
နေပြည်တော် အောက်တိုဘာ ၅
ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ မြန်မာ့ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန၌ ကျင်းပ သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စက်မှုဝန်ကြီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့သော သဘာဝရော်ဘာအသင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ရန်ကုန်တာယာစက်ရုံတို့မှ တာဝန် ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ထို့ပြင် MSME Agency နာယက များဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ Agency ဥက္ကဋ္ဌများက Virtual စနစ်ဖြင့် သတ်မှတ်နေရာ အသီးသီးမှ ပါဝင်တက်ရောက်ကြ သည်။
ပြည်ပပို့ကုန်မြှင့်တင်ရေး
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် MSME များ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ၊ ပြည်ပပို့ကုန် မြှင့်တင်ရေး လုပ်ငန်းများကို အားပေးလျက်ရှိပြီး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာ့ ရော်ဘာကုန်ကြမ်းများကို နိုင်ငံ တကာ ဈေးကွက်ရရှိရေးအတွက် မြန်မာ့ရော်ဘာ အရည်အသွေး စံသတ်မှတ်ချက် စနစ်တကျ ပေါ်ပေါက်၍ အာမခံချက်ရှိသည့် ရော်ဘာတင်ပို့နိုင်ရေး ရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ ပေါက်ဈေးအတိုင်း ဈေးနှုန်းများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆင့်မီရော်ဘာ စက်ရုံများရှိမှ သာ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံ တကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ပေါင်တန်း နိုင်မည်ဖြစ်ကြောင်း၊ အဆင့်မီ ရော်ဘာစက်ရုံများ ပေါ်ပေါက်လာ ရေးအတွက် ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပေါင်းစပ် ညှိနှိုင်းကူညီ ပံ့ပိုးပေးသွားရမည် ဖြစ်ကြောင်း၊ တက်ရောက်လာကြ သည့် ရော်ဘာစိုက်တောင်သူ များ၊ ရော်ဘာအသင်းအဖွဲ့များ၊ ပညာရှင်များမှ မြန်မာ့ရော်ဘာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့် လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုး နိုင်ရေးအတွက် မြေနေရာရရှိ ရေး၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များရရှိရေး၊ ရေရရှိရေးတို့အတွက် ဝန်ကြီးဌာန မှ ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးစေလိုကြောင်း၊ ရော်ဘာအထွက်နှုန်း တိုးတက် ကောင်းမွန်စေရေးအတွက် မျိုး ကောင်းမျိုးသန့်များဖြင့် သွင်းအားစု များ အပြည့်အဝထည့်သွင်း၍ စိုက်ပျိုးရေး နည်းစနစ်မှန်ကန် စွာ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ထွက်ရှိသည့် ရော်ဘာများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲ၍ ပြည်တွင်းစက်မှု လုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားရန်နှင့် ပြည်ပသို့ တင်ပို့ရာတွင်လည်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက် များကို ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ပူးပေါင်းဆွေးနွေးအဖြေရှာ
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နောင်လာ မည့်အနာဂတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက် အကူဖြစ်စေမည့် မြန်မာ့ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စျေးကွက်အတွင်း ဈေးကွက်ရှားပါးမှု၊ စျေးနှိမ်ခံရမှု စသည့်ပုံရိပ်များမှ လွတ်မြောက် ပြီး ကောင်းမွန်သောအရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့် သည့်စျေးနှုန်းများ ရရှိနိုင်ရန် အတွက် ရော်ဘာစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် ပါဝင်သည့် MSME ရော်ဘာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ နိုင်ငံပိုင်ရော်ဘာ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဦးစီးဌာနများ၊ ပညာရှင် များက အတူတကွ ပူးပေါင်း ဆွေးနွေးအဖြေရှာပြီး ဟန်ချက် ညီညီ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယကများ ဖြစ်ကြ သည့် ဝန်ကြီးချုပ်များက ပြည်နယ်/ တိုင်းဒေသကြီးအတွင်း ရော်ဘာ စိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိမှု အခြေအနေ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးတင်ပြ
ထို့နောက် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့သော သဘာဝ ရော်ဘာအသင်း၊ ရန်ကုန်တာယာ စက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊ National Enli-ghtenment Institute နှင့် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများက မြန်မာ့ ရော်ဘာများအား စံချိန်စံညွှန်း သတ်မှတ်ရေး၊ ရော်ဘာဈေးကွက် အခြေအနေ၊ လက်ရှိရော်ဘာခြံ များ၏ ရော်ဘာစိုက်ပျိုးမှု၊ ရော်ဘာထွက်ရှိမှု အခြေအနေ၊ ရော်ဘာစေးထုတ်ယူနိုင်မှု အခြေ အနေ၊ မြန်မာ့ရော်ဘာဈေးကွက် ဒိုင်ကြီးတစ်ခု ပေါ်ပေါက်လာစေ ရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကများ အနေဖြင့် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ တို့ကို ဆွေးနွေးတင်ပြကြ ရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်