
စစ်တွေ ဇန်နဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာ၌ ပြုလုပ်သည့် ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ဖွင့်ပွဲသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တာဝန်ရှိသူ များက ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင် ထားသည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် ဆောင်ရွက်ထား သည့် တည်းခိုဆောင်ဘန်ဂလိုများ၊ အခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ခရီးသွားဧည့်သည်များအား ဖျော်ဖြေတင်ဆက်ရန် ကျေးရွာသူ ကျေးရွာသားများက ကျေးရွာဓလေ့အကများ၊ ရိုးရာတီးဝိုင်း များဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ ကမားချောင်းတံတား ပေ ၃၀၀ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့် တံတား အထူးအဖွဲ့(၈) မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ကမားချောင်းတံတားသည် အုတ်မြစ်ဘိုးပိုင်၊ ကိုယ်ထည် RC ကွန်ကရစ်နှင့် အပေါ်ထည် RC ဆလပ်အမျိုးအစားဖြစ်ပြီး ခန့်မှန်း စီမံကိန်း တန်ဖိုးငွေကျပ် သန်း ၁၅၀၀ ဖြစ်ကာ ၂၀၂၀-၂၀၂၁ ပြည်နယ် ရန်ပုံငွေ ကျပ်သန်း ၅၀၀၊ ၂၀၂၁-၂၀၂၂ မီနီ ပြည်နယ်ရန်ပုံငွေကျပ် သန်း ၅၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၈)က တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)