နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

*    မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခြင်း
*    နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ
*    နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ
*    ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုးမီဒီယာများမှ နိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို ကောလာဟလသတင်း မျိုးစုံထုတ်လွှင့်နေမှုများ
*    ၃၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများအတွင်း ရန်သူများ အနေဖြင့် ပြည်သူပိုင်အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံများကို အကာကွယ်ယူ၍တိုက်ခိုက်နေပြီး တပ်မတော်အပေါ် မဟုတ်မမှန်  ကောလာဟလထုတ်လွှင့်နေမှု    အခြေအနေများနှင့်ပတ်သက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် အနေနဲ့  မြန်မာ-တရုတ်  ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တပ်မတော် ရေ) က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံက စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခဲ့ ပါတယ်။   မနက်ဖြန်မှာတော့    မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း     လေ့ကျင့်ခန်း စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 


ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင်  ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား အမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၂၁၂ ဦးကို တရုတ်နိုင်ငံဘက်က       တာဝန်ရှိသူများထံကို လွှဲပြောင်းပေးခဲ့ပါတယ်။  စုစုပေါင်း  ဒီနေ့အထိ ၁၀၃၈၂ ဦးရှိပြီးဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး၊  တရားဥပဒေစိုးမိုးရေး၊  လုံခြုံရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား    နီးကပ်စွာ     ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောချင်တယ်။ 


နောက်တစ်ခုက ကောလာဟလသတင်းတွေ ဖြစ်ပါတယ်။  အခုအချိန်မှာ  ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုး မီဒီယာများအနေနဲ့ နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်တွေမှာ ကောလာဟလတွေမျိုးစုံ    ထုတ်လွှင့်နေတာရှိ ပါတယ်။ အင်းစိန်မှာရှိတဲ့ ဦးပိုင် ပိုင်ဆိုင်တဲ့ကားဝင်း ကို Drop Bomb ချခဲ့တယ်။ ပြီးရင်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့    မဟုတ်မမှန်သတင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။    ဒီသတင်းသည် သတင်းမှားပဲဖြစ်ပါတယ်။       နောက်တစ်ခုက စစ်ကိုင်းတိုင်းဒေသကြီး   တန့်ဆည်မှာ   မြို့သိမ်း တိုက်ပွဲ   ဆင်နွှဲနေတယ်။   တပ်ဘက်ကနေ     ဘယ်လောက်ကျဆုံးတယ်     ဆိုတာမျိုးတွေ      ထုတ်လွှင့်နေတာရှိပါတယ်။ အဲဒီသတင်းထုတ်လွှင့် နေတဲ့သူတွေက အသိဆုံးပဲ ဖြစ်ပါတယ်။   မနေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ  ဘယ်လောက်အထိ KIA ၊ PDF အဖွဲ့များသေဆုံး  ဒဏ်ရာရခဲ့တယ်ဆိုတာ  သူတို့ အသိဆုံးပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်မဲ မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ Toll Gate အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။   အဲဒီမှာတော့  TNLA ၊ MNDAA ပူးပေါင်းအဖွဲ့က     ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့    ဒေသခံတွေအနေနဲ့   အဲဒီ ဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကို ပြန်လာတဲ့အခါမှာ အပုပ်နံ့တွေရလို့ လိုက်လံရှိဖွေတဲ့ အခါမှာ တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA ၊ KIA ၊ MNDAA ၊ PDF တံဆိပ်ပါတဲ့ အလောင်း ပေါင်း မြောက်မြားစွာ တွေ့ရှိခဲ့ရပါတယ်။ မြို့နယ် လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းရှင်းလင်းခဲ့ရ ပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်း မှာလည်း   ဒီအတိုင်းပစ်ချခဲ့တဲ့   ခုနအဖွဲ့တွေရဲ့ ယူနီဖောင်းပါတဲ့ အလောင်းတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းလင်းရေး ဆောင်ရွက်နေ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့  ပြည်ပမှာ  နေထိုင်နေတဲ့  တိုင်းဖျက်  ပြည်ဖျက် ဆန့်ကျင်ရေးသမားတွေ၊  ပြည်ပကနေပြီး အသံ  ကောင်းဟစ်နေတဲ့ တိုင်းဖျက် ပြည်ဖျက် အနောက် အားကိုး မီဒီယာများရဲ့ မြှောက်ပင့်မှု၊ ကောလာဟလ တွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သေဆုံး ရတဲ့သူ မနည်းပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒီသေဆုံးရတဲ့သူတွေဟာ  မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကပဲ ကျဆုံးသည် ဖြစ်စေ၊ ရန်သူဘက်က သေဆုံးသည်ဖြစ်စေ။ မြန်မာ နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ သည် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည် တွင်း သောင်းကျန်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည် ဖွံ့ဖြိုးသင့်သလောက်  မဖွံ့ဖြိုးခဲ့ရပါဘူး။  ခုအချိန် မှာလည်း ဒီဝဲဂယက်ထဲမှာပဲ ရှိနေတာကို တွေ့နိုင် မှာ  ဖြစ်ပါတယ်။  ဒါတွေကို  ယခင်ကတည်းက ကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံ   တွေက  ဦးစီးပြီး  လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း    သူတို့ပဲ  ဦးစီးပြီးလုပ်ဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။      ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက သတိရှိ ရမှာဖြစ်ပါတယ်။ ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု  အနေနဲ့ကတော့   နန့်ခမ်း၊  ၁၀၅  မိုင်  မူဆယ်၊ တာမိုးညှဲဘက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။  တာမိုးညှဲနဲ့  နန့်ခမ်းမှာတော့  ရန်သူ ထိခိုက်ကျဆုံးမှုများပြားတယ်ဆိုတာ သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့    လွိုင်ကော်က အထကကျောင်းအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တော အထက်တန်းကျောင်းနားမှာ     ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိပါတယ်။ ဒီရန်သူအနေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေ၊  ပညာရေး၊  ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်က  တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကိုပစ်ခတ်တယ်၊ ဆေးရုံကိုပစ်ခတ်တယ်ဆိုတဲ့    ကောလာဟလ သတင်းတွေ၊  မဟုတ်မမှန်သတင်းတွေ၊  လုပ်ကြံ သတင်းတွေ ဖန်တီးပြီးဆောင်ရွက်နေတာဖြစ်ပါ တယ်။ စစ်ရေးဆိုင်ရာ အခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံ တစ်ခုလို့   သတ်မှတ်ထားတဲ့နေရာ၊   ဒီသတ်မှတ် ထားတဲ့ နေရာသည် ရန်သူက ကိုယ့်ကို  မပစ်မခတ် မချင်း အရပ်ဘက် အဆောက်အအုံပါပဲ။ ရန်သူက  ကိုယ့်ကို   ဒီဟာပေါ်မှာမူတည်ပြီး   ပစ်ခတ်လာရင် တော့  ဒါစစ်ဘက်ဆိုင်ရာ  အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း  အသိပေးပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။