နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော်  ဇွန်  ၃ 


မူပိုင်ခွင့်ဆိုင်ရာ       ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌   ကျင်းပရာ   မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။

 


အစည်းအဝေးသို့         ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။ 

 


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က  အမှာစကား ပြောကြားရာတွင်  ယနေ့ကျင်းပသည့် အစည်းအဝေး သည်            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းထားသည့်      မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီ၏  ၁/၂၀၂၂ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်ပတ်သက်၍      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်   ၂၀၁၉   ခုနှစ် ဇန်နဝါရီလ ၃၀ ရက်  ရက်စွဲဖြင့်  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊   စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့်   စာပေနှင့်အနုပညာ  မူပိုင်ခွင့်ဥပဒေ တို့ကို  အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊  အကောင် အထည်ဖော်ဆောင်ရွက်ခြင်းကို       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   မူပိုင်ခွင့်ဦးစီး ဌာနက   အဓိက   တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မူပိုင်ခွင့်ချိုးဖောက်မှုအပေါ် အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် စသည့် ဌာနများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 


၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင် ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံသူနိုင်ငံ သားများအတွက်  အကာအကွယ်ပေးနိုင်ရေး ပြဋ္ဌာန်း ရန် အခြေခံမူအခန်း-၁၊  ပုဒ်မ - ၃၇ အပိုဒ်ခွဲ (ဂ)တွင် နိုင်ငံသားများအား  ပစ္စည်းပိုင်ဆိုင်ခွင့်၊   အမွေဆက်ခံ ခွင့်၊   ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊   တီထွင်ခွင့်နှင့်   မူပိုင်ခွင့် တို့ကို       ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ      ခွင့်ပြုရမည်ဟု လည်းကောင်း၊   အခန်း(၈) ၊  ပုဒ်မ-၃၇၂   တွင်    ဤ ဖွဲ့စည်းပုံပါ      အခြေခံဥပဒေပါ   ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊  တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း  မဆန့်ကျင်စေဘဲ  စီးပွားရေးကိစ္စရပ် များကို  ဆောင်ရွက်ရာတွင်  ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲ ခွင့်နှင့် ကိုယ်ပိုင် တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော် က အာမခံ၍လည်းကောင်း  တာဝန်ပေးထားပြီးဖြစ် ကြောင်း။ 

 


မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ပိုမိုအရေးပါ


နိုင်ငံတော်၏      စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင်  မူပိုင်ခွင့် အကာအကွယ်ပေးခြင်း         စနစ်တစ်ရပ်ကျင့်သုံး ဆောင်ရွက်နိုင်ခြင်းဖြင့်      နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်          အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊   ယနေ့    Globalization    ခေတ်တွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အစိုးရ၊  ဌာနဆိုင်ရာများ၊ စွန့်ဦးတီထွင် သူများ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်ပါ မူပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များသည် ပိုမိုအရေးပါပြီး အရေးကြီး သည့်  ကဏ္ဍတစ်ရပ်အနေဖြင့်  ရှိနေမည်ဖြစ်ကြောင်း၊ ထို့ပြင်      နိုင်ငံတော်၏   စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ၏      ရေရှည်တည်တံ့ခိုင်မြဲပြီး    ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း  (၂၀၁၈-၂၀၃၀) တွင်ပါဝင် သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော  နိုင်ငံတော်တွင် တီထွင်ဖန်တီးမှုကိုအခြေပြုသည့် စီးပွားရေးလုပ်ငန်း များ  ပိုမိုဖွံ့ဖြိုးလာစေရန်နှင့်   ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့်   အစိုးရနှင့်   ပုဂ္ဂလိက ကဏ္ဍများ  ဖြစ်ပေါ်လာနိုင်စေရေး  ဆောင်ရွက်ရာတွင် မူပိုင်ခွင့်စနစ်ကျင့်သုံးခြင်းသည်   များစွာအထောက် အကူပေးနိုင်မည်ဖြစ်ကြောင်း။  

 

မြန်မာနိုင်ငံ      စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်ပါ     လုပ်ငန်းစဉ်များတွင်   မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို  အကောင်အထည်ဖော်နိုင်ရေး  ဆောင် ရွက်ခြင်းကို ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်း နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကဏ္ဍ တွင် လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ချမှတ်ထားသည်ကို တွေ့ရကြောင်း၊    ထို့ကြောင့်   နိုင်ငံတွင်    မူပိုင်ခွင့် အကာအကွယ်ပေးခြင်း  စနစ်တစ်ရပ်ထူထောင်ခြင်း သည်    နိုင်ငံစီးပွားရေး    ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်ကို    လက်ခံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


မြန်မာနိုင်ငံသည်    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့၏    အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သော  ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန် လိုအပ် သကဲ့သို့     အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား  မူပိုင်ခွင့် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

အာဆီယံစီးပွားရေးအသိုက်အဝန်းပါ   အာဆီယံ ဒေသတွင်း    မူပိုင်ခွင့်ဆိုင်ရာ   လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသ တွင်း   နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည် စီးဆင်းမှုများ  တိုးတက်ရေးနှင့်    စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင် ခွင့်စနစ်များကို  ဖော်ဆောင်ကျင့်သုံးနေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  အခြားသော  အဖွဲ့ဝင်နိုင်ငံများ နည်းတူ မူပိုင်ခွင့်ဆိုင်ရာ  ဥပဒေများကို   အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပြီး        မူပိုင်ခွင့် အကာအကွယ်ပေးသည့်  စနစ်တစ်ရပ်  တည်ထောင် နိုင်ရန်   ယခုကဲ့သို့   ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင်  မြန်မာနိုင်ငံအနေဖြင့် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ    အာဆီယံစီးပွားရေး အသိုက်အဝန်းပါ လုပ်ငန်းစဉ်များအရ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ          သဘောတူစာချုပ်များသို့လည်း ဝင်ရောက်ရန်    ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ 

 


 ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်


နိုင်ငံတော်တွင် ကျင့်သုံးဖော်ဆောင်မည့် မူပိုင်ခွင့် စနစ်သည်     နိုင်ငံတကာက  သတ်မှတ်ထားသည့် စံများနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့  နိုင်ငံ၏ လက်ရှိ ဖြစ်တည်နေသည့်   နိုင်ငံရေး၊  စီးပွားရေး၊  ပညာရေး စသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေ ရှိရန်   လိုအပ်မည်ဖြစ်ကြောင်း၊   ထို့ကြောင့် မူပိုင်ခွင့် ဆိုင်ရာ    ဥပဒေ(၄)ရပ်ကို   အကောင်အထည်ဖော် ရာတွင်    စနစ်တကျ  အကျိုးသက်ရောက်မှုရှိစေရေး အတွက်  ဥပဒေတစ်ခုပြီးမှတစ်ခု   အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ဥပဒေများ ကို    အကောင်အထည်ဖော်    ဆောင်ရွက်ရာတွင် တာဝန်ရှိဝန်ကြီးဌာနများအပြင်     မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီနှင့် အေဂျင်စီတို့တွင်  တာဝန်ပေးအပ် မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ် သော   အဖွဲ့အစည်းများကလည်း   ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


မူပိုင်ခွင့်ဆိုင်ရာ   ဗဟိုကော်မတီ၏    အဓိက ဆောင်ရွက်ရမည့်   လုပ်ငန်းတာဝန်များကို  မူပိုင်ခွင့် ဥပဒေများတွင်  ဖော်ပြထားကြောင်း၊  ဗဟိုကော်မတီ အနေဖြင့်   မူပိုင်ခွင့်ဆိုင်ရာ  လုပ်ငန်းများကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်မည့်   မူဝါဒများ၊ မဟာ ဗျူဟာများနှင့်   လုပ်ငန်းစီမံချက်များကို လမ်းညွှန် ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊  ဗဟိုကော်မတီက ချမှတ်သည့်  လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ရာတွင်    လိုအပ်မည့်  အမိန့်ကြော်ငြာစာ၊ အမိန့် နှင့်ညွှန်ကြားချက်များကို   ထုတ်ပြန်နိုင်ရန်  မူပိုင်ခွင့် ဆိုင်ရာ အေဂျင်စီကို  အမြန်ဆုံး  ဖွဲ့စည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း။

 

မူပိုင်ခွင့်ဥပဒေများ  ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက် နိုင်ခြင်းဖြင့်  နိုင်ငံ၏စီးပွားရေး  ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊  လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်  ခိုင်မာလာစေ ခြင်း၊   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊   လူသားအရင်း အမြစ်များ   ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းအသစ်များ   ပေါ်ပေါက်လာနိုင် ခြင်း၊   အဆင့်မြင့်နည်းပညာများကို   လွှဲပြောင်းရယူ နိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာ နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို   ရရှိနိုင်မည် ဖြစ်ကြောင်း။ 

 


ယခုဖွဲ့စည်းထားသည့်    မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီတွင်ပါဝင်သော   တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊   အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မိမိတို့ပါဝင် ဆောင်ရွက်နိုင် သည့်  အခန်းကဏ္ဍများတွင်  ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊  နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊   သိပ္ပံနှင့်ယဉ်ကျေးမှုကဏ္ဍများ၊   တီထွင် ဆန်းသစ်မှုနှင့်   ဖန်တီးမှုများကို   ဖွံ့ဖြိုးတိုးတက်စေ နိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို  အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍     အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြပါဟု  တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေး နှင့်        ကူးသန်းရောင်းဝယ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မူပိုင်ခွင့် စနစ်တစ်ရပ် ပေါ်ပေါက်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်   အတွင်းရေးမှူး   ဒုတိယဝန်ကြီး ဦးညွန့်အောင်က    ပထမအကြိမ်   ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်    အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို   ရှင်းလင်း တင်ပြပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ဗီဒီယိုကို ပြသသည်။

 


ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က   ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၂) သို့   တင်ပြသည့်  အမှာစာ များကို ဖတ်ကြားတင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က အမှာစာတစ်ခုချင်းအပေါ်       လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

 


ယင်းနောက်   ဗဟိုကော်မတီဝင်  ဒုတိယဝန်ကြီး များဖြစ်ကြသည့်   ဦးသန်းအောင်ကျော်၊   ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွန့်၊ ဦးညွန့်အောင်၊ ဒေါက်တာဇော်မြင့်နှင့်   တာဝန်ရှိသူများက မူပိုင်ခွင့် ဆိုင်ရာများနှင့်စပ်လျဉ်း၍     သက်ဆိုင်ရာကဏ္ဍများ အလိုက်  ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုကြသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။  

             သတင်းစဉ်