နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P Bandara ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    မေ    ၂၆


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီး ချုပ်နှင့်      ပြည်ထဲရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး      ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်သည်  မြန်မာ နိုင်ငံဆိုင်ရာ     သီရိလင်္ကာနိုင်ငံ   သံအမတ်ကြီး  H.E. Mr. J.M.J.P Bandara   ကို    ယနေ့နံနက် ၁၁နာရီခွဲတွင်      နေပြည်တော် ရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာကိစ္စရပ်များ၊    မြန်မာ နိုင်ငံနှင့်  သီရိလင်္ကာနိုင်ငံတို့သည်    BIMSTEC      အဖွဲ့ဝင်နိုင်ငံများဖြစ် သည့်အားလျော်စွာ   BIMSETC Cyber Security   ဆိုင်ရာ  ကိစ္စ ရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက် သည့် သတင်းအချက်အလက်များ ကို သတင်းဖလှယ်၍  ဆောင်ရွက် သွားမည့်  ကိစ္စရပ်များနှင့် နှစ်နိုင်ငံ  အကြား      ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်  ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း  ဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊       ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်  အောင်အောင်၊   မှုခင်း နှင့်ဥပဒေရေးရာဌာနကြီး၊   ဌာန ကြီးမှူး ရဲမှူးချုပ်   ကျော်လင်းနှင့် နိုင်ငံဖြတ်ကျော်မှုခင်း   ဌာနကြီး၊ ဌာနကြီးမှူး  ရဲမှူးချုပ် အောင်ဌေး မြင့်တို့        တက်ရောက်ခဲ့ကြသည်။                  

သတင်းစဉ်