတီ စာသင်တိုက်ကြီးသို့ရောက်ရှိပြီး မြစေတီ စာသင်တိုက်ဦးစီးပဓာန နာယကဆရာ တော် ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းပြီး ဩဝါဒခံယူခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်