နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားချက်

 

အမေရိကန်နိုင်ငံက  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် 
(MICB) တို့ကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းထည့်မည်ဟု ထင်မြင်ယူဆချက်အမျိုးမျိုး ထွက်ပေါ်နေမှု သတင်းများနှင့်ပတ်သက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားချက် 

 

အမေရိကန်နိုင်ငံအနေ နဲ့  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းမှာထည့်မယ်လို့ ထင်မြင် ချက်အမျိုးမျိုး ထွက်ပေါ်နေမှု သတင်းများနဲ့ ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ်။ 

 


ထိုင်း  TVS သတင်းက  ဒီနေ့ထွက်လာတဲ့   သတင်းပေါ့လေ။ အမေရိကန်အနေနဲ့ကတော့ ခုအချိန်အထိ တရားဝင်ထုတ်ပြန်တာ တော့    မတွေ့သေးပါဘူး။   ပထမအချက်   ပြောလိုတာကတော့ အမေရိကန်နိုင်ငံအနေနဲ့   မြန်မာနိုင်ငံအပေါ်မှာ   တစ်ဖက်သတ် စီးပွားရေး ပိတ်ဆို့မှုတွေ  ဆောင်ရွက်လျက်ရှိတယ်။ ဒီနေ့သတင်း ထွက်ပေါ်လာတာပေါ့။  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ရယ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တွေကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုတွေကို အရေးတင်သွင်းမယ်ဆို တဲ့   ထွက်ပေါ်လာတာပေါ့။  ဒါနဲ့ပတ်သက်ပြီး  နံပါတ်တစ်အချက် ပြောလိုတာကတော့ အရင်တုန်းကလည်း အဲဒီလိုမျိုးအရေးယူပိတ်ဆို့မှု တွေကြုံခဲ့ရပါတယ်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်က နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို    ယခင်တုန်းကလည်း     စနစ်တကျ ဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငံပိုင်ဘဏ်တွေအနေနဲ့လည်း  ဘဏ် လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျမှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒီဘဏ်တွေ အနေနဲ့ကတော့ အမေရိကန်အခြေစိုက်တဲ့ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ဆောင်ရွက်နေတာ မရှိဘူး။  မရှိတဲ့အတွက် ကြောင့် နံပါတ်တစ်   ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘူး။   နိုင်ငံခြားငွေနဲ့ ကုန်သွယ်ငွေပေးချေမှု  ဝန်ဆောင်မှုတွေကို စနစ်တကျဆက်လက် ဆောင်ရွက်သွားပါမယ်။   နံပါတ်နှစ်အချက်ကတော့   မိဘပြည်သူ တွေကိုအသိပေးလိုတာကတော့ အဲဒီထွက်ပေါ်နေတဲ့သတင်းအနေနဲ့ ပတ်သက်ပြီးတော့ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ မိဘပြည်သူ များ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ ကျွန်တော့်အနေနဲ့ အသိပေးလိုပါ တယ်။   ကျွန်တော်တို့  နိုင်ငံမှာတော့    နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို    ဘဏ်တစ်ဘဏ်တည်းကပဲ   ဆောင်ရွက်နေတာ မဟုတ်ဘူး။  ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊   နိုင်ငံခြားဘဏ်များနဲ့ ဘဏ်ခွဲတွေကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်တစ်ခု ကတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊  ပေးပို့တာ လက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ လစာ လွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေး သွားမယ်။ ပူပန်စရာမလိုဘူးလို့ပဲ ပြောလိုပါတယ်။ လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ နိုင်ငံခြား ရေးမူဝါဒမှာ    လွတ်လပ်တက်ကြွ၍   ဘက်မလိုက်တဲ့နိုင်ငံခြားရေး မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁ မှာပါတဲ့အတိုင်း လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်  ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ကို ကျင့်သုံးလျက်ရှိပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ကလည်း နိုင်ငံတိုင်း နှင့် မိတ်ဖက်ချစ်ကြည်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမယ်ဆိုတာ ကို မကြာခဏ ပြောကြားပြီးဖြစ်တယ်။ သူတို့ဘာကြောင့်ဆိုလည်းလေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့စွပ်စွဲချက်ပေါ့ဗျာ၊ ကျွန်တော်တို့ နိုင်ငံကို   နိုင်ငံခြားငွေဝင်ရောက်မှု  ကန့်သတ်ဖို့ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်လို့ ပြောတာဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ကတော့ ခုနပြောတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေး ရည်မှန်းချက်အနေနဲ့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့  အမြဲတမ်းပြောကြားခဲ့တယ်။

 

 စစ်မှန် ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို     ခိုင်ခိုင်မာမာ    အာမခံထားတယ်။ နောက်တစ်ချက်      ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို     အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံထားတယ်။ ဒီဟာကိုပဲ ကျွန်တော် တို့သွားမယ်လို့ပြောပြီးသားဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအနေ နဲ့ကတော့    ကျွန်တော်တို့ဆောင်ရွက်ခြင်းဟာ    စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်။ ကျွန်တော်  မေးခွန်းထုတ်ချင်တာကတော့ သူတို့အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ ပြီးရင် ကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို သွားမယ်လို့    အတိအလင်းပြောထားတာ   မဟုတ် ဘူး။   ဒီဟာနဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာပဲ ဖြစ်တယ် လို့    ကျွန်တော်တို့အနေနဲ့  ထင်တယ်။  ဒီလိုမျိုးလုပ်နိုင်ခြင်း ဟာ   ကျွန်တော်တို့  နိုင်ငံသူ  နိုင်ငံသားတွေလိုလားနေတဲ့  ပါတီစုံ ဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။      ။