နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဇွန်   ၂၃


အမျိုးသားမြေအသုံးချမှုကောင်စီ    စတုတ္ထအကြိမ် အစည်းအဝေးကို   ယနေ့နံနက်  ၉   နာရီတွင် နေပြည် တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    မြထွန်းဦး   တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့        အမျိုးသားမြေအသုံးချမှု ကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊  ဦးသောင်းဟန် နှင့် ဦးမျိုးမြင့်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင် ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသား မြေအသုံးချမှုကောင်စီဝင်     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက     ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
 ပြင်ဆင်ဖွဲ့စည်း
ဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်       ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမျိုးသားမြေအသုံးချမှု မူဝါဒပါ    ရည်ရွယ်ချက်များ၊   လမ်းညွှန်မှုများနှင့် အခြေခံမူများကို    အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့်မြေအသုံးချမှု မူဝါဒနှင့်သက်ဆိုင်သည့် ဥပဒေ များကို   အကောင်အထည်ဖော်     ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၀၇/၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၂၂ တို့ဖြင့် ဖွဲ့စည်းခဲ့ သည့် အမျိုးသားမြေအသုံးချမှုကောင်စီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၃ ဖြင့်  ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊    ယနေ့ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှုကောင်စီ ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပထမဦးဆုံးအစည်းအဝေး ဖြစ်ပါကြောင်း၊ မြေယာသိမ်းဆည်းမှုများ၊ အငြင်းပွား မှုများ၊   တိုင်တန်းမှုများလည်း   များပြားလာခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းရမည့် နည်းလမ်း များလည်း ရှုပ်ထွေးများပြားသည့်အတွက် မြေယာ စီမံအုပ်ချုပ်မှုတွင်       အခက်အခဲများဖြစ်ပေါ်ခဲ့ကာ အကျိုးဆက်အနေနှင့် နိုင်ငံတော်၏  ဖွံ့ဖြိုးတိုးတက်မှု များကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း။ 
ထို့ကြောင့်၂၀၁၂ ခုနှစ်မှစပြီး အစိုးရအဖွဲ့အစည်း များ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း  ပြည်ပပညာရှင်များနှင့်     ပူးပေါင်းပြီး အမျိုးသားမြေအသုံးချမှု မူဝါဒတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ လုပ်ငန်းအဖွဲ့များ  ဖွဲ့စည်းပြီး  အစည်းအဝေး (၃၉)ကြိမ်၊ နည်းပညာသင်တန်း(၂) ကြိမ်၊ အမျိုးသား အဆင့်   အလုပ်ရုံဆွေးနွေးပွဲ (၅) ကြိမ်  ကျင်းပကာ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ    အလုပ်ရုံဆွေးနွေးပွဲများမှ   ရလဒ်များနှင့် အကြံပြုဆွေးနွေးချက်များကို အခြေခံပြီး ၂၀၁၆ ခုနှစ်  ဇန်နဝါရီတွင်     အမျိုးသားမြေအသုံးချမှုမူဝါဒကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း။ 
မူဝါဒလမ်းညွှန်ချက်အသေးစိတ်ပြဋ္ဌာန်းထား
အမျိုးသားမြေအသုံးချမှုမူဝါဒသည်   မြေယာနှင့် အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအများ မြေယာလုပ်ပိုင်ခွင့် ခိုင်မာရေး၊ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိ အမှတ်ပြုအကာအကွယ်ပေးရေး၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊    ငွေကြေးအကုန်အကျသက်သာမှုနှင့် လွတ်လပ်မှုရှိသော မြေယာအမှုအခင်းများ  ဖြေရှင်း ဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ထူထောင်ရေး၊ တာဝန်ခံ မှု၊ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးချမှု စီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသားမြေ ဥပဒေရေးဆွဲပြီး      တည်ဆဲမြေယာဥပဒေများကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရေးတို့ကို ရည်ရွယ် ထားပြီး မူဝါဒလမ်းညွှန်ချက် အသေးစိတ်များ ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်း။
၂၀၁၆ ခုနှစ်  အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊  လမ်းညွှန်မှုများနှင့်  အခြေခံမူများ ကို   အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်    မြေ အသုံးချမှုမူဝါဒနှင့်     သက်ဆိုင်သည့်ဥပဒေများကို အကောင်အထည်ဖော်     ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီ         ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း။ 
အမျိုးသားမြေအသုံးချမှု     ကောင်စီအနေဖြင့်  မြေယာအသုံးချမှုနှင့် စပ်လျဉ်းပြီး   တည်ဆဲဥပဒေများ နှင့် သဟဇာတဖြစ်သည့် အမျိုးသားမြေစီမံခန့်ခွဲမှု ဥပဒေရေးဆွဲပြုစုရေး၊ မြေအသုံးချမှုစီမံအုပ်ချုပ်ရေး ကိစ္စများ အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင် ဥပဒေနှင့်  ပညာရပ်ဆိုင်ရာများ အကြံဉာဏ်များပေး နိုင်ရေး၊   စိုက်ပျိုးရေးမူဝါဒနှင့်    စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ်များ  ချမှတ်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး၊ မြေအသုံးချမှု စီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျရေးဆွဲ ပြုနိုင်ရေး၊  မြေအရင်းအမြစ် သတင်းအချက်အလက် နှင့်  မြေပုံများမှန်ကန်စေရေး၊ မြေအရင်းအမြစ်များစီမံခန့်ခွဲရာတွင် စနစ်တကျဖြစ်စေရေးနှင့်  ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မြေသယံဇာတ အရင်းအမြစ်များကို ရေရှည် တည်တံ့စွာ    အသုံးပြုနိုင်ရေးနှင့်    ပြည်သူအများ မြေယာလုပ်ပိုင်ခွင့်ခိုင်မာရေးတို့အတွက် မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ၊     စိုက်ပျိုးရေးဖွံ့ဖြိုးမှု   မဟာ  ဗျူဟာ     အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံ ခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြေအသုံးချမှုကော်မတီ များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယခုအခါ အမျိုးသား မြေအသုံးချမှုမူဝါဒ  (၂၀၁၆)  ခုနှစ်ကို   အခြေခံပြီး မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ Focal ဝန်ကြီးဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အမျိုးသားမြေဥပဒေတွင် ပါဝင်သင့်သော အခန်း များ(ပထမမူကြမ်း) [၂၀၂၂] ကို တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါမူကြမ်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတချို့ ကလည်း သဘောထားမှတ်ချက် ပြန်လည်ပေးပို့ထား ပြီးဖြစ်ကြောင်း။
အလေးထားဆောင်ရွက်ပေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ပေးပို့လာသည့် ပြည်ထောင်စုသဘောတူစာချုပ်   အစိတ်အပိုင်း(၁)နှင့် (၂)တို့တွင် ပါရှိသော “မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍ     မူဝါဒသဘောတူညီချက်များ”  အား အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ အမျိုးသား မြေဥပဒေ(မူကြမ်း)ရေးဆွဲပြုစုရာတွင် ထည့်သွင်း ရေးဆွဲနိုင်ရေး   သက်ဆိုင်ရာအမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး        လုပ်ငန်းကော်မတီအနေဖြင့်  အလေးထားဆောင်ရွက်ပေးစေလိုကြောင်း။ 
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပေး ခြင်းများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အား မူဝါဒ အဖြစ် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနများအနေဖြင့် အလေးထား    လိုက်နာဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်    အဖွဲ့ဝင်များအနေဖြင့်      မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ကျရာနေရာ မှပါဝင်ပြီး ကြိုးပမ်းထမ်းဆောင်ကြရန်  ပြောကြား လိုကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက်   အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်က မြေယာမူဝါဒနှင့်စပ်လျဉ်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏    လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်    မြေယာမူဝါဒနှင့် စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဝန်ကြီးဌာနများအနေဖြင့် မြေယာနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဦးစီးဌာနများ အလိုက်  ဌာနပိုင်မြေများနှင့်စပ်လျဉ်း၍ ဆောင်ရွက် ရမည့်အချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မြို့ရွာများခွင့်ပြုချက်မရှိဘဲ တိုးချဲ့ဆောင်ရွက် နေမှုကို    ထိန်းသိမ်းဆောင်ရွက်ရမည့်အချက်များ လမ်းမြေများပေါ်တွင် ကျူးကျော်မှုများအား ထိန်းသိမ်း   ဆောင်ရွက်ရမည့်အချက်များနှင့်   အမျိုးသားမြေ ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာနက ဆောင်ရွက်နေသည့်အချက်များကို  ရှင်းလင်း ပြောကြားသည်။ 
ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ  အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက    တတိယအကြိမ်   အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ထားရှိမှု အခြေ အနေများကို  ရှင်းလင်းတင်ပြသည်။ 
ထို့နောက်       စိုက်ပျိုးရေး၊    မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ    သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏      လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး    ဗိုလ်ချုပ် တိုးရီက    မြေအသုံးချ မှုစီမံကိန်းရေးဆွဲရေးနှင့်           ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏         လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း   ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊  မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီနှင့်    မြေအသုံးချမှုဆိုင်ရာ   နည်းပညာ အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ က  ရှင်းလင်းတင်ပြကြသည်။
ထို့နောက်  အမျိုးသားမြေအသုံးချမှု ကောင်စီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အမျိုးသားမြေ အသုံးချမှု   ဥပဒေရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်အကောင်အထည် ဖော်ရေးနှင့် အမျိုးသားမြေအသုံးချမှု ဥပဒေပေါ်ပေါက် ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်   ပြည်နယ်အလိုက်  မြေအသုံးချမှု နှင့်စပ်လျဉ်းသည့်            စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက်    တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်   မြေယာမူဝါဒနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ 
ထို့နောက်   အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။  သတင်းစဉ်