နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

 

ပုသိမ်     ဒီဇင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့၌ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာလူထုလှုပ်ရှား အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့်  ဇနီး၊   တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်က သေနတ်ပစ်ဖောက်၍ စုပေါင်းလမ်းလျှောက် ပွဲကို ဖွင့်လှစ်ပေးပြီး ရွှေရုပ်တုအဝိုင်းရှေ့မှ စတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ ၍ ကိုးသိန်းအားကစားကွင်းသို့ ရောက်ရှိ ကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ၊ Physical  Fitness Dance များ အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒီဇင်ဘာ လ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲ သို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့  များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း  ၅၀၀၀   ခန့် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည်     ပုသိမ်မြို့ ကိုးသိန်းမိုးလုံလေလုံ    အားကစားရုံ၌ ကျင်းပသည့် ဌာနပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲအခမ်း အနားတွင်   ဒုတိယဆုရရှိသည့်အသင်း အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ကောင်း၊ ပထမဆုရရှိသည့်အသင်းအား နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ကလည်းကောင်း   တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် မြန်အောင် ခရိုင် ကြံခင်းမြို့နယ်  အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌  ကျင်းပသည့်  အရှိုချင်း ရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစား ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က   မိမိတို့ နိုင်ငံ၊ မိမိဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊    ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး  အမျိုးသားယဉ်ကျေး မှု စရိုက်လက္ခဏာများ  မပျောက်ပျက် အောင်  ထိန်းသိမ်းစောင့်ရှောက်ရန်  မိမိ ဒေသအတွင်းရှိ    ပြည်သူလူထုသာမက နိုင်ငံသားတိုင်း     အားလုံးတာဝန်ရှိပါ ကြောင်း၊ ထိုတာဝန်ကို တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရင်း ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု ၏အကျိုးကို  ထာဝစဉ်သယ်ပိုးနိုင်ပါစေ ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း   ဥက္ကဋ္ဌက ဆုတောင်းမေတ္တာပို့သကာ အတွင်းရေး မှူးက     ကျေးဇူးတင်စကားပြောကြား သည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်      ဧည့်သည်တော်များသည် ချင်းတိုင်းရင်းသူများ၏ တေးသီချင်းများ၊ ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေမှု များကို   ကြည့်ရှုအားပေးပြီး   ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် အရှိုချင်းရိုးရာ​ ကောက်သစ် စားပွဲ​တော်မိတ်ဆုံစားပွဲကို  ဆက်လက် ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဒေသခံ     ချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ ​ နေ့လယ်စာ  အတူ တကွ သုံး​ဆောင်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာ၌      တောင်သူ ဦးဇော်ခိုင်၏    စိုက်ဧက  ၀ ဒသမ ၅၀ ဧကတွင် ဆင်းရွှေကြာ-၂  ဆောင်းနေကြာ စိုက်ပျိုးထားရှိမှု၊ တောင်သူ ဦးအေးထွန်း ၏  စိုက်ဧက ၀ ဒသမ ၅၀  ဧက   ဆင်း ရွှေကြာ-၂    မိုးနေကြာ    စိုက်ခင်းနှင့် တောင်သူ ဦးကြည်ညွန့်၏ စိုက်ဧက ၁ ဒသမ ၅၀ ဧက၌  ဆင်းရွှေကြာ-၂ မိုး နေကြာစိုက်ခင်းတို့၏ ဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုအားပေးပြီး ရိတ်သိမ်း ချိန် လေလွင့်မှုမရှိစေရေးနှင့် စနစ်တကျ ရိတ်သိမ်းရေး မှာကြားသည်။
  မွန်းလွဲပိုင်းတွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်  တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့သည် မြန်အောင် ခရိုင်ရှိ ဒေသခံပြည်သူများနှင့် မြန်အောင် မြို့    အောင်ဇေယျအားကစားခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးစပါး/နွေစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး       အမှာစကား ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်   တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် နိုင်ငံ့စီးပွားမြှင့်တင် ရေး နွေစပါးစီမံကိန်းသွင်းအားစုများကို မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများအား   ထောက်ပံ့ပေးအပ် ကြသည်။ 
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံး စရိတ်     ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြန်အောင်မြို့နယ်၌ မီးလင်းရေးလုပ်ငန်း အတွက် ကျေးရွာအုပ်စုများသို့ ဆိုလာမီး များ ထောက်ပံ့ပေးအပ်ရာ  ညောင်ဝိုင်း ကျေးရွာအုပ်စုမှ  တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး   မြန်အောင်မြို့နယ်မှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်    တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊   တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ   မြန်အောင်မြို့   ပြည်သူ့ ရင်ပြင်၌  ကျင်းပသော  မြန်အောင်ခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSMEs) ထုတ်ကုန်ပြပွဲ၌ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များ၏  ဒေသအတွင်း ရှိ  အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပြခန်း များ၊ ဌာနဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှု၍ ဒေသထွက် ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ် နိုင်ရေးမှာကြားခဲ့သည်။      

သတင်းစဉ်