
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့
ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် အမြန်ဆုံးဖြန့်ခွဲနိုင်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
စစ်တွေ မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေ မြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး စီစဉ် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အဖွဲ့သည် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်ရှိ ဝင်္ကဘာကွင်းနှင့် စက်ရုံစုလမ်း တစ်လျှောက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံ ပြည်သူလူထု စုစုပေါင်းအင်အား ၃၅၀ ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် သန့်ရှင်းရေး ဆောင်ရွက် နေကြသည့် စုပေါင်းအဖွဲ့များကို ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား ပြီး စစ်တွေမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို မကြာခဏ စုပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူ လူထု အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လာရေး စည်းရုံးဆောင်ရွက် သွားကြရန် မှာကြားသည်။
ယင်းနောက် အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညို ပြီး ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်း၍ မိုခါမုန်တိုင်းဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကြီး သိမ်တော်အား လှည့်လည်ကြည့်ရှုကာ ပြန်လည်ပြုပြင်နိုင်ရေးလိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် MCL – 5 Yangon သင်္ဘောဆိုက်ကပ်ရောက်ရှိမှု၊ For Tune သင်္ဘောပေါ်မှ လျှပ်စစ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးပစ္စည်းများအား စက်ယန္တရားကြီးများဖြင့် မော်တော်ယာဉ် များပေါ်သို့ တင်ဆောင်နေမှု၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ခံတံတား၌ AQUARIUS သင်္ဘောပေါ် မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ခွဲသားများအား မော်တော်ယာဉ်များပေါ်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက တင်ဆောင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေးပြန်လည် ထူထောင်ရေးနှင့်စပ်လျဉ်းပြီး ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ် ကြီး တင်အောင်စန်း က ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် မဖြစ် မနေလိုအပ်သည့် ဆန်၊ သွပ်၊ သစ် လိုအပ် ချက်များကို ဒေသအလိုက် စာရင်းပြုစု၍ အနီးစပ်ဆုံး မှန်ကန်အောင် တွက်ချက် ထားရန်၊ ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ် လိုအပ်သော ပြည်သူများ လက်ဝယ်သို့ ရောက်ရှိရေးနှင့် ထိထိ ရောက်ရောက် အသုံးပြုနိုင်ရေး စီမံဆောင် ရွက်သွားရန် မှာကြား၍ လုပ်ငန်းလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေ ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် အဆောက်အဦများ ပြုပြင်ခြင်း လုပ်ငန်းကို အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ ၄ ဖွဲ့ဖြင့် မေ ၁၈ ရက်မှ စတင်တာဝန်ယူ ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင် များ၊ ဆေးသိုလှောင်ရုံ၊ ရုံးနှင့် ဝန်ထမ်း အိမ်ရာများ စုစုပေါင်း ၂၄ ဆောင်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကပ်ဆေးဆောင်၊ မွေးခန်းနှင့် မွေးလူနာဆောင်၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ် လူနာဆောင်၊ ဆေးသိုလှောင်ရုံ၊ သွေးလှူ ဘဏ်၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးရုံး၊ အောက်ဆီဂျင်စက်ရုံ၊ မီးစက်ရုံ၊ ရင်ခွဲရုံ စုစုပေါင်း အဆောင် ကိုးဆောင်ကို ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်သည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူးရုံး နှင့် ဆေးသိုလှောင်ရုံ စုစုပေါင်း အဆောင် လေးဆောင်ကို ပြင်ဆင်ဆောင်ရွက်လျက် ရှိရာ ဆေးသိုလှောင်ရုံ နှစ်ဆောင် ရာနှုန်း ပြည့် ပြင်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး သူနာပြုသင်တန်းကျောင်းရှိ စာသင် ဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ကိုးဆောင်ကို ပြင်ဆင်ဆောင်ရွက်လျက် ရှိရာ ဝန်ထမ်းအိမ်ရာ တစ်ဆောင် ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်