နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    မေ    ၂၃


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနက  ကြီးမှူးကျင်းပသော   (၇၅)  ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်  အရှင်သူမြတ် ၁၅၂ ပါးတို့အား ချီးကျူး ပူဇော်ပွဲနှင့်   အောင်လက်မှတ်   ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈   နာရီ တွင်  ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ 

 


အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာ တော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော  ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့၏  သြဝါဒါစရိယဆရာတော်ကြီး များ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊  တိပိဋကဓရ    တိပိဋကကောဝိဒ    ဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာ  တော်များ၊ (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံ သဘောရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း၊  ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာ  သက်ခိုင်ဝင်း၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ၎င်းတို့ ၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်  အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။ 

 


ငါးပါးသီလခံယူဆောက်တည်


ရှေးဦးစွာ   တိပိဋကဓရ    တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ    ဧရာဝတီတိုင်းဒေသကြီး     ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်  ပဓာနနာယက  အဘိဓဇ မဟာရဋ္ဌဂုရု၊    အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက  ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီးထံမှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော   ဧည့်ပရိသတ်များက   ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်    သန်လျင်မြို့    မင်းကျောင်း ပထမပြန်စာသင်တိုက်   ဦးစီးပဓာနနာယက  ဆရာ  တော်  အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ   ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က  သာရဏီယ ဩဝါဒ ကထာကို ဖတ်ကြားချီးမြှင့်တော်မူသည်။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့     အကျိုး တော်ဆောင် ဆရာတော်၏ သာရဏီယဩဝါဒကထာ ကို စာမျက်နှာ - ၅ တွင် သီးခြားဖော်ပြထားပါသည်။)


ယင်းနောက်    သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဦးကိုကို  က သာသနာရေးဆိုင်ရာများကိုလျှောက်ထားသည်။

 


ဆက်ကပ်လှူဒါန်း


ထို့နောက်  (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋက ဓရ   တိပိဋကကောဝိဒ  ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့်    သာသနာ့အာဇာနည် အရှင်မြတ်များအား   ဘွဲ့တံဆိပ်တော်နှင့်   အောင် လက်မှတ်များ ဆက်ကပ်ကြရာ မူလအာဘိဓမ္မိက  အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့  မိုးမိတ်ကုန်းမြေ  မင်းကွန်းတိပိဋက နိကာယကျောင်းတိုက်မှ ဆရာတော် အရှင်ဇောတိ ကာလင်္ကာရနှင့်    အရှင်ဝါသဝါလင်္ကာရ     တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က    ဘွဲ့တံဆိပ်တော်နှင့်      အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။ 

 


ဆက်လက်၍    မူလအာဘိဓမ္မိက    အောင်မြင် တော်မူကြသည့်  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ် ကျောင်းတိုက်မှ အရှင်ဝိသုဒ္ဓ၊ စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့   မိုးမိတ်ကုန်းမြေ   မင်းကွန်း   တိပိဋက နိကာယကျောင်းတိုက်မှ   အရှင်ဣန္ဒကာလင်္ကာရ နှင့်  ဒီဃနိကာယကောဝိဒ  အောင်မြင်တော်မူကြသည့်  မိုးမိတ်ကုန်းမြေ မင်းကွန်း တိပိဋကနိကာယကျောင်း တိုက်မှ အရှင်ဂန္ဓမာတို့အား  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   ဒေါက်တာ  ကျော်ထွန်း  က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ် လှူဒါန်းသည်။ 
ထို့နောက် ဒီဃနိကာယကောဝိဒ  ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည် အရှင်မြတ် နှစ်ပါး၊ ဒီဃ ဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်    အရှင်မြတ် ရှစ်ပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ်  ရှစ်ပါး၊ ဝိနယဓရ   ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဥဘတောဝိဘင်္ဂ ကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ခုနစ်ပါး၊  ဥဘတောဝိ ဘင်္ဂဓရ   ဘွဲ့တံဆိပ်တော်ရ  သာသနာ့အာဇာနည် အရှင်မြတ် ၈၅ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကို၊  ဦးမြင့်ကြိုင်နှင့်  ဒေါက်တာ သက်ခိုင်ဝင်း၊  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)  မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး   ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်  တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်  အောင်လက်မှတ်များ   အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ 

 


အနုမောဒနာတရားနာယူ


ယင်းနောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်    မန္တလေးမြို့    မစိုးရိမ် တိုက်သစ်   မဟာနာယကချုပ်   အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး   လှူဒါန်းမှုအစုစုတို့အတွက်   ရေစက် သွန်းလောင်း အမျှပေးဝေကြကာ သံဃာတော်များ အား   လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်း ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်းနှင့်  ဇနီး  ဒေါ်သန်းသန်းနွယ်၊  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ  ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများက  တိပိဋကဓရ  တိပိဋကကောဝိဒ  ရွေးချယ်ရေး  စာမေးပွဲတွင်   အောင်မြင်တော်မူကြ သည့်    သာသနာ့အာဇာနည်     အရှင်သူမြတ်များ အား    ဆွမ်းဆန်စိမ်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 


၁၅၂ ပါး အောင်မြင်တော်မူခဲ့


(၇၅)    ကြိမ်မြောက်    စိန်ရတု    တိပိဋကဓရ တိပိဋကကောဝိဒ   ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယ ကောဝိဒ    ဘွဲ့ရ    သာသနာ့အာဇာနည်အရှင်မြတ် သုံးပါး၊  ဝိနယပိဋက  ဝိနည်းတစ်ပုံ  ရေးဖြေအောင်  ဝိနယကောဝိဒဘွဲ့ရ  သာသနာ့အာဇာနည်အရှင်မြတ် ရှစ်ပါး၊ ဝိနယပိဋကဝိနည်း (ပထမပိုင်း) ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ခုနစ်ပါး၊ အဘိဓမ္မပိဋက အဘိဓမ္မာ (ပထမ ပိုင်း) ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ  သာသနာ့အာဇာနည် အရှင်မြတ် လေးပါး၊ သုတ္တန္တ ပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့ အာဇာနည်  အရှင်မြတ် ရှစ်ပါး၊ ဝိနယပိဋက ဝိနည်း (ဒုတိယပိုင်း)  အာဂုံအောင်  ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋက ဝိနည်း (ပထမပိုင်း) အာဂုံအောင် ဥဘတောဝိဘင်္ဂဓရ ဘွဲ့ရ     သာသနာ့အာဇာနည်အရှင်မြတ်   ၈၅   ပါး  စုစုပေါင်း  ၁၅၂  ပါး  အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။ 

 


သာသနာ့အကျိုးကို ဆက်လက်သယ်ပိုး


ယခု  ကျင်းပပြီးစီးခဲ့သည့် (၇၅) ကြိမ်မြောက် စိန်ရတု  တိပိဋကဓရ  တိပိဋကကောဝိဒရွေးချယ် ရေး  စာမေးပွဲအထိ  (၇၅)  နှစ်တာကာလအတွင်း တိပိဋကဓရ  တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ   သာသနာ့အာဇာနည်     အရှင်သူမြတ်    ၁၅   ပါး၊    တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည်   အရှင်သူမြတ်    ခုနစ်ပါး     ပေါ်ထွန်း ခဲ့ပြီး     သာသနာ့အကျိုးကို      ဆက်လက်သယ်ပိုး ဆောင်ရွက်     တော်မူလျက်ရှိကြောင်း     သတင်း ရရှိသည်။    

              
သတင်းစဉ်