နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၁၄


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး  (၆/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ညီလာခံ ခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။ 


အစည်းအဝေးသို့     ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊   အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊    အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်း အဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီးတိုင်းဒေသကြီးနှင့်   ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး    အထူးအဖွဲ့ဥက္ကဋ္ဌများက   ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  အမှာစကားပြောကြား ရာတွင်       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို  ကျင်းပခဲ့သည်မှာ  ယခုဆိုလျှင်  (၁၂) ကြိမ်ရှိပြီ ဖြစ်ကြောင်း၊   ယခင် အစည်းအဝေး (၁၁)ကြိမ်က ဆုံးဖြတ်ချက်  ၃၉၁  ချက်   ချမှတ်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊   ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နောက်   ဖမ်းဆီးရမိမှုများအနေဖြင့်   ၂၀၂၂   ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိ အမှုတွဲ ၄၂၃၂ မှု၊   ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၅ ဒသမ ၀၅၆ ဘီလီယံနှင့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖမ်းဆီးရမိ အမှုတွဲ  ၅၇၅၃ မှု၊  ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလီယံတို့ဖြစ်ပြီး တာဝန် ယူခဲ့သည့် (၂၃) လ ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ပေါင်း ၉၉၈၅ မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလီယံဖြစ်ကြောင်း။ 


တရားမဝင်ကုန်သွယ်မှုကို  ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က  အဓိပ္ပာယ်ဖွင့်ဆိုရာမှာ   “နိုင်ငံတကာဥပဒေ တွေအရ  သတ်မှတ်ထားသည့်  တရားမဝင်ကုန်စည် များကို ထုတ်လုပ်ခြင်း၊  ဝယ်ယူခြင်း၊  ရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊    ရွှေ့ပြောင်းခြင်း၊    လွှဲပြောင်းခြင်း၊ လက်ခံရရှိခြင်း၊   လက်ဝယ်ထားရှိခြင်း    သို့မဟုတ် ဖြန့်ဖြူးခြင်းနှင့်   အဆိုပါ    ဆောင်ရွက်ချက်များကို အားပေးရန်  ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှု ကိုမဆို တရားမဝင်ကုန်သွယ်မှု” ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်ကို တွေ့ရကြောင်း။
ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိ


မည်သည့်နိုင်ငံတွင်မဆို   နိုင်ငံ၏  စျေးကွက် စီးပွားရေးစနစ်ကို  အကောင်အထည်ဖော်ဆောင်ရာ တွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်  စားသုံးသူ ပြည်သူတို့က  အဓိကနေရာကပါဝင်ပြီး နိုင်ငံတော် အနေဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေး၊ အကောက် ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေးနှင့်  ပြည်သူ များအတွက် ဘေးကင်းစိတ်ချရသည့်  ကုန်စည်များ အာမခံချက်ပေးနိုင်ရေးတို့အတွက်     တရားမဝင် ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက် ထား   ဆောင်ရွက်လျက်ရှိကြပြီး   ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့်လည်း    မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို   ခြိမ်းခြောက်လာသည့်   တရားမဝင် ကုန်သွယ်မှုများကို ပပျောက်စေရန် အထူးအာရုံစိုက် ဆောင်ရွက်လာသည်ကို တွေ့ရှိရကြောင်း။ 


မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင်   နိုင်ငံအတွင်း MSMEs နှင့် စက်မှုဇုန်များက သွင်းကုန်အစားထိုး  ထုတ်ကုန် များ  ပိုမိုထုတ်လုပ်ရန်၊  နိုင်ငံ့ဝင်ငွေနှင့်သုံးစွဲငွေမျှတရန်အတွက်  ပို့ကုန်တင်ပို့မှု  ပိုမိုအားကောင်းစေရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းထက် စက်မှုထွက်ကုန် တစ်နည်းအားဖြင့်  Supply Chain မှ Value Added ကုန်ချောပစ္စည်းများ   တင်ပို့ခြင်းဖြင့်   နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း။


ပြည်ပနိုင်ငံများတွင်  စက်မှုထုတ်ကုန်ချောများ စျေးကွက်လိုအပ်ချက်နှင့်အညီ    အမြောက်အမြား ထုတ်လုပ်ကြသည့်အတွက်    ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့်  ပိုမိုသက်သာမှုရှိသည်ကို တွေ့ရှိရကြောင်း၊  မိမိနိုင်ငံအတွင်း  ထုတ်လုပ်သည့် စက်မှုထွက်ကုန်ချောများအနေဖြင့်   ထုတ်လုပ်နိုင်မှု အားနည်းချက်၊  ကန့်သတ်ချက်များရှိခဲ့ပါက ပစ္စည်း တစ်ခုချင်း၏ ကုန်ကျစရိတ်တန်ဖိုးအနေဖြင့် စျေးနှုန်း ကြီးမြင့်ပြီး    ပြည်ပက   တရားမဝင်တင်သွင်းလာမှု များကို   ယှဉ်ပြိုင်နိုင်မှုမရှိဘဲ    စက်မှုဇုန်ကုန်ထုတ် လုပ်ငန်းများအတွက်    ထိခိုက်နစ်နာမှုများ   ရှိလာ နိုင်ကြောင်း။ 


ထို့ကြောင့်    ပြည်တွင်းသုံးအပြင်    ထုတ်လုပ် ကုန်ချောပစ္စည်းများကို ပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ် နိုင်ရေးနှင့် ပြည်ပက  တရားမဝင်ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျ တားဆီးစစ်ဆေး အရေးယူရမည်ဖြစ်ပြီး    ပြည်တွင်းစက်မှုကုန်ထုတ် လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပ မှ ကုန်ချောတင်သွင်းမှုများကို  သက်ဆိုင်ရာဌာနများ က   အခွန်နှုန်းထားများ   မြှင့်တင်တားမြစ်ခြင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့်  လိုက်လျော ညီထွေရှိသည့် တားဆီးမှုများကို  စနစ်တကျဆောင် ရွက်ရန်လိုကြောင်း။ 


ကုန်ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုကိုထိခိုက်


တရားမဝင်   ကုန်သွယ်မှုများကြောင့်     နိုင်ငံ အတွက်ရရှိမည့် အခွန်အခများဆုံးရှုံးခြင်း၊ ကုန်သွယ် မှုဆိုင်ရာ  စာရင်းဇယား ကိန်းဂဏန်းအချက်အလက် များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင် ခြင်း၊  နိုင်ငံတော်ဘဏ်စနစ်နှင့်  ငွေကြေးစီးဆင်းမှု စနစ်  ထိခိုက်စေနိုင်ပြီး   နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှု ဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင် တင်သွင်း လာသည့်  ကုန်စည်များကြောင့်  ပြည်တွင်းကုန်စည် ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်း လာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်း ကျဆင်းစေခြင်း၊   အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊  တရားမဝင်     တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊     စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင်  အတုအပများ၊ သက်တမ်း လွန်ကုန်စည်များကြောင့်     သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း  စသည့်  ဆိုးကျိုး များအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်   ကုန်ထုတ်လုပ်မှုနှင့်  ကုန်သွယ်မှုကို ထိခိုက်    ကျဆင်းစေနိုင်ပါကြောင်း၊    ထို့ကြောင့့်် တရားမဝင်ကုန်သွယ်မှုများကို       တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မိမိတို့အားလုံးက “ အမျိုးသားရေး တာဝန်”  တစ်ရပ်အဖြစ်  သတ်မှတ်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။ 


ယခင်ကျင်းပခဲ့သည့်  (၅/၂၀၂၃) ကြိမ်မြောက် တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးနောက်ပိုင်း ယနေ့အချိန်အထိ တနင်္သာရီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က ခဲသတ္တုများကို  တရားမဝင်တူးဖော်ပြီး ပြည်ပတင်ပို့နေကြောင်း  ဖော်ထုတ်ရရှိသည့် သတင်း အရ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ခဲသတ္တုတန် ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊  ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ပြီး အကောက် ခွန်ဦးစီးဌာနကလည်း  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက် တွင် စင်ကာပူနိုင်ငံမှလာသည့် လေယာဉ်တွင် လိုက်ပါ လာသည့် ခရီးသည်သုံးဦးကို သတင်းအရ စောင့်ကြည့် စိစစ်ရှာဖွေခဲ့ရာ  ရွှေ  ၁၆ ကီလိုဂရမ်၊  အမေရိကန် ဒေါ်လာ ၁၂၀,၀၀၀ ၊ iPhone ၂၅၉ လုံး၊  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉၄၆ ဘီလီယံကျော် ဖမ်းဆီးရမိသည့်     ထူးထူးခြားခြားဖြစ်စဉ်များကို တွေ့ရကြောင်း၊ ယင်းဖြစ်စဉ်ကိုကြည့်ပါက သတင်း ရရှိမှုသည်   အဓိကအရေးကြီးကြောင်း၊   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် သတင်းအချက်အလက် ရရှိရေးသည်  အရေးပါသည့်အတွက် သတင်းပေးသူ များကို  ဆုကြေးငွေ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေးပြီး သတင်းကွန်ရက်တည်ဆောက်ထားကြရန်နှင့့်   ရရှိ သည့်သတင်းများကို     အကျိုးရှိစွာအသုံးချတားဆီး စစ်ဆေးအရေးယူကြရန်လိုကြောင်း။ 


ထို့ပြင်   အိန္ဒိယနိုင်ငံ   အကောက်ခွန်က မြန်မာ အကောက်ခွန်ဌာနသို့ သတင်းပေးပို့မှုကြောင့် ရန်ကုန် လေဆိပ်တွင်  မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊     ထိုသို့   နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်မှုများစွာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊   အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက် များ    တရားမဝင်ကုန်သွယ်မှုကို    နိုင်ငံအချင်းချင်း၊  ဌာနဆိုင်ရာအချင်းချင်း  သတင်းဖလှယ် ဆက်လက် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ 


ကုန်သွယ်မှုလုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက် ကြရမည့်  ကုမ္ပဏီတည်ထောင်ခြင်းအတွက် MyCo (မိုင်ကို) စနစ်၊    ပို့ကုန်သွင်းကုန်မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်းအတွက် Myanmar Trade Net 2.0 စနစ်၊ ပို့ကုန်သွင်းကုန်ကြေညာလွှာ လျှောက် ထားခြင်းအတွက် MACCS စနစ်၊ ပြည်ပသို့ ငွေလွှဲ ပြောင်းခြင်းနှင့်    ပြည်ပမှ   ငွေလက်ခံခြင်းအတွက် Online Matching    စနစ်များ   ထူထောင်ထားရှိပြီး ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်    ကုန်သွယ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို Online စနစ်ဖြင့် ဆောင်ရွက် နိုင်အောင်  အစိုးရဌာနများက ချိတ်ဆက်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊  ယင်းသို့ ဆောင်ရွက်ထားခြင်း သည် တရားမဝင်ကုန်သွယ်မှု  လျော့နည်းပပျောက် စေရေးနှင့်  ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေရေးအတွက် ဌာနဆိုင်ရာအချင်းချင်း Online စနစ် နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊   National Single Windows   စနစ်  စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊    ယခုကဲ့သို့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေး ထားသည့်အပေါ်         အစိုးရဌာနဆိုင်ရာများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့က ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်မှုကို စနစ်တကျ   ဆောင်ရွက်ကြရေး  ကုန်သည်လုပ်ငန်း ရှင်များကို  ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးပေးကြရန် မှာကြားလိုကြောင်း။


ဥပဒေလုပ်ထုံးလုပ်နည်းများ၏    လစ်ဟာချက် များအပေါ်  ပုဂ္ဂလိကအကျိုးစီးပွားအတွက် အခွင့် အရေးယူဆောင်ရွက်ခြင်းမျိုးမလုပ်ဘဲ   နိုင်ငံ့စီးပွား ရေး   ဖွံ့ဖြိုးတိုးတက်မှုအတွက်    ပြုပြင်သင့်သည့် အချက်များကို အကြံပြုပေးကြရန်လိုကြောင်း၊ အစိုးရ ဌာနဆိုင်ရာများအနေဖြင့်လည်း  ကုန်သည်လုပ်ငန်း ရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အကြံပြု ချက်များအပေါ် စိစစ်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက် သင့်သည်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း။ 
ကုန်သည်လုပ်ငန်းရှင်များ၌လည်း     ရိုးရိုး သားသား၊     မှန်မှန်ကန်ကန်    ကုန်သွယ်နေသည့် ပစ္စည်းမှန်၊   ဈေးနှုန်းမှန်၊    အချိန်အတွယ်မှန်နှင့် ကူးသန်းရောင်းဝယ်နေသည့်     သူများရှိသကဲ့သို့ မတော်လောဘနှင့် ဝိသမစီးပွားရေးသမားများလည်း အထင်အရှားရှိနေသည်ကို  စားသုံးဆီနှင့်စက်သုံးဆီ တင်သွင်းသည့်ကုမ္ပဏီများကို    စစ်ဆေးသည့်အခါ တွင် အရေးယူဆောင်ရွက်ရသည့် ကိစ္စများပေါ်ပေါက် လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  နိုင်ငံတော် နှင့် ပြည်သူများအပေါ်   မတော်လောဘနှင့်  အမြတ် တင်ရောင်းချခဲ့သည့့်      ကုမ္ပဏီတချို့ကို   ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။


တိုင်းဒေသကြီး၊   ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS   ဌာနဆိုင်ရာ     ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ကျဝန်ထမ်းများကို  တရားမဝင်ကုန်သွယ်မှု များတွင်   ပါဝင်ပတ်သက်မှုမရှိစေရေး၊    ငွေကြေး တောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရေး    တာဝန်ရှိသူအဆင့်ဆင့်က    ကြပ်မတ် ဆောင်ရွက်ရန် အကြိမ်ကြိမ်မှာကြားခဲ့ပြီးဖြစ်ကြောင်း။ 


သို့သော်လည်း  တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများတွင်      ငွေကြေးရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါ ကို မျက်ကွယ်ပြုပြီး  လာဘ်ငွေရယူ စေလွှတ်ခွင့်ပြု ခြင်း၊ တရားမဝင်ကုန်စည်များ  တင်ဆောင်လာသည် ကို   သိရှိလျက်နှင့်     ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး  လွှတ်ပေးခြင်း၊  တားဆီးစစ်ဆေး ရာတွင် တရားမဝင်ကုန်စည်များ တွေ့ရှိသော်လည်း တန်ဖိုးနည်းကုန်စည်အချို့ကိုသာ    ဟန်ပြဖမ်းဆီး အရေးယူခြင်းစသည့်    နည်းမျိုးစုံနှင့်  ပတ်သက်နေ သည်ဟု    သတင်းများကို     ကြားသိနေရကြောင်း၊ ယင်းကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်ကြပ်မတ်မတ် စစ်ဆေးပြီး   ထိထိရောက်ရောက်   အရေးယူကြရန်  တိုင်းဒေသကြီး၊    ပြည်နယ်အလိုက်    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး      အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS    ဌာနဆိုင်ရာ    ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ကျဝန်ထမ်းများနှင့် အုပ်ချုပ်သူများကို  အထူး မှာကြားလိုကြောင်း။ 


ထို့ပြင်       တာဝန်ကျဝန်ထမ်းများအနေဖြင့် ကုန်ပစ္စည်းအပါအဝင် ကုန်တင်ယာဉ်များ  စစ်ဆေး ရာတွင် ဆက်ဆံရေးပြေပြစ်ရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်လိုအပ်ပြီး     ဆက်ဆံရေး မပြေလည်ခြင်းသည် ကုန်သွယ်မှုကို  အဟန့်အတား ဖြစ်စေရုံသာမက  ခရီးသွားအများပြည်သူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း၊        ယင်းကို ကြပ်မတ်ထိန်းကျောင်းနိုင်မှုမရှိပါက အများပြည်သူ အနေဖြင့် အစိုးရအပေါ်တွင် အမြင်လွဲမှားနိုင်ကြောင်း။


လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံ


ဖမ်းဆီးရမိကုန်စည်များကို   လုပ်ထုံးလုပ်နည်း နှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် ဘဏ္ဍာ ငွေများ နိုင်ငံတော်ကရရှိရန်လိုကြောင်း၊   ဖမ်းဆီးရမိမှု များရှိသော်လည်း   လေလံမပစ်ခင်တွင်   ပစ္စည်းများ ပျက်စီးသွားပါက   ဖမ်းဆီးပေးသူများ၏   ကြိုးပမ်း အားထုတ်မှုများ အချည်းနှီးဖြစ်ရပြီး  နိုင်ငံဘဏ္ဍာငွေ လည်း ရရှိမည်မဟုတ်ကြောင်း၊   ထို့ကြောင့် ပုပ်သိုး ပျက်စီးလွယ်သည့်  ကုန်စည်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ  မြန်မြန်ဆန်ဆန်  လေလံတင်ရောင်းချရန် လိုကြောင်း၊ ဖမ်းဆီးရမိသည့်   လိုင်စင်ရှိ၊   လိုင်စင်မဲ့ မော်တော်ယာဉ်၊  ဆိုင်ကယ်နှင့်  စက်ပစ္စည်းများကို လည်း   လုပ်ထုံးလုပ်နည်းနှင့်အညီ   အမြန်ဆုံးအပ်နှံ ဆောင်ရွက်သွားကြရန်     တိုက်တွန်းမှာကြားလို ကြောင်း။


ထို့ပြင် လုံခြုံရေးအပိုင်းနှင့်ပတ်သက်ပြီး တာဝန်ကျ နေရာဒေသအလိုက် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြ သည့့်    နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း  တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို   မလိုလားသည့်    ပြည်ဖျက် အကြမ်းဖက်သမားများ၏အန္တရာယ်ကို    မျက်ခြည် မပြတ်သတိပြုပြီး     တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊  လုံခြုံရေးသတိနှင့့်  ဆောင်ရွက်ကြရန် လိုကြောင်း၊  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင်     ပြည်ထောင်စုအဆင့်    ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့များအကြား    ပိုမိုအားကောင်းသည့်   ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန်၊ ပြည်တွင်းသယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုကို  ထိထိရောက်ရောက် တားဆီးအရေးယူရန်၊ သတင်းအချက်အလက်ရရှိရေး ပြည်တွင်း၌ သတင်းကွန်ရက်ချိတ်ဆက်တည်ဆောက် ရန်လိုပြီး ပြည်ပနိုင်ငံများနှင့် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ပြီး အပြန်အလှန် သတင်းဖလှယ်ကြရန်၊ ကုန်တင်လွှာစနစ်နှင့် E-Lock စနစ် အကောင်အထည် ဖော်ရာတွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်၊    Online     စနစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင်      ဆောင်ရွက်ရန်၊  ဖမ်းဆီးရမိပစ္စည်းများ      ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူ မှု ကင်းရှင်းရန်၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ တွင်   လုံခြုံရေးအသိ၊   လုံခြုံရေးသတိဖြင့်   တာဝန် ထမ်းဆောင်ကြရန်နှင့်      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို “အမျိုးသားရေးတာဝန်” တစ်ရပ် အဖြစ် သတ်မှတ်ပြီး တာဝန်ကျဝန်ထမ်းများ သာမက နိုင်ငံသားအားလုံး      ပူးပေါင်းပါဝင်ဆောင်ရွက်သင့် ကြောင်း ပြောကြားသည်။


အမှာစာများကိုဖတ်ကြားတင်ပြ


ထို့နောက်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအတွင်းရေးမှူး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမင်းမင်းက   ဦးဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၃)   အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်    ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်  ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊  ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊    ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန် ဝင်းအောင်၊     အကောက်ခွန်ဦးစီးဌာန     ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဆွေ၊    ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃)သို့ တင်ပြ လာသည့် အမှာစာများကိုဖတ်ကြားတင်ပြကြသည်။


ရှင်းလင်းဆွေးနွေး


ဆက်လက်၍ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်      ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊     ဦးဝင်းရှိန်နှင့်   ဦးဆောင် ကော်မတီအဖွဲ့ဝင်  ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိ ချက်များ၊        နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊    တရားမဝင်ယာဉ်များ၊ စားသောက်ကုန်၊     ဆေးဝါးနှင့်   အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများနှင့်  ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊  ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌     ကုန်စည်စီးဆင်းနေမှု အခြေအနေများ၊ E-Lock စနစ်ဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီတင်သွင်းနေမှု အခြေအနေများ၊ တရားမဝင် Online    မှ   ကုန်ပစ္စည်းများရောင်းချနေမှုနှင့် တရားဝင်မှတ်ပုံတင်    လျှောက်ထားလျက်ရှိသည့်  အခြေအနေများနှင့်စပ်လျဉ်း၍   ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 


ဆက်လက်၍  အစည်းအဝေးသို့တက်ရောက်လာ ကြသူများက      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်က  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီအစည်းအဝေး   (၆/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်      စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြော ကြားကာ အစည်းအဝေးကို  ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်