နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင် မော်လမြိုင်မြို့ Myanmar Lighting (IPP) ဓာတ်အားပေးစက်ရုံနှင့် အတ္ထရံတံတားသစ်တည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်   မတ်    ၁၉


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၀င် ဒေါက်တာဗညား အောင်မိုးနှင့်   မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ         ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ တိုင်းရင်းသား   လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊    မွန် ပြည်နယ်၀န်ကြီးချုပ်    ဦးဇော် လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ရှိ Myanmar Lighting (IPP) Power Plant ဓာတ်အားပေး   စက်ရုံသို့ သွားရောက်          ကြည့်ရှုစစ်ဆေး သည်။ 

 


ဦးစွာ ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်တွင်     ကုမ္ပဏီ ဥက္ကဋ္ဌ   ဦးစိန်ဝမ်းက   စက်ရုံ၏ လျှပ်စစ်ဓာတ်အား   ထုတ်လုပ်မှု၊ မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ် အတွင်း               လျှပ်စစ်ဓာတ်အား လိုအပ်ချက်     ဖြည့်တင်းပေးမှု၊ ဓာတ်ငွေ့သုံး   တာဘိုင်လေးလုံး နှင့် ရေနွေးငွေ့သုံး တာဘိုင်နှစ်လုံး ဖြင့်  လျှပ်စစ်ဓာတ်အား  ၁၇၉ မဂ္ဂါဝပ်  ထုတ်လုပ်ဖြန့်ဖြူးမှုတို့ကို ရှင်းလင်းတင်ပြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ က    ပြည်သူများ၏        လျှပ်စစ် ဓာတ်အား လိုအပ်ချက်များ ဖြည့် ဆည်းနိုင်ရေး      ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်       ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ ဓာတ်အား လိုအပ်ချက်များ   ပိုမိုဖြည့်ဆည်း နိုင်ရေး          ဆက်လက်ကြိုးစား ဆောင်ရွက်ရန် မှာကြားသည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး   အဖွဲ့ဝင်များသည် ဆောက်လုပ်ရေး   ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက   တာဝန်ယူ တည်ဆောက်မည့်            အရှေ့ အနောက်           စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်ရှိ   JICA   ODA LOAN   ဖြင့်   ဆောင်ရွက်မည့် အတ္ထရံတံတားအသစ်            တည် ဆောက်ရေးစီမံကိန်းသို့     သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန   အင်ဂျင်နီယာ ချုပ် (မြို့ပြ)  ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ    ဆောင်ရွက်မှု များကို           ရှင်းလင်းတင်ပြရာ နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက  သိရှိလို သည့်အချက်များကို   မေးမြန်း ဆွေးနွေးသည်။

 


အတ္ထရံတံတားအသစ်  တည် ဆောက်ရေး   စီမံကိန်းသည် ပင်မ တံတားအရှည်  ၃၂၆   မီတာ၊  ချဉ်ကပ်တံတား   ၁၅၄  မီတာ၊ တံတားအပေါ်ထည်  ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ် တံတား  T ပုံသဏ္ဌာန်  ကြိုတင် အားဖြည့်  ကွန်ကရစ်ရက်မဖြင့် တည်ဆောက်ထားသော နှစ်ခန်း ဆက်ကြိုတင်အားဖြည့်   သံကူ ကွန်ကရစ်တံတားဖြစ်ကြောင်း ၊ တံတား အကျယ် (၂၀ ဒသမ ၇ ) မီတာ လေးလမ်းသွား ၊ တံတား ခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ် တစ်စီးချင်း ခွင့်ပြုတန်ချိန်  ၆၀  ဖြစ်ကြောင်း၊ စီမံကိန်းကာလ  ၃၉ လ သတ်မှတ် ထားရာ ယခုအခါ  ၁ ဒသမ ၆၃  ရာခိုင်နှုန်း             ဆောင်ရွက်ပြီးစီး ကြောင်း သိရသည်။  

သတင်းစဉ်