နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တနိုင်းခရိုင်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံ မြစ်ကြီးနားတက္ကသိုလ်ဝန်ထမ်း မိသားစုများအား သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှု ကြည့်ရှုစစ်ဆေး

 

မြစ်ကြီးနား  စက်တင်ဘာ  ၁၅


နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်     ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့်  ဇနီး၊     ပြည်နယ်တရား လွှတ်တော်       တရားသူကြီးချုပ် ဦးတူးဂျာ၊     မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့မှ တနိုင်း ခရိုင်   တနိုင်းမြို့သို့   ယနေ့နံနက် ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ် ဖြင့် ရောက်ရှိကြသည်။


ဒေသခံများနှင့် တွေ့ဆုံ


ရှေးဦးစွာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် သည် တနိုင်းမြို့ ဟူးကောင်းခန်းမ ၌      ဒေသကွပ်ကဲရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင် အတွင်းရှိ  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာ    အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များ၊ လူမှုကူညီရေးပရဟိတ အသင်း/အဖွဲ့များ၊  စိုက်ပျိုးရေး ကိုယ်စားလှယ်    တောင်သူများ၊ ဒေသခံပြည်သူများနှင့်    တွေ့ဆုံ သည်။


ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    ဒေါ်ဒွဲဘူက     နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက် (၉)  ရပ်ကို   ရေးဆွဲချမှတ် ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်း ထုတ်ကုန်များ   တိုးတက်မြင့်မား ရေး  MSME    လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေး ရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ပြည့်ဝသော၊    ဗလငါးတန်နှင့် ပြည့်စုံသော   အနာဂတ်လူငယ် များ   လေ့ကျင့်မွေးထုတ်ပေးနိုင် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေး၊     တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှု   ရရှိရေးနှင့် လွတ်လပ်ပြီး    တရားမျှတသည့် ပါတီစုံဒီမိုကရေစီ     အထွေထွေ ရွေးကောက်ပွဲ      အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး    စသည့် လုပ်ငန်းစဉ်များကို  ဆောင်ရွက် လျက်ရှိရာ မိမိတို့   ပြည်သူတစ်ဦး ချင်းစီက   အတူတကွ    ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်   လိုအပ် ပါကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာ ကြသည့် မြို့မိမြို့ဖများ၊ အသင်း အဖွဲ့များ၊      စိုက်ပျိုးမွေးမြူရေး တောင်သူ    ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက    စိုက်ပျိုး မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို     တင်ပြကြ သည်။


ြည့်စွက်ရှင်းလင်း


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်    ကျဉ်းမြောင်းရေး၊ တစ်ပြေးညီ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်       ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ    ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ တနိုင်း ဒေသသည် ဆန်ဖူလုံရေးအနေဖြင့် ၇၈ ရာခိုင်နှုန်းသာရှိသည့်အတွက် တနိုင်းဒေသ     ဆန်ဖူလုံရေးနှင့် မွေးမြူရေးဇုန် အကောင်အထည် ဖော်နိုင်ရေး    စီမံချက်ရေးဆွဲ၍ လိုအပ်သည်များကို    ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်    ဖြစ် ကြောင်းနှင့်    လိုအပ်ချက်များကို  ဖြည့်စွက်ရှင်းလင်း     ပြောကြား သည်။ 


ထောက်ပံ့ငွေပေးအပ်


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က တနိုင်းဒေသအတွင်း ပန်းခင်းစီမံ ချက်(၂)ဖြင့် ဆောင်ရွက်ပေးသည့် အသက်(၁၆)နှစ်မှ (၁၈)နှစ်အထိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ   ကျောင်းသား ကျောင်းသူများအား    နိုင်ငံသား စိစစ်ရေးကတ်ပြား   ၁၄၂   ကတ် ကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က   တနိုင်း ဒေသရှိ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု       အသင်းအဖွဲ့များ အတွက် ထောက်ပံ့ငွေကျပ်   ၁၂ သိန်း၊ လူမှုပရဟိတအသင်းအဖွဲ့ များအတွက်  ထောက်ပံ့ငွေကျပ် ၁၈  သိန်းကို   ထောက်ပံ့ပေးအပ် ကြသည်။ 
ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စိုက်ပျိုးမွေးမြူရေး   လိုအပ်ချက် များကို      အလေးအနက်ထား ဖြည့်ဆည်းပေးနိုင်ရေး     ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေး


ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင် သည် တနိုင်းမြို့ (၅) မိုင်ရှိ နိုင်ငံ့ စီးပွားမြှင့်တင်ရေး  ရန်ပုံငွေကျပ် သိန်း ၇၀၀ ပံ့ပိုးမှုဖြင့်  ဆောင်ရွက် နေသည့်    ဒေါ်နန်ဂျာ၏   ဝက်ခြံ၌ အသားတိုးဝက် ကောင်ရေ ၁၅၀ ကျော်       စီးပွားဖြစ်        တိုးတက် အောင်မြင်လာမှုအခြေအနေများ ကို  လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး       လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ဝက်ဝမ်းကျ ကာကွယ်ဆေးများနှင့်    မွေးမြူ ရေးအထောက်အကူပြု  ဆေးဝါး များကို   ထောက်ပံ့ပေးအပ်ကြ သည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီးများနှင့်     အတူ မြစ်ကြီးနား         တက္ကသိုလ်ဝင်း အတွင်း ဝန်ထမ်းများနှင့်အဆောင် နေ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်အတွင်းရှိ     ပြည်သူများ အား ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှု ဖြင့်   ဌာနဆိုင်ရာများ၊   စည်ပင် သာယာရေးအဖွဲ့တို့   ပူးပေါင်း၍ ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာ သော ဈေးနှုန်းဖြင့် ဆန်၊  ကြက်၊ ဝက်၊ အမဲ၊  ငါး၊  စားသုံးဆီနှင့် အသီးအနှံများ ဖွင့်လှစ်ရောင်းချ ပေးနေမှုကို ကြည့်ရှုအားပေးကာ တက္ကသိုလ်     ပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၊     ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများအတွက် အခြေခံ  စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း        သိရသည်။ 
 

သတင်းစဉ်