
နေပြည်တော် နိုဝင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆို ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
အကြမ်းဖက်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော် အစိုးရအနေဖြင့် ဂုဏ်ထူး ဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြစ်ဒဏ် ကျခံနေရသူများကို ပြစ်ဒဏ်များမှ ဖြေလျှော့သက်ညှာစွာ ဆောင်ရွက်ပေးမှု ကိစ္စရပ်များ၊ အာဆီယံအဖွဲ့ကြီးနှင့် ဆက်စပ်ကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့်ကုန် သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး ဆိုင်ရာကိစ္စများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ Power Point Presentation များ၊ Video ဖိုင် များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
မဲမသမာမှုများနှင့်တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်သူများ အရေးယူ
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှု များနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှု အခြေအနေများ၊ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုခြင်း၊ စိစစ်ခြင်းနှင့် မဲရုံနှင့်မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ဆောင်ရွက်မှု အခြေ အနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
မေးမြန်းဖြေကြားမှုအပြည့်အစုံ ဆက်လက်ဖော်ပြမည်
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် များ၊ တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ပြည်တွင်းသတင်းဌာန များ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာန များ၊ ပြည်တွင်း အခြေစိုက်ပြည်ပ သတင်း ဌာနမှ သတင်းထောက်များ လာရောက် သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်