
တရုတ်နိုင်ငံအကူအညီဖြင့် MNDAA ၊ TNLA ၊ AA အဖွဲ့များနှင့်နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန်
တွေ့ဆုံဆွေးနွေးမှုများကို အနောက်နိုင်ငံထောက်ပံ့ပေးထားသည့် မီဒီယာများက အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံရောက်ရှိလာစေရေး ခြိမ်းခြောက်စည်းရုံးနေမှုများ၊ ၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်တို့တွင်
ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
မနေ့ကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ပြောခဲ့ ပါတယ်။ ဒီနေ့မှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး အနောက်နိုင်ငံ အားပေးမီဒီယာများ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ မီဒီယာများကနေပြီး ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့ သဘောပေါ့။ မဖြစ်စေချင်တဲ့သဘော။ ပြီးရင် ဒါနဲ့ပတ်သက်ပြီး မဟုတ် ဘူးဆိုတဲ့သဘောတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ဒီတော့ တရုတ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေနဲ့လည်း ပြောပြီးဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်ထပ်ပြီးတော့ အသေးစိတ် ပြောစရာမရှိပါဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ အနောက်နိုင်ငံ အားပေးမီဒီယာများ၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဒေါက်တိုင် မီဒီယာ များအနေနဲ့ ကျွန်တော်တို့ တရုတ် - မြန်မာနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားနေတာတော့အမှန်ပဲဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးပြေလည်သွားမှာကို၊ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်း သွားမှာကို မလိုလားဖြစ်နေတာတော့ အထင်းသားတွေ့နိုင်တယ်လို့ ပြောချင်ပါတယ်။ အနောက်နိုင်ငံအားပေးမီဒီယာများ၊ အနောက်နိုင်ငံရဲ့ ဒေါက်တိုင်မီဒီယာများကတော့ ဒီကိစ္စမှမဟုတ်ပါဘူး။ သူတို့အနေနဲ့ ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမှ ငြိမ်းချမ်းစေချင်တာမဟုတ် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက် ဝင်ငွေ ရရှိလေပဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေရပ်တန့်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာမှာတွေကို မလိုလားဆုံးဖြစ်
သူတို့ရပ်တည်နေတာသည် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေး မြန်မာနိုင်ငံမှာ သူတို့ကိုထောက်ပံ့ပေးနိုင်မယ့်၊ မြန်မာနိုင်ငံမှာ သူတို့ လိုလားတဲ့ သူတို့ရဲ့လက်ကိုင်တုတ်အစိုးရ ရရှိရေးအတွက် ရည်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို တိုက်ပွဲတွေရပ်တန့်သွားမှာ၊ ငြိမ်းချမ်းရေး ရရှိမှာ သူတို့ရဲ့အစိုးရိမ်ဆုံးဖြစ်ပါတယ်။ ယခင်နှစ်တွေကလည်း ကျွန်တော်တို့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ ကြတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကြောင့် တိုက်ပွဲရပ်တန့်သွားတယ်။ တိုက်ပွဲ ရပ်တန့်သွားတဲ့အချိန်မှာလည်း ဒီလိုပဲဝေဖန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။ ရပ်တန့်သွားတဲ့တိုက်ပွဲကို မဖြစ်ဖြစ်အောင်လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလည်း ဒီလိုပဲ လုပ်ဆောင်တာဖြစ်ပါတယ်။ သူတို့ရဲ့စိုးရိမ်ချက်ကတော့ မြန်မာနိုင်ငံ ရဲ့ မည်သည့်နေရာမှာမဆို တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းသွားမှာတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာမှာတွေကို မလိုလား ဆုံးဖြစ်ပါတယ်။ ဒီအတွက်လည်းဆက်လက်ပြီး လုပ်ဆောင်နေမှာဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့၊ အိမ်နီးချင်းနိုင်ငံများအနေနဲ့ သတိကြီးစွာထား ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
နောက်တစ်ခုက ဒီရက်ပိုင်းတွေအတွင်းမှာ လုပ်ဆောင်နေတဲ့ဟာ တွေရှိပါတယ်။ အဓိက ကတော့ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ သူတို့ဘက်ကို ရောက်ရှိလာနိုင်ရေး အသည်းအသန်စည်းရုံးနေတာ တွေ၊ အသည်းအသန်ခြိမ်းခြောက်နေတာတွေ ကျွန်တော်တို့ တွေ့ရပါ တယ်။ သူတို့က တရားမျှတတယ်ပြောရင်၊ ပြည်သူက ထောက်ခံတယ် လို့ပြောရင် ဒါတွေကို အသည်းအသန် အကြောက်အကန် လုပ်ဆောင် နေဖို့လိုနိုင်မလားဆိုတဲ့ စဉ်းစားတွေးခေါ်မှုမျိုး ကျွန်တော်တို့ တိုင်းရင်း သား ပြည်သူလူထုအားလုံးမှာ သိရှိဖို့လိုပါတယ်။ NUG အကြမ်းဖက် အဖွဲ့၊ PDF အကြမ်းဖက်အဖွဲ့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ မဲလိမ်မဲခိုးမှု ကြောင့် တပ်မတော်အနေနဲ့ တာဝန်ယူခဲ့ရတယ်။ ဒီတာဝန်မယူခင်မှာ လည်း ညှိနှိုင်းမှုအမျိုးမျိုးလုပ်ခဲ့တယ်။ တာဝန်ယူပြီးနောက်ပိုင်းမှာ လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းဖို့ ပြောခဲ့ လုပ်ခဲ့ပါတယ်။
အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ပြီး
လုပ်ဆောင်မယ့်သူတွေလား
သို့သော် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို သူတို့ရွေးချယ်ပြီး ပြည်သူ့ရဲ့လူမှုစီးပွားဘဝကိုဖျက်ဆီးနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၂၀ ကို သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ဖျက်ဆီး၊ မီးရှို့၊ မိုင်းထောင် ခဲ့တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခုရှိပါတယ်။ စာသင်ကျောင်း၊ ပညာရေး ဆိုင်ရာအဆောက်အအုံပေါင်း ၇၇၃ ခုရှိခဲ့ပါတယ်။ အများပြည်သူလူထု အသုံးပြုနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော် ဖျက်ဆီးခဲ့ပါ တယ်။ ဒီလိုလူမျိုးတွေ၊ ဒီလိုအဖျက်လုပ်ငန်းတွေ လုပ်နေတဲ့သူတွေ ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမို ကရေစီအရေး၊ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်အရေးဆိုတာ တွေကို လုပ်ဆောင်မယ့်သူတွေလား၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည် ပြီး သူတို့အာဏာရရှိရေးလုပ်ဆောင်မယ့် သူတွေလားဆိုတာ ပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်နိုင်ပါတယ်။ ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုတစ်ရပ်လုံး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်စဉ်များအနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာတော့ နမ့်ဆန်ဒေသမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့်အရှေ့ဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှုရှိပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ခရီးစဉ်မှာ ယာယီ နေရပ်စွန့်ခွာပြည်သူများနဲ့တွေ့ဆုံခဲ့ပါတယ်။ သိန္နီဘက်နဲ့ လားရှိုးနယ် တစ်ဝိုက်က နေရပ်စွန့်ခွာများနဲ့ စကားပြောဆိုခဲ့ပါတယ်။ သူတို့ အနေနဲ့က ယာယီနေရပ်စွန့်ခွာတွေဖြစ်တဲ့အတွက် စားဝတ်နေရေး၊ နေထိုင်ရေးအကျပ်အတည်း တချို့ရှိပါတယ်။ ဒါတွေကို လူမှုအဖွဲ့ အစည်းတွေအားလုံးက ကူညီဖြေရှင်းပေးနေကြတယ်။ သို့သော် သူတို့ ပိုပြီးတော့ပူတာက သူတို့ရဲ့သားသမီးတွေ၊ ကလေးတွေကျောင်းမတက် ရတာကို ပိုပြီးပူတာကို တွေ့ရပါတယ်။ ဒီနေရာမှာကျွန်တော်တို့ မြင်လိုက်တာကတော့ ဒီဒေသသည် တိုင်းပြည်ရဲ့ သားသမီးတွေရဲ့ ပညာရေး သူတို့ရဲ့အနာဂတ်အတွက်ကိုလည်း ပိုပြီးအလေးထားတဲ့ နေရာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယာယီနေရပ် စွန့်ခွာမိသားစုတွေ၊ ကလေးသူငယ်တွေ ပညာသင်ကြားရေး အတွက်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အဓိကထားဆောင်ရွက် လျက်ရှိပါတယ်။ ကျန်းမာရေးအတွက်လည်း အဓိကထားဆောင်ရွက် လျက်ရှိပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ မငြိမ်သက်တဲ့နေရာတွေ မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအနေနဲ့ အားသွန် ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
သတင်းစဉ်