
စစ်တွေ စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက တပ်မတော်ရဟတ် ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ရသေ့တောင် မြို့ နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် အဖွဲ့သည် မောင်တောမြို့သို့ရောက်ရှိပြီး မောင်တောမြို့ သာသနာ့ဗိမာန်၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
အသိပညာအတတ်ပညာများ ရှိရန်လိုအပ်
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်း ချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံး အသိပညာအတတ်ပညာများ ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် အနာဂတ် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံ သောလူငယ်များ မွေးထုတ်နိုင်ရေး၊ အကျင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူ များ တိုးတက်လာစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင် ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။(အပေါ်ပုံ)
ယင်းနောက် တက်ရောက်လာကြ သော ဒေသခံပြည်သူများက မောင်တော မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး တို့အတွက် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။
သွားရောက်ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မောင်တော ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော မြို့သူကြီးတစ်ပိုင်တစ်နိုင် ရေချိုငါးသားဖောက်စခန်းသို့ သွားရောက် ၍ ရေချိုငါးများ သားဖောက်ဆောင်ရွက်နေမှု နှင့် ကျေးလက်တစ်ပိုင်တစ်နိုင် သရုပ် ပြကန်များ ဆောင်ရွက်ထားရှိမှုကိုလည်း ကောင်း၊ မောင်တောမြို့ ဇူလကျေးရွာ၌ ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူရီးယား ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ် ပြပွဲကိုလည်းကောင်း၊ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး၌ မွေးမြူရေး လုပ်ငန်းရှင် ဦးမောင်သိန်းကျော်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ရေချိုငါး မွေးမြူရေးကန်များကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဘူးသီး တောင်မြို့ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဝင်က အမှာစကားပြောကြားကာ မြို့မိမြို့ဖ များနှင့်ဒေသခံပြည်သူများက ဘူးသီး တောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နန်းရာကုန်း ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမာဘူ ရော်မာန်၏ အသားတိုးကြက်မွေးမြူရေးခြံကိုလည်းကောင်း၊ လက်ဝဲဒက်ပြင်ရှည် ကျေးရွာ၌ မိုးစပါးပေါင်ပျိုးထောင် စိုက်စနစ် စံပြကွက်ဧက ၂၀ တွင် ပေါင်းရှင်းတမန်းနှိုး ခြင်း၊ ယူရီးယားဓာတ်မြေဩဇာနှင့် စူပါ ဘိုကာရှီသဘာဝမြေဩဇာ ရောစပ်ကြဲပက် ခြင်း ကွင်းသရုပ်ပြပွဲကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ရသေ့ တောင်မြို့နယ်သို့ သွားရောက်ပြီး ခနောင်း ကြီးကျေးရွာ၌ မိုခါမုန်တိုင်းသင့်တောင်သူ များအား နိုင်ငံတော်မှထောက်ပံ့သော မျိုးစပါး GW-11 ၁၀ ဧက စိုက်ပျိုးအောင်မြင် နေမှုနှင့် စိုက်ကွင်းအတွင်း ယူရီးယား ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝ မြေဩဇာရောစပ် ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ရသေ့တောင်မြို့ စေတီတောင်ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် စေတီတောင်ဘုရားစောင်းတန်း၊ အမိုးအကာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြကာ ဘုရားကြီးဘက်စုံပြုပြင်နိုင်ရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ သည်။
သတင်းစဉ်