နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် (၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့ တက်ရောက်

 

စစ်တွေ    ဧပြီ    ၁၇


(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံး ကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော် ပွဲအခမ်းအနားကို    ရခိုင်-မြန်မာ သက္ကရာဇ်    ၁၃၈၄   ခု၊    မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။ 

 


တက်ရောက်


အခမ်းအနားသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန်၊      ရခိုင်ပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာ အောင် ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရား  လွှတ်တော်     တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီး များနှင့် ဇနီးများ၊ စစ်တွေတပ်နယ် မှ     တပ်မတော်အရာရှိကြီးများ၊ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး အဘွားများ၊      ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ်   သက်ကြီး ပူဇော်ပွဲ ကော်မတီဝင်များ၊ ယိမ်း အကအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 


မင်္ဂလာစည်တော်တီး  ဖွင့်လှစ်


ရှေးဦးစွာ            မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍  ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီး ပူဇော်ပွဲကျင်းပရေး     ကော်မတီ စာရင်းစစ်မှူး  ဦးစံညွန့်က မင်္ဂလာ ဩဘာရတုဖြင့် ရွတ်ဆိုပူဇော်ကာ မြို့လုံးကျွတ်   သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ           ဥက္ကဋ္ဌ ဦးစံသာမောင်က သက်ကြီးပူဇော် ပွဲကျင်းပရခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 


နှုတ်ခွန်းဆက်စကားပြောကြား


ဆက်လက်၍      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က       နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ်             ဝန်ကြီးချုပ် ဒေါက်တာ    အောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကား      ပြောကြားသည်။ 

 


ယိမ်းအကဖြင့် ကပြဖျော်ဖြေ


ထို့နောက်        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊     ရခိုင်ပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာ  အောင် ကျော်မင်း    အမှူးပြုသော    ဧည့် ပရိသတ်များက        သက်ကြီး အဘိုး အဘွားများကို လက်အုပ် ချီမိုး      ဦးချပူဇော်ကန်တော့ကြ သည်။  ယင်းနောက်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်   ပြည်နယ်ဝန်ကြီးချုပ်တို့က သက်ကြီးအဘိုး   အဘွားများကို မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော် ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာ      မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ    ကော်မတီနှင့် အလှူရှင်၊     စေတနာရှင်များက အဘိုး  အဘွားများကို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို   လှူဒါန်း ကြသည်။ ယင်းနောက် အပူဇော်ခံ အဘိုး        အဘွားများကိုယ်စား အဘိုး    ဦးစောစိန်က  ဆုတောင်း မေတ္တာပို့စကား     ပြောကြားပြီး မြို့လုံးကျွတ်  သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ ယဉ်ကျေးမှု ကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့်        ဂါရဝပြုကပြ ဖျော်ဖြေပူဇော်ကြသည်။ 

 


ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်


ထို့နောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ   အောင် ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီနှင့်  ယိမ်း အကအဖွဲ့ဝင်       လူငယ်များကို အလှူငွေနှင့်    ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


ပူဇော်ကန်တော့


သက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီမှ     ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံ      အဘိုး အဘွား ၇၀ ကို ပူဇော်ကန်တော့ကြ ပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွား ရိပ်သာရှိ  အဘိုး အဘွားများကို လည်း လှည့်လည်ပူဇော်ကန်တော့ သွားမည်ဖြစ်သည်။

 

  စစ်တွေမြို့ တွင် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီက အသက် ၈၀ နှင့်အထက် အဘိုး အဘွားများ နှင့်      အသက်တစ်ရာအထက် အဘိုး   အဘွား ခုနစ်ဦးအပါအဝင် စုစုပေါင်း   ၁၁၁၀  ကို    ပူဇော် ကန်တော့သွားမည်   ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်