
နေပြည်တော် မတ် ၂၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်း ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာန ဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ် သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက် ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထား ပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တာဝန်ထမ်းဆောင်မှု တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း၍ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ညှိနှိုင်းရေးကော်မတီနှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်အခြေအနေ၊ ဖက်ဒရယ်နှင့် ပတ်သက်၍ ပါတီများနှင့် တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးသွားရန် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံက ကျင့်သုံး နေသည့် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံ ရေးကို ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်း သည့် မူဝါဒတို့ကို အလေးအနက်ထား ဆောင်ရွက် လျက်ရှိမှု၊ တိုင်းပြည်၏ ပြည်တွင်းအားဖြင့် လုပ်ဆောင်နိုင်သည့် ပြည်တွင်းစီးပွားရေး တိုးတက် မြှင့်တင်မှု၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိမှုနှင့် တိုင်းရင်းသားပြည်သူအားလုံးပါဝင်သည့် ကာကွယ် ရေးစွမ်းအားတို့အတွက် ဆောင်ရွက်သွားမည့် အခြေအနေ၊ ပြည်သူလူထု၏ စီးပွားရေးနှင့် ကူးသန်းဆက်သွယ်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ့မီးရထား ကို ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေသည့် အခြေအနေ။
ရှင်းလင်းပြောကြား
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ပညာရည်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒီမိုကရေစီနိုင်ငံအတွက် အရေးကြီးသည့် ပြည်သူများ ၏ အတွေးအခေါ်မှန်ကန်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပညာအခြေပြုလူ့စွမ်းအားအရင်း အမြစ်များဖြင့် လူမှုစီးပွားတိုးတက်စေရန်အတွက် ပညာရေးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်သည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (CTFMR)တို့အကြား သဘောတူသတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အတိုင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လတ်တလော ပျံ့နှံ့နေသည့် ငွေတုကိစ္စနှင့်ပတ်သက်သော သတင်း များသည် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများဖြစ်ပြီး online လိမ်လည်မှုများဖြစ်သည့် အတွက် ဖမ်းဆီးဖော်ထုတ်ခဲ့မှု၊ နိုင်ငံတော်အစိုးရ အနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင် ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများ အပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ဓားပြတိုက်မှုများ၊ ဆက်ကြေးကောက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုများကို Power Point Presentation များ၊ Video ဖိုင်များ ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများအား စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်း များ ပြုစုခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို Power Point Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ပြန်လည်ရှင်းလင်း
ယင်းနောက် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
လိုက်လံကြည့်ရှုလေ့လာ
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများနှင့် တာဝန်ထမ်းဆောင်မှု တစ်နှစ် တာကာလ ကောက်နုတ်ချက်များ၊ အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုမှတ်တမ်း ဓာတ်ပုံများကို ခင်းကျင်း ပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံ ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်