နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊  သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦး၊  ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ  သတင်းထုတ်ပြန်ရေးအဖွဲ့    ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက  နံပါတ်တစ်အနေဖြင့် နိုင်ငံတော် အစိုးရက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ ၊ နံပါတ်နှစ်အနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်များမှ ဖြေလျှော့ သက်ညှာစွာ ဆောင်ရွက်ပေးမှုကိစ္စရပ်များ၊ နံပါတ် သုံးအနေဖြင့် အာဆီယံအဖွဲ့ကြီးနှင့် ပတ်သက်သည့် ဆက်စပ်ကိစ္စရပ်များ၊        နံပါတ်လေးအနေဖြင့် ဘဏ္ဍာရေးနှင့်  ကုန်သွယ်မှုကိစ္စရပ်များ၊  နံပါတ်ငါး အနေဖြင့်   ပညာရေးနှင့်   ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုင်ရာကိစ္စရပ်များ၊   နံပါတ်ခြောက် အနေဖြင့်  အကြမ်းဖက်ကိစ္စရပ်များကို  ရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း၊  နံပါတ်တစ်မှ‌ ခြောက် အထိ မိမိအနေဖြင့်        ရှင်းလင်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို     ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက  ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ  ကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများမေးသည့် အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်း တစ်ခုစီမေးမြန်းပေးရန်ဖြစ်ကြောင်း။

 


မီဒီယာများ၏မေးမြန်းမှု ဖြေကြားပေး


သတင်းစာရှင်းလင်းပွဲတွင်      ပြောကြားမည့် အကြောင်းအရာများကို မပြောကြားမီ မီဒီယာများသို့ ပြောကြားလိုသည်မှာ မိမိတို့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် သတင်းမီဒီယာ များ သိရှိမေးမြန်းလိုခြင်းများကို ဖြေကြားရန်အတွက် သာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက် များ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်မှုများကို ပြည်သူလူထု သိရှိရန် နှင့် ပြည်သူလူထုအား ပြန်ကြားပေးရန် သိရှိရမည့် အသိပညာဗဟုသုတများ     ဖြန့်ဖြူးပေးရန်ဖြစ် ကြောင်း၊  ထို့ကြောင့် သတင်းစာရှင်းလင်းပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်နေခြင်းရှိသကဲ့သို့ မီဒီယာများ ၏မေးမြန်းမှုများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး နေ့စဉ်ဖြေကြားပေးလျက်ရှိကြောင်း      ပြောကြား သည်။

 


ဆက်လက်၍    ပထမဆုံးအနေဖြင့်   ဂုဏ်ထူး ဆောင်တံဆိပ်    ချီးမြှင့်ခြင်းနှင့်   ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ ချီးမြှင့်ထိုက်သူကို  ချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကို ကျေးဇူးပြုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်း၊    မိမိတို့အစိုးရအနေဖြင့်   မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်   အရေးပါပြီး မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်သည့် အမျိုးသားအောင်ပွဲ နေ့တွင် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခဲ့ပါကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရမည့်သူများကို  ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ပါကြောင်း၊ ယမန်နေ့က ဂုဏ်ထူး ဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည့်       အရေအတွက်အနေဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ၊   မဟာသရေ စည်သူဘွဲ့ ၊  စည်သူဘွဲ့ ၄၂ ဦး ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊     သီရိပျံချီဘွဲ့၊     ဇေယျ ကျော်ထင်ဘွဲ့၊  ဝဏ္ဏကျော်ထင်ဘွဲ့  စသည့်ဘွဲ့ ၂၂၇ ဦး ၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ် သုံးဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိဂုဏ်ထူးဆောင်တံဆိပ် ၁၇၇ ဦး၊ စွမ်းဆောင်မှု ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ခုနစ်ဦး၊ စွမ်းဆောင်မှု ဆိုင်ရာ   ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့်  စီမံ ထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ် ၄၀၁ ဦး၊ စီးပွား ရေးထူးချွန်တံဆိပ်ဖြစ်သည့် လယ်ယာစီးပွားထူးချွန် တံဆိပ်၊  စက်မှုစီးပွားထူးချွန်တံဆိပ်၊  ဝန်ဆောင်မှု စီးပွားထူးချွန်တံဆိပ်   ၁၁၈  ဦး၊  ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များဖြစ်သည့်  သိပ္ပံပညာထူးချွန်တံဆိပ်၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်၊ နည်းပညာထူးချွန်တံဆိပ်၊ စာပေပညာထူးချွန်တံဆိပ် ၁၂၄ ဦးဖြစ်ပြီး စုစုပေါင်း ၁၀၉၉ ဦးဖြစ်ကြောင်း။ 

 


ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်


မိမိတို့အစိုးရအနေဖြင့် အလားတူချီးမြှင့်မှုများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ၁၂၉၀  ဦး ၊  တပ်မတော်နေ့တွင် ၈၇၇ ဦး ၊ နှစ်ဆန်း တစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် ၁၄၆ ဦးချီးမြှင့်ခဲ့ ပါကြောင်း၊ ယနေ့ထိ စုစုပေါင်း ၄၃၁၂ ဦး ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ   ချီးမြှင့်သည့်နေရာတွင်  ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယင်းပြဋ္ဌာန်းချက်များကို မိမိအနေဖြင့် အနှစ်ချုပ်ပြောရမည်ဆိုပါက  ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်    နိုင်ငံတည်ဆောက်ရာတွင်   စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်   နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ၊  သံတမန်များ၊  ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့်   ပုဂ္ဂိုလ်များ၊  ရပ်ရွာ အေးချမ်းသာယာရေးနှင့်   တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာ စေရေးအတွက် နိုင်ငံရေး၊ လူမှုရေးဦးတည်ချက်များ နှင့်အညီ ထူးခြားစွာ ကြိုးပမ်းကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခု တွင် အဆင့်မီအောင်မြင်စွာ ဖန်တီးစွမ်းဆောင်နိုင် သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များ တွင် ထူးခြားစွာတတ်မြောက်ခဲ့သည့် ပုဂ္ဂိုလ်များကို ချီးမြှင့်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းပြဋ္ဌာန်း ချက်များအတိုင်း   ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာ နိုင်ငံ၏(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါကြောင်း၊ ၇၅  နှစ်တာကာလအတွင်း  နိုင်ငံ့ အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ကြသူများကို ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊   ချီးမြှင့်ရမည်ဖြစ် ကြောင်း၊ ကောင်းမွန်သည့်လုပ်ဆောင်မှုကို ဖော်ထုတ် ပြီး အစဉ်အလာဖြစ်သွားအောင် လုပ်ရမည်ဖြစ်ပါ ကြောင်း၊ ယင်းကိုရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ပါ ကြောင်း၊ သို့သော် အကောင်းမမြင်နိုင်သေးသည့် အမျိုးမျိုးသောဝေဖန်မှုများ ရှိမည်ဖြစ်ကြောင်း၊ ယခင် ချီးမြှင့်စဉ်က မြန်မာ့ငြိမ်းချမ်းရေးကို အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များ၊  EAO ခေါင်းဆောင်များကို ချီးမြှင့်စဉ်က  ယခုကဲ့သို့ ဝေဖန်မှုများ၊ သွေးခွဲမှုများပေါ်ပေါက်ခဲ့ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့တွင် ချီးမြှင့်ထိုက်သူများကို      ချီးမြှင့်ခြင်းကိစ္စများကို သိသာထင်ရှားအောင် ထုတ်နုတ်ပြသလိုသည်များကို ထုတ်နုတ်ပြောကြားလိုပါကြောင်း၊   စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် မိမိတို့အစိုးရအနေဖြင့်  ယခင်အစိုးရလက်ထက်က ဘွဲ့တံဆိပ်ရရှိရန် အရည်အချင်းကိုက်ညီပြီး ကျန်နေ သည့်  ပုဂ္ဂိုလ်များကို   မိမိတို့အစိုးရလက်ထက်တွင် စိစစ်ရွေးချယ်ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရ၏ မူဝါဒသည် မည်သည့်အစိုးရလက်ထက်တွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊    မည်သည့်ပါတီဝင်ဖြစ်ခဲ့ ကြောင်း၊ မည်သူ၏ လူဖြစ်ခဲ့သည်မှာ အရေးမကြီးပါ ကြောင်း၊ တိုင်းပြည်အတွက်၊  နိုင်ငံအတွက် မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်သာ အရည်အချင်းဖြစ်ပါ ကြောင်း၊   ယမန်နေ့က   ထုတ်ပြန်ခဲ့သည့်  အမိန့် ကြော်ငြာစာအမိန့်အမှတ်၊ ၂၁၂ /၂၀၂၂ အရ သီရိပျံချီ ဘွဲ့ ချီးမြှင့်ခံရသူ ၂၃ ဦးနှင့်ပတ်သက်ပြီး ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။ 

 


ချီးမြှင့်ရန် ကျန်ရစ်ခဲ့သူများကို စိစစ်ရွေးချယ်ပေး 


ဆက်လက်၍     NLD    အစိုးရလက်ထက် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ၁၂ ဦး ပါဝင်ပါကြောင်း၊ သီရိပျံချီဘွဲ့ ၂၃ ဦးထဲတွင် ဦးမျိုးညွန့်၊ ဒေါက်တာဝင်းသိန်း၊ ဒေါက်တာဖေမြင့်တို့ အပါအဝင် ၁၂  ဦး ပါဝင်ပါကြောင်း၊ အသေးစိတ်ဇယားများကို ဘုတ်များတွင်  မီဒီယာများလေ့လာနိုင်ပါကြောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၉ ဦးရှိပြီး NLD အစိုးရ လက်ထက်တွင်    ပြည်ထောင်စုအဆင့်   တာဝန် ထမ်းဆောင်ခဲ့သူ    ဦးမင်းလွင်၊   ဦးဖရတ်ဆင်း၊ ဦးဝင်းမော်ထွန်းနှင့် ဦးလှမော်ဦးတို့အပါအဝင် ၁၂ ဦး ရရှိပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် အခြေခံဥပဒေ အရလွတ်လပ်စွာ   ကိုးကွယ်ခွင့်ရှိသောနိုင်ငံဖြစ်ပါ ကြောင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံသားအများစု ကိုးကွယ် သည့်ဘာသာဟု      အသိအမှတ်ပြုသည့်အပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့်    နတ်ကိုးကွယ်သည့်   ဘာသာများကိုလည်း ကိုးကွယ်ရာဘာသာအဖြစ်  အသိအမှတ်ပြုထားပါ ကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်    ဘာသာပေါင်းစုံတို့၏ ဘာသာရေးပွဲတော်များ၊   အထိမ်းအမှတ်နေ့များ၊ အခမ်းအနားများတွင်      တက်ရောက်ခြင်းများ၊ သဝဏ်လွှာပေးပို့ခြင်း၊ အမှာစကားပြောကြားခြင်း၊ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် သွားရောက်လှူဒါန်း ခြင်းများ  ပြုလုပ်သည့်အခါတွင်  ပြောကြားသည့် စကားရှိပါကြောင်း၊ “လူသားတိုင်း နိုင်ငံသူ/နိုင်ငံသား တိုင်း၏   ငြိမ်းချမ်းမှု၊  စည်းလုံးညီညွတ်မှု၊ မေတ္တာ တရားများကို ဘာသာတရားတိုင်းက အလေးထား ဆုံးမကြသကဲ့သို့ ဘာသာရေးခေါင်းဆောင်များကလည်းဆောင်ရွက်ပေးကြရန်” မှာကြားပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်  ယခုကဲ့သို့  ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ ၏ ခေါင်းဆောင် ၁၆ ဦးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူဘာသာ ဘာသာရေးခေါင်းဆောင်များ၊       အသင်းအဖွဲ့ ခေါင်းဆောင် ၁၆ ဦးကို ချီးမြှင့်ခဲ့ပါကြောင်း၊ ဘာသာ ပေါင်းစုံချစ်ကြည်ရေး၊  နိုင်ငံသူ/နိုင်ငံသားအားလုံး စည်းလုံးညီညွတ်အေးချမ်းရေးကို ဆက်လက်ဆောင် ရွက်ပေးကြပါရန်     တိုက်တွန်းပြောကြားသည်။ အလားတူ နယ်ပယ်အသီးသီးတွင် တိုင်းကျိုး ပြည်ပြု တာဝန်ထမ်းဆောင်ခဲ့သည့်သူများကိုလည်း ပေးအပ် ခဲ့ပါကြောင်း၊ မည်ကဲ့သို့‌ ဝေဖန်ချက်များရှိသည်ဖြစ်စေ အစိုးရတစ်ရပ်အနေဖြင့်     လုပ်သင့်လုပ်ထိုက်သင့် သည်များ၊  ချီးမြှင့်ထိုက်သူများ၊   အသိမှတ်ပြုသင့် ပြုထိုက်သည်များကို အစဉ်အလာတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အစိုးရ အဆက်ဆက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ် များ   ချီးမြှင့်ရန်  အရည်အချင်းကိုက်ညီသော်လည်း မချီးမြှင့်ဘဲ  ကျန်ရစ်ခဲ့သူများကို  ဆက်လက်စိစစ် ရွေးချယ်လျက်ရှိကြောင်း  သတင်းကောင်းပါးလိုပါ ကြောင်း ပြောကြားသည်။

 


ပြစ်ဒဏ်မှ ဖြေလျှော့ပေးမှုကိစ္စရှင်းလင်း


ဆက်လက်၍       နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို   လက်ရှိကျခံနေရဆဲ ပြစ်ဒဏ်များမှ ဖြေလျှော့သက်ညှာစွာ ဆောင်ရွက် ပေးမှုကိစ္စရပ်များအကြောင်းကို ပြောလိုပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများသည် ရွေးကောက်ပွဲမဲမသမာမှုက  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊   စစ်မှန်သည့်   ပါတီစုံဒီမိုကရေစီစနစ်   ရှင်သန်ရန် အတွက်   ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲသည် အသက်တမျှ အရေးကြီးပါကြောင်း၊    ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲသည် ယင်းအချက်အလက်များအပေါ် က သွေဖည်သွားပြီး မဲမသမာမှုကြောင့် တိုင်းပြည်၏ ဒီမိုကရေစီခရီးလမ်း    နှောင့်နှေးကြန့်ကြာမှုရှိခဲ့ပြီး  နိုင်ငံတကာတွင်   ပုံရိပ်ကျဆင်းခဲ့ပါကြောင်း၊  မိမိတို့ နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံအုပ်ချုပ်သူ များ ဆောင်ရွက်မှုတိုင်းသည် ယင်းဥပဒေနှင့် ညီညွတ် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတရားမှု၊ မသမာမှု များအတွက် အမှန်ကို တည့်မတ်ပေးရန်၊ တရားမျှတ သည့်    ရွေးကောက်ပွဲကို    ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ထွန်းလာခဲ့ရခြင်းဖြစ်ကြောင်း။

 


တပ်မတော်က     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းဆောင်ရွက်သည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုဖြစ်စဉ်အပေါ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ   ၃   ရက်နေ့အတွင်း   နိုင်ငံတစ်ဝန်း  ဆန္ဒပြ ထုတ်ဖော်မှုများ မရှိခဲ့ပါကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်သာယာရိပ်သာတွင်ရှိနေသည့် စောင့်ကြည့်ခံ လွှတ်တော်အမတ်များကို လက်ရှိနိုင်ငံဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောကြား ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ   နေရပ်ဒေသအသီးသီးသို့ ပြန်လည် စေလွှတ်ပေးခဲ့ပါကြောင်း၊ အစိုးရကပဲ ပို့ဆောင်ခဲ့ပါ ကြောင်း၊ ထိုအချိန်တွင် NLD ၏ CEC အဖွဲ့ဝင်တစ်ဦး က    အကြမ်းဖက်မှုများ   ဖြစ်ပေါ်လာရန်အတွက် စာတစ်စောင်ထုတ်ပြီး  လှုံ့ဆော်ခဲ့ခြင်းကို  မီဒီယာ များအားလုံးလည်း     သိခဲ့ပြီးဖြစ်မည်ဖြစ်ကြောင်း၊ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်  မန္တလေးမြို့  ဆေး တက္ကသိုလ်ရှေ့ ဆန္ဒပြသူ ၂၀ ဦးခန့်ကစတင်၍ CDM လှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းမှ အကြမ်းဖက်လုပ်ဆောင်မှုများ ယနေ့အထိ အဆင့်ဆင့် ကူးပြောင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရက နိုင်ငံ့တာဝန် လွှဲပြောင်းရယူပြီးနောက်  နိုင်ငံတော်တည်ငြိမ်ရေး နှင့်  ရပ်ရွာအေးချမ်းသာယာရေးအတွက်   အစဉ်အမြဲ  ရှေးရှုဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသူ/နိုင်ငံသား များ၏ အကျိုးစီးပွားကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရကို ဆန့်ကျင်ပြီး ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ နိုင်ငံတော်အား ဆန့်ကျင်လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့မှုကြောင့် အရေး ယူခံထားရသူများ၊   ပြစ်မှုမကျူးလွန်ဘဲ စိုးရိမ်စိတ် ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအပေါ်တွင် အတတ်နိုင်ဆုံး     အထူးသက်ညှာစွာ   ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး


 (၁၀၂) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း တစ်ဦး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦး၊ အနုပညာရှင် ၁၃ ဦးနှင့် နိုင်ငံခြားသား  လေးဦး  အပါအဝင်   အကျဉ်းသား  ၅,၇၇၄ ဦးတို့ကို   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်   ပေးခဲ့ပါ ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စိန်ရတုပြည်ထောင်စုနေ့တွင် နိုင်ငံခြား သား ၅၅ ဦး၊ နိုင်ငံသား ၂၃,၃၁၄ ဦး၊ စုစုပေါင်း ၂၃,၃၆၉ ဦး၊  မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်    စုစုပေါင်း ၂၃,၁၈၄ ဦး ပြစ်ဒဏ်ဖြေလျှော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါကြောင်း၊  ယင်းကဲ့သို့   ဆောင်ရွက်ခဲ့သည့် အကြိမ်အရေပေါင်း ခုနစ်ကြိမ်ရှိပါကြောင်း၊ နိုင်ငံခြား သား ၂၃၉ ဦး၊ နိုင်ငံသား ၅၉,၃၉၀  ဦး  စုစုပေါင်း ၅၉,၆၂၉ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေကို ကျူးလွန်မှုကြောင့် တရားစွဲဆိုခံနေရသူများကိုလည်း ဖြေလျှော့ပေးခဲ့ပါ ကြောင်း၊ ဥပဒေနှင့်အညီ ပိတ်သိမ်းပေးခြင်း၊ ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

 


ထို့အတူ ၂၀၂၀ ပြည့်နှစ်  ပါတီစုံရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်ကြောင့် ပြစ်ဒဏ်အသီးသီးချမှတ် ခြင်းခံထားရသူများအနက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း နှင့်   ကော်မရှင်အဖွဲ့ဝင် ဟောင်းဖြစ်သည့် ဦးမြင့်နိုင်တို့ကို ၂၅-၁၀-၂၀၂၂ ရက် နေ့၊  ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သည့်  ဦးသန်းဌေး ကို   ၁၇-၁၁-၂၀၂၂   ရက်နေ့တွင်  လည်းကောင်း ဆက်လက်ကျခံရန်    ကျန်ရှိသည့်   ပြစ်ဒဏ်အား လျှော့ပေါ့လွတ်လပ်ခွင့်ပေးခဲ့ပါကြောင်း၊ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်ဟောင်း များသည် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေများ နှင့်ပတ်သက်ပြီး သမ္မတဟောင်း ဦးဝင်းမြင့်အနေဖြင့်  ၎င်း၏နိုင်ငံရေးအရ ရထားသည့် အခွင့်အာဏာထက် ကျော်လွန်ကာ ကော်မရှင်၏လုပ်ဆောင်ချက်အပေါ် လွှမ်းမိုးခဲ့ကြောင်းကို ၎င်းတို့၏  ထုတ်ဖော်ပြောဆို ချက်များအား  သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်း သား၊  အကျဉ်းသူများလည်း  တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲ ပေးရန်အတွက်လည်းကောင်း၊    နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်း စေရေးနှင့်   လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ထားရှိသော ရည်ရွယ်ချက်များကိုသိရှိပြီး နိုင်ငံတော် တည်ဆောက်ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေး တွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ 

 


ဆက်လက်ပြီး  အာဆီယံအဖွဲ့ကြီးနှင့် ဆက်စပ် ကိစ္စများ  ပြောမည်ဖြစ်ပါကြောင်း၊   မိမိတို့နိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ ၎င်းကာလသည် မြန်မာ နိုင်ငံ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့အစိုးရ      တာဝန်ယူထားသည့်    အချိန်ဖြစ်ပါ ကြောင်း၊ အဆိုပါအာဆီယံအဖွဲ့သို့ ဝင်ရောက်နိုင်ရန် အတွက် ထိုအချိန်မှ စတင်ကြိုးပမ်းခဲ့ခြင်း မဟုတ် ကြောင်း၊ ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ် ကျင်းပခဲ့သည့် အာဆီယံကျွန်းဆွယ် အားကစားပြိုင်ပွဲ သို့   မိမိတို့   မြန်မာနိုင်ငံအပါအဝင်  နိုင်ငံပေါင်း ခြောက်နိုင်ငံ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊  ထိုကျွန်းဆွယ် အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စဉ်ကတည်း ကပင်    မြန်မာနိုင်ငံအနေဖြင့်    အာဆီယံအဖွဲ့သို့ ဝင်ရောက်ရန်  အစပြုခဲ့ခြင်းဖြစ်ကြောင်း။

 


အာဆီယံအဖွဲ့သည်  အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးနှင့်      စီးပွားရေး        ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အဖွဲ့ကြီးဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း နှင့် အခြားသော အာရှနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံ ရေး၊ လုံခြုံရေး၊ ပညာရေးနှင့်  လူမှုယဉ်ကျေးမှုများ ပေါင်းစည်းရေးကိုမြှင့်တင်ပေးနိုင်ရန် ဖွဲ့စည်းထား သည့်    အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊  အာဆီယံ အသင်းဝင်ဟုဆိုရာတွင် နိုင်ငံကိုလက်ခံခြင်းသာဖြစ် ကြောင်း၊ အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ်တစ်ဦးမဟုတ်သည် ကို အာဆီယံနိုင်ငံတိုင်းမှ ခေါင်းဆောင်များအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် အာရှ-ပစိ ဖိတ်မဟာဗျူဟာနှင့် အာဆီယံက ချိတ်တွဲလာသည့် နိုင်ငံကြီးအချို့၏ ပယောဂသည် အာဆီယံနိုင်ငံအချို့ အပေါ် သက်ရောက်မှုရှိလာသည်ကို တွေ့ရပါကြောင်း၊  ယနေ့အချိန်တွင် အာဆီယံနိုင်ငံအချို့၏ လုပ်ဆောင် ချက်များသည်  အာဆီယံ၏   အခြေခံမူများနှင့် ပဋိညာဉ်များကို လျစ်လျူရှုနေပြီး အာဆီယံအဖွဲ့ကြီး အပေါ်   သက်ရောက်မှုများရှိလာသည်ကို   တွေ့မြင် ကြောင်း။

 


မတော်မတရားဖိအားပေးမှုများ ပြုလုပ်လာ


မိမိတို့အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်၊  ဖွဲ့စည်းပုံ အခြေခံဥပဒေ၏     ခွင့်ပြုချက်ဖြင့်သာ   ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဒီမိုကရေစီထိန်းကျောင်းခြင်း လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့အစိုးရသည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်း မှန်ပေါ်သို့ ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တည့်မတ်ပေးခြင်းသာဖြစ်ပါကြောင်း၊ အချို့သော အာဆီယံနိုင်ငံအချို့က မိမိတို့အစိုးရအပေါ် အာဆီယံ မူဘောင်များနှင့် ကင်းလွတ်၍ ဆက်ဆံလာကြသည် ကို တွေ့ရပါကြောင်း၊  နိုင်ငံတစ်နိုင်ငံချင်းစီ၏ သီးခြား လွတ်လပ်သော ဆက်ဆံရေးများကိုပြောရန်မရှိသော် လည်း ထိုနိုင်ငံများက အာဆီယံအဖွဲ့ကြီးကို အသုံးပြု ၍  မြန်မာနိုင်ငံအပေါ် မတော်မတရားဖိအားပေးမှုများ ပြုလုပ်လာသည်ကို   တွေ့ရပါကြောင်း။

 


အာဆီယံ၏ပဋိညာဉ်သည် အာဆီယံ၏ အသက်၊ နှလုံးသားဖြစ်ပါကြောင်း၊  ထိုပဋိညာဉ်တွင် ပါဝင် သည့် အာဆီယံ၏အခြေခံမူများမှ သွေဖည်လာခြင်း သည် အာဆီယံ၏အနာဂတ်အတွက် စိတ်ပူစရာဖြစ် ပြီး အာဆီယံ၏ယုံကြည်မှုတန်ဖိုးကိုလည်း ကျဆင်း စေပါကြောင်း၊   မိမိတို့   အစိုးရလက်ထက်တွင် အာဆီယံနှင့်  ပတ်သက်လျှင်    မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်  ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့်  နိုင်ငံတော်တာဝန်ကို ရယူ ပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များအစည်းအဝေးကို အင်ဒို နီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်   ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း၊ အစည်းအဝေးအပြီးတွင်  တူညီဆန္ဒ(၅)ချက်ကို ချမှတ်ခဲ့ပါကြောင်း၊  ယင်းတူညီဆန္ဒ (၅)ချက်ကို  အာဆီယံအဖွဲ့ဝင်နိုင်ငံများထံသို့ ကြိုတင် အသိပေးညှိနှိုင်းခဲ့ခြင်းမဟုတ်ဘဲ  အစည်းအဝေးအပြီး မှသာ   ဥက္ကဋ္ဌ၏ကြေညာချက်   နောက်ဆက်တွဲ အဖြစ်   ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊  အာဆီယံ ခေါင်းဆောင်များ   အစည်းအဝေးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မြန်မာနိုင်ငံ၏ ထိုအချိန် တွင်ဖြစ်ပေါ်နေသည့်  အခြေအနေများ၊  မဲမသမာမှု လုပ်ခဲ့သည့်    အထောက်အထားများကို   အာဆီယံ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ အသေးစိတ်ရှင်းပြခဲ့ ကြောင်း၊ အာဆီယံခေါင်းဆောင်များ၏ ဆွေးနွေးချက် များအပေါ်  အချက် (၃)  ချက်ကို   အလေးထား၍ ပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထို အချက်(၃)ချက်အတိုင်း တူညီဆန္ဒ(၅)ချက် အကောင် အထည်ဖော်ဆောင်ရေးအတွက် ဆက်လက်ရပ်တည် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုအချက် (၃)ချက် မှာ မိမိတို့နိုင်ငံသားတိုင်း သိရှိထားသင့်သည့် အချက် များဖြစ်ကြောင်း၊ အဆိုပါအချက်များမှာ မြန်မာနိုင်ငံ ရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည် ကို မှတ်သားမိပါကြောင်း၊အဆိုပါအကြံပြုချက်များကို နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေပေါ်မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၌ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ် မှုရှိရေးအတွက် ဦးစားပေးဆောင်ရွက်နေရသည့် အတွက်   နိုင်ငံ၏အကျိုးစီးပွားကို     အခြေခံလျက် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များ ကို အလေးထားစဉ်းစားပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ် ရာ အကြံပြုချက်များသည် အစိုးရကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရာ တွင် အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုး ရှိစေခြင်း၊ ASEAN Charter, ASEAN Way နှင့် ASEAN Sprit တို့အပေါ် အခြေခံမည်ဆိုပါက အပြုသဘော စဉ်းစားပေးမည်ဟုဆိုသည့် အချက်များဖြစ်ကြောင်း၊ အဆိုပါအချက် (၃) ချက်ကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

 


တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာ တွင် သိသာထင်ရှားသည့်  တိုးတက်မှုကိစ္စရပ်တစ်ခု မှာ  AHA  စင်တာမှတစ်ဆင့်   လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့ခြင်းပင်ဖြစ် ကြောင်း၊ လူသားချင်းစာနာမှု    အကူအညီများကို လိုအပ်နေသူများထံသို့ မျှတမှုရှိပြီး   ခွဲခြားဆက်ဆံ မှုမရှိဘဲ   ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း  ပြော ကြားသည်။
ထို့အတူ (၅၄) ကြိမ်မြောက်  အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနှင့်  ဆက်စပ်အစည်း အဝေးများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊    ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင်    အာဆီယံဥက္ကဋ္ဌ၏   အထူး ကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး၊ မစ္စတာ ဒါတိုအီရဝမ်အား ခန့်အပ်ရေးကို အတည်ပြုနိုင်ခဲ့ကြောင်း၊     အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအပေါ်တွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏တူညီဆန္ဒ (၅) ချက်နှင့်အညီ အပြု သဘောဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊    အာဆီယံ ဥက္ကဋ္ဌ၏   အထူးကိုယ်စားလှယ်သည်    အာဆီယံ ခေါင်းဆောင်များ  အစည်းအဝေး၏  တူညီဆန္ဒ (၅)ချက်နှင့်အညီ  ၎င်း၏တာဝန်များကို ထမ်းဆောင်ရ မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်  အဆိုပါ အထူးကိုယ်စားလှယ်ကို လက်ခံရာတွင် ပြောကြားခဲ့ သည့် အချက်တချို့ရှိကြောင်း၊ ထိုအချက်များမှာ သဘောတူညီချက်(၅)ချက်ဖြင့် မည်သို့သော အဆိုပြု ချက်အသစ်   (သို့မဟုတ်)   ခြွင်းချက်အသစ်ကိုမျှ လက်ခံမည်မဟုတ်ဟု  ကြေညာခဲ့ပါကြောင်း၊  အထူး ကိုယ်စားလှယ်သည် ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ၊  သာတူညီမျှရှိမှု၊   ပိုင်နက် နယ်မြေတည်တံ့ခိုင်မြဲမှုနှင့်     နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို လေးစားရန်၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း    မပြုလုပ်ရန်၊    ပြည်ပ ဝင်ရောက်စွက်ဖက်မှု၊  သိမ်းသွင်းမှု၊  အကျပ်ကိုင်မှု မပြုလုပ်ရန်၊ မိမိနိုင်ငံ၏ ကံကြမ္မာကို မိမိဘာသာ ဖန်တီးနိုင်မှုအခွင့်အရေးကို    လေးစားရန်   စသည့် အချက်များဖြစ်ကြောင်း။

 


အလားတူ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး(BAMM)သို့ မိမိတို့နိုင်ငံမှ နိုင်ငံ ခြားရေး ဝန်ကြီးက အခြားအာဆီယံနိုင်ငံများမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါ ကြောင်း။

 


မြန်မာနိုင်ငံ၏ သဘောထား ပြောကြား


ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်ပေးသင့်ကြောင်း၊ ယခုအချိန်သည် အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးအရကိုယ်စားပြုသည့် ပုဂ္ဂိုလ်ကို   မတက်ရောက်စေသင့်ဟု   နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါ ကြောင်း၊ ယင်းအစည်းအဝေးတွင် အာဆီယံထိပ်သီး အစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စား မပြုသူ တက်ရောက်ရေးကိစ္စအပေါ်  အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၏ တူညီဆန္ဒမရရှိဘဲ ဆုံးဖြတ်ခဲ့ပါ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ်  မြန်မာနိုင်ငံမှ  သဘောမတူ ကြောင်းနှင့် ယင်းကန့်ကွက်ချက်ကို မှတ်တမ်းတင် ပေးပါရန်နှင့် ဘရူနိုင်းနိုင်ငံမှ ထုတ်ပြန်မည့် ထုတ်ပြန် ချက်များတွင်လည်း မြန်မာနိုင်ငံ၏ သဘောထားကို ထင်ဟပ်ဖော်ပြပေးရန် ထပ်မံပြောကြားခဲ့ပါကြောင်း။

 


၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ် သည့် ကမ္ဘောဒီးယားနိုင်ငံ လက်ထက်တွင် အာဆီယံ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်း သည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊ မစ္စတာပရပ်ဆုတ်ခွန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် တိုင်တိုင် အလုပ်သဘောခရီးစဉ်လာရောက်ခဲ့သည် ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)