နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မုန်တိုင်းကြောင့်ပြိုလဲနေသော သစ်ပင်သစ်ကိုင်းများရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း 
မုန်တိုင်းကြောင့်ပြိုလဲနေသော သစ်ပင်သစ်ကိုင်းများရှင်းလင်းဆောင်ရွက်နေမှုနှင့် သောက်သုံးရေသန့်ရရှိရေး 
လျှပ်စစ်ဓာတ်အားသုံးစွဲရန်မလိုဘဲ ရွှေ့ပြောင်းသယ်ယူအသုံးပြုနိုင်သည့် Life Straw ရေသန့်စင်စက်များအား ကြည့်ရှုစစ်ဆေး

 

စစ်တွေ   မေ    ၂၀
ရခိုင်ပြည်နယ်အတွင်း  မုန်တိုင်းဒဏ်ကြောင့်   ပျက်စီးဆုံးရှုံးမှုများအား    ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်း ထွန်းနောင်တို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ မုန်တိုင်းကြောင့် ပြိုလဲနေသော သစ်ပင်သစ်ကိုင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက  ရှင်းလင်းဆောင်ရွက်နေခြင်း ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ (အောက်ပုံ)
ထို့နောက်   လောကာနန္ဒာ စေတီတော်မြတ်ကြီး၊       စကြမုနိ သိမ်တော်စေတီနှင့်    သာသနာ့ ဗိမာန်တို့ကိုရောက်ရှိပြီး ဂေါပက အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပျက်စီး မှုများကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး   ပြန်လည်ပြုပြင်ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်    စေတီတော် ပရိဝုဏ်အတွင်း    သန့်ရှင်းရေးဆောင်ရွက်နေမှုများကို   ကြည့်ရှု စစ်ဆေးပြီး        သာသနာ့ဗိမာန် အောက်ထပ်တွင် ခေတ္တသိုလှောင် ထားသော ရိက္ခာနှင့် ထောက့်ပံ့ရေး ပစ္စည်းများကို     ကြည့်ရှုစစ်ဆေး ကာ   မုန်တိုင်းဒဏ်သင့်   မြို့နယ်၊ ကျေးရွာများသို့     အမြန်ပေးပို့ ထောက်ပံ့ရေးညှိနှိုင်း    မှာကြား သည်။
ထို့နောက်        စစ်တွေမြို့ ဆိပ်ကမ်းသို့  ရောက်ရှိနေသည့် စစ်ရေယာဉ်(မုတ္တမ)        ပေါ်မှ ထောက်ပံ့ရေး  ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်များသို့ ပေးပို့ ရန်   သယ်ယူပို့ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးကာ       ပစ္စည်း သယ်ချမှုပိုမိုမြန်ဆန်ရေး လိုအပ် သောအင်အား   ထပ်မံဖြည့်တင်း ဆောင်ရွက်ရန်       စီစဉ်မှာကြားခဲ့ သည်။
ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်     အဖွဲ့သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီး၌     ဆောက်လုပ်ရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီးနှင့် ကျန်းမာရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်တို့က  ဆေးရုံကြီးအား ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအစဉ် များကို   ရှင်းလင်းတင်ပြကြရာ ထပ်မံလိုအပ်သည့်  သွပ်ပြားများ ဖြည့်ဆည်းပေးပြီး   ဆေးရုံအား အမြန်ပြုပြင်ပြီးစီးရေးနှင့် သူနာပြု သင်တန်းကျောင်း  ပျက်စီးမှုများ ကိုလည်း အမြန်ပြုပြင်ကာ ရပ်နား ထားသော သင်တန်းများပြန်လည် ဖွင့်လှစ်နိုင်ရေး    ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်   အဖွဲ့သည် မြန်မာ့ဆိပ်ကမ်း    အာဏာပိုင် ဆိပ်ကမ်းဝင်းအတွင်း သိုလှောင်ရုံ သို့ရောက်ရှိပြီး ဆန်၊ ဆီနှင့် ရိက္ခာ ထုပ်များ၊        တာပေါ်လင်စများ သိုလှောင်ထားရှိမှု၊ ဖြန့်ခွဲနေမှုနှင့် သိုလှောင်ရုံအမိုးများ   ပြန်လည် မိုးကာပြီးစီးမှုတို့ကို       ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံ ပညာ  အထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းပျက်စီးမှုများ ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် နှင့်   မြို့နယ်ပညာရေးမှူးတို့အားတွေ့ဆုံ၍         စစ်တွေမြို့ပေါ်နှင့် မြို့နယ်များရှိ          အထက်တန်း ကျောင်းများ    သန့်ရှင်းရေးနှင့် ကျောင်းဖွင့်ရာသီအမီ   အမြန်ဆုံး ပြုပြင်နိုင်ရေး၊ သတ်မှတ်ရက်များ အတိုင်း    ကျောင်းလက်ခံရေး၊ သင်ကြားရေးတို့ကို ဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ရန် မှာကြား ပြီး  လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် အစိုး ရအဖွဲ့ရုံး၌သမဝါယမနှင့်   ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေး လက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မုန်တိုင်းဒဏ်ခံရသော ပြည်သူများအတွက် သောက်သုံး ရေသန့်ရရှိရေး လျှပ်စစ်ဓာတ်အား သုံးစွဲရန်မလိုဘဲ  ရွှေ့ပြောင်းသယ် ယူအသုံးပြုနိုင်သည့်   Life Straw   ရေသန့်စင်စက်များအား  ကြည့်ရှု စစ်ဆေးသည်။ (အပေါ်ပုံ)
၎င်းစက်များဖြင့်   စစ်တွေမြို့ ဆတ်ရိုးကျချောင်း  အတွင်းမှ သဘာဝရေကို       သန့်စင်ရာ ကြည်လင်သန့်ရှင်းသည့် သောက် သုံးရေကို  ရနိုင်ပြီး တစ်နာရီလျှင် ၁၅ လီတာမှ လီတာ  ၂၀  အထိ သန့်စင်ပေးနိုင်ကာ တစ်ရက်လျှင် လူဦးရေ   ၁၀၀ အတွက်  သောက် သုံးရေလုံလောက်စွာ ထုတ်ပေးနိုင် ကြောင်း သိရသည်။
ရောက်ရှိပြီးဖြစ်သော   ထို ရေသန့်စင်စက်  အလုံး  ၅၀  ကို မုန်တိုင်းဒဏ်ခံရသော မြို့ရွာများ သို့ အမြန်ဖြန့်ခွဲပေးပို့ သွားမည်ဖြစ် ပြီး ဆက်လက်ရောက်ရှိလာမည့် အလုံး ၁၆၀ ကိုလည်း  ဆက်လက် ပေးပို့သွားမည်       ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊     ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများနှင့်  ပြည်နယ် အစိုးရအဖွဲ့ဝင်  ဝန်ကြီးများသည် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော သဘာဝဘေးပြန်လည် ထူထောင် ရေးဆိုင်ရာ     လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တက်ရောက် သည်။
အစည်းအဝေးသို့  ပြည်နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ခံများ တက်ရောက်ကြပြီး ခရိုင်အုပ်ချုပ် ရေးမှူးများကလည်း         ဗီဒီယို ကွန်ဖရင့်ဖြင့်   တက်ရောက်ကြ သည်။
အစည်းအဝေးတွင်  သဘာဝ ဘေး  အန္တရာယ်ဆိုင်ရာလုပ်ငန်း အဖွဲ့ ၁၂ ဖွဲ့မှ  ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များကို တင်ပြ ကြပြီး     ဒုတိယဝန်ကြီးများက လည်း    ဝန်ကြီးဌာနအလိုက် ပြန်လည်ထူထောင်ရေး  လုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေများ ကို  ရှင်းလင်းတင်ပြကြသည်။
အလားတူ  တက်ရောက်လာ ကြသော ဌာနဆိုင်ရာများ၊  ခရိုင် အုပ်ချုပ်ရေးမှူးများကလည်း မိမိ တို့ခရိုင်အလိုက် ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ လိုအပ်သည်များကို  ဖြည့်စွက် မှာကြားပြီး  ပေါင်းစပ်ညှိနှိုင်းပေး သည်။
ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းက    နိုင်ငံတော် အစိုးရက  ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသော  ဒေသများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပိုမိုထိရောက်စေရေး ကြီးကြပ်နိုင် ရန်  စီစဉ်ဆောင်ရွက်ပေးထားမှု၊ ထောက်ပံ့ရေး        ပစ္စည်းများ သက်ဆိုင်ရာဒေသများနှင့် ပြည်သူ များ  လက်ဝယ်သို့စနစ်တကျနှင့် မြန်မြန်ဆန်ဆန်   ရောက်ရှိရေး၊  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို      ဦးစားပေးအစီအစဉ် အလိုက် အရှိန်အဟုန်ဖြင့် ဆောင် ရွက်ပြီး ပုံမှန်အခြေအနေရောက် အောင် ကြိုးစားဆောင်ရွက်ရေး၊ နောက်ဆက်တွဲ  ကူးစက်ရောဂါ များ မဖြစ်ပွားစေရန် ကျန်းမာရေး ကြိုတင်ကာကွယ်ရေးနှင့် အသိ ပညာပေးရေး၊   ဌာနဆိုင်ရာများ အချင်းချင်းညှိနှိုင်း ဆောင်ရွက်ပြီး ပြည်သူများ    အင်အားဖြင့်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး   အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ 
တင်ထွန်း(ပြန်/ဆက်)