
နေပြည်တော် မေ ၁၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မေ ၁၆ ရက် နံနက်ပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့် ကျောက် တော်မြို့တို့သို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက် ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အဖွဲ့ဝင်များသည် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ဘူးသီးတောင် တပ်နယ်၊ ရသေ့တောင်မြို့နှင့် ရသေ့တောင်တပ်နယ်၊ ကျောက်တော်မြို့နှင့် ကျောက်တော်တပ်နယ်တို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့ဝင်များသည် အဆိုပါမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ သည့် ထောက်ပံ့ငွေကျပ်သိန်း ၁၃၀၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းကို ပေးအပ် လှူဒါန်းခဲ့ကြသည်။
လိုအပ်သည်များ ကူညီဖြည့်ဆည်း
မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိမိတို့လာရောက်ခြင်း မှာ ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်က မိုခါမုန်တိုင်းဒဏ် ခံခဲ့ရသဖြင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ပြည်သူများ၏ ကြုံတွေ့ နေရသော အခက်အခဲများကို သိရှိပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင် ရွက်ပေးရန်လာခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသောအခြေအနေများကို ရခိုင်ပြည်နယ်မြောက် ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ မိမိတို့ နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရေးကြီးလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၅ ရက်က စစ်တွေမြို့သို့ ရောက်လာပြီး မိမိတို့အဖွဲ့အား မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင် ရွက်ရန်များကို လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း။
စဉ်ဆက်မပြတ်ပို့ဆောင်ပေး
နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရတို့အနေဖြင့် ကူညီ ထောက်ပံ့ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးကိစ္စများကို အလျင်အမြန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများ၊ ယာယီတဲများနှင့် အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်း များကို မုန်တိုင်းမကျမီကတည်းက ကြိုတင် ပို့ဆောင်ထားသည်များရှိသကဲ့သို့ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ မော်တော် ယာဉ်၊ ရေယာဉ်၊ တပ်မတော်ရေယာဉ်၊ လေယာဉ်တို့ဖြင့် စဉ်ဆက်မပြတ်ပို့ဆောင် ပေးလျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်ခံခဲ့ရ သည့် မြို့နယ်များ၊ ကျေးရွာ/ရပ်ကွက်များ သို့ ကယ်ဆယ်ရေးပစ္စည်းများ အမြန် ပို့ဆောင် ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မကြာမီဖွင့်တော့မည် အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီး ကျောင်းများကို ဦးစား ပေး ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ သယ်ယူပို့ဆောင် ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် သောက်သုံးရေရရှိရေးတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဒေသခံပြည်သူများ တွေ့ကြုံ ခံစားနေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။
တွေ့ဆုံအားပေးစကားပြောကြား
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ဌာနဆိုင်ရာတာဝန်ရှိ သူများ လိုက်ပါလျက် ဆိုင်ကလုန်း မုန်တိုင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး မြို့များသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်၍ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀၊ ဆန်၊ ဆီ၊ ဆားနှင့် စားသောက် ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် လှူဒါန်းသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများ နှင့် အဖွဲ့သည် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာရှိ IDP စခန်းများနှင့် ပေါက်တောမြို့နယ်တို့တွင် မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ဝေဟင်မှ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြေပုံမြို့သို့ ရောက်ရှိကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည့် အဆောက်အဦများ၊ ကမ်းနားလမ်း၊ မြို့ပတ်လမ်းနေရာများတွင် ကမ်းထိန်း နံရံနှင့် လမ်းများပျက်စီးခြင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ အဖွဲ့ဝင် များသည် တောင်ပေါ်ရပ်ကွက်သို့ သွားရောက်၍ ရပ်ကွက်တွင် နေထိုင် လျက်ရှိသည့် ဘင်္ဂါလီအိမ်ထောင်စုဝင် များအား လည်းကောင်း၊ အငူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများအား လည်းကောင်း သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ရောက်ရှိပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ လေမုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် သင်တန်းသူ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မုန်တိုင်းမကျရောက်မီကာလ ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းမှူးတို့က အမှာစကားများ ပြောကြား ကြပြီး မြို့မိ/မြို့ဖများ၏ ဒေသ ကောင်းကျိုးအတွက် အကြံပြုတင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး သည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDP စခန်းအား ပြောင်းရွှေ့နေရာချထားသည့် အေးမြသာယာကျေးရွာသို့သွားရောက်၍ ကျေးရွာတွင် ပြောင်းရွှေ့နေထိုင်လျက် ရှိသော ဘင်္ဂါလီမိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ကျေးရွာအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတစ်ဆင့် အဖွဲ့ဝင် များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့ များသို့ ဆက်လက်သွားရောက်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ family kits ပုံးများ ထောက်ပံ့ပေးအပ်လှူဒါန်းကာ မြို့တွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် စာသင်ကျောင်းများနှင့် အဆောက်အဦများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)