
ပုသိမ် မတ် ၂
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူး ကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်သည်။
အခမ်းအနားသို့ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် တိုင်းဒေသကြီး အတွင်းရှိ တောင်သူများ တက် ရောက်ကြသည်။
ရှေးဦးစွာ တောင်သူလယ်သမား နေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ် အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်း အနားကို ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၂) နှစ် မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ရေး ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ပညာ အလင်္ကာ တေးဂီတအဖွဲ့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ မှုများကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် မိုးစပါး၊ နွေစပါး၊ နေကြာ၊ မြေပဲသီးနှံစိုက် ထူးချွန် တောင်သူများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လည်းကောင်း၊ မိုးနှမ်း၊ မတ်ပဲ၊ ပဲတီစိမ်းစိုက် ထူးချွန်တောင်သူ များနှင့် နေကြာ ၁၀ ဧက မြို့နယ် ထူးချွန်ဆုရရှိသူများကို တိုင်း ဒေသကြီး ဝန်ကြီးချုပ်ကလည်း ကောင်း၊ ပီလောပီနံ၊ ရော်ဘာ၊ စပါးမျိုးစေ့ထုတ် ထူးချွန်တောင် သူများနှင့် အသားတိုးဝက် မွေးမြူ ထုတ်လုပ်မှု ဆုရရှိသူများကို တိုင်းမှူးက လည်းကောင်း၊ ပျား လိမ္မော်၊ သီဟိုဠ်သီးနှံစိုက် ထူးချွန် တောင်သူများနှင့် ဥစားဘဲမွေးမြူ ထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများ ကို ဒုတိယဝန်ကြီးက လည်း ကောင်း၊ နေကြာသီးညှပ်၊ ကျွဲကော သီးနှံ၊ ဒေသနွားမွေးမြူထုတ်လုပ် မှု၊ ကော်ဖီ၊ ငှက်ပျော၊ မင်းဂွတ်၊ ဆေးရွက်ကြီး၊ စပါးသီးနှံ(ပေါ်ဆန်း ဘေကြား-သဘာဝမြေဩဇာသုံး)၊ ငရုတ်ကောင်း၊ နာနတ်၊ နို့စား နွားမွေးမြူထုတ်လုပ်မှု၊ ကွမ်းသီး၊ ဟင်းသီးဟင်းရွက်၊ ကဏန်းပျော့ မွေးမြူထုတ်လုပ်မှုနှင့် အုန်းချို မွှေးသီးနှံစိုက် ထူးချွန်တောင်သူ များကို တာဝန်ရှိသူများကလည်း ကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက တောင်သူများထံ လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို ထောက်ပံ့ပေးအပ်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ ပြခန်း များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် တောင်သူများနှင့် နေ့လယ်စာကို အတူတကွသုံး ဆောင်ခဲ့ကြပြီး ပညာအလင်္ကာ တေးဂီတအဖွဲ့၏ တောင်သူ လယ်သမားနေ့ ဂုဏ်ပြုတေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် (၆၂) နှစ်မြောက် တောင်သူ လယ်သမားနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသ ထားသည့် သီးနှံစုံစိုက်ခင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန် များ၊ စက်မှုလယ်ယာဦးစီးဌာန မှ လက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား ကောက်စိုက် စက်နှင့် ဆယ်တန်းသွား မျိုးစေ့ချ စက်တို့ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း များ စိုက်ပျိုးပြသထားရှိပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမား နေ့ ပြခန်းများတွင် ဌာနဆိုင်ရာ ပြခန်းများ၊ ခရိုင်အလိုက်ပြခန်း များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံးစက် ကိရိယာပြခန်းများ၊ သွင်းအားစု လုပ်ငန်းပြခန်းများ၊ မျိုးစေ့ထုတ် ကုန်ပြခန်းများ၊ ငါးထုတ်ကုန် ပြခန်းများ၊ အုန်းအခြေခံထုတ်ကုန် ပြခန်းများ၊ အစာတောင့်ထုတ်ကုန် ပြခန်းများဖြင့် ပြခန်းပေါင်း ၃၉ ခန်း ဖွင့်လှစ်ပြသထားရှိကာ ပြခန်းများနှင့် ဆွေးနွေးပွဲများကို မတ် ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာ ခင်းကျင်းပြသ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆုရတောင်သူများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်း ဆွေးနွေးပွဲ Real Live Show ပြသ မှုများကို တက်ရောက်အားပေး ကြပြီး စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူ ဦးတင်အောင်သန်းက စပါးစိုက်ပျိုးရေး အတွေ့အကြုံ များကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် မြေပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူ၊ မွေးမြူရေး တောင်သူ၊စပါး-ပဲ-နေကြာ/စပါး-ပဲ - နှမ်း သုံးသီးစိုက်ပျိုးသည့် တောင်သူနှင့် နေကြာစံပြစိုက်ခင်း ၁၀ ဧက အကောင်းဆုံးဆုရရှိသည့် သာပေါင်းမြို့နယ်တို့မှ စိုက်ပျိုးရေး လုပ်ငန်း အတွေ့အကြုံရှင်းလင်း ဆွေးနွေးမှုများအပေါ် တက်ရောက် လာသည့် ဧည့်သည်တော်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပုသိမ်ခရိုင် သာပေါင်း မြို့နယ် သဲဖြူကျေးရွာအုပ်စု သန်လျက်စွန်းကျေးရွာရှိ လယ် မြေ ၁၀ ဧကပေါ်တွင် စိုက်ပျိုးထား ရှိသည့် စံပြဆောင်းနေကြာ (Su-perSun-41) စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုကို ကြည့်ရှုအားပေး ပြီး နေကြာစိုက်ပျိုးဖြစ်ထွန်း အောင်မြင်မှုများအား တောင်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်ပါဆောင်ရွက်စေရေး၊ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက် စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှု မရှိစေရေး၊ နေကြာပွင့်အရွယ် အစားများ စနစ်တကျမှတ်တမ်းထားရှိဆောင်ရွက်စေရေးနှင့် ပိုမို အောင်မြင်အောင် ဆောင်ရွက် စေရေး မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်