နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၂၅


အသေးစား၊ အငယ်စားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၂/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌   ကျင်းပရာ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်      စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်း တက်ရောက်         အမှာစကား ပြောကြားသည်။ 

 
အစည်းအဝေးသို့      ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်၊    ဒေါက်တာ ကံဇော်၊ ဒေါက်တာ ချာလီသန်း၊   ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့်   အသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး   တိုင်းဒေသကြီးနှင့်   ပြည်နယ် ဝန်ကြီးချုပ်များက    ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။


ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိ


ဦးစွာ   အသေးစား၊   အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်    MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏   ပထမအကြိမ်   (၁/၂၀၂၂) အစည်းအဝေးကို  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ဒုတိယအကြိမ် (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန် ၈ ရက် ရက်နေ့တို့တွင်  ကျင်းပပြုလုပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကာ သက်ဆိုင် ရာ ဝန်ကြီးဌာန၊  အဖွဲ့အစည်းများ၊ ဒေသ ဆိုင်ရာအေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
ယခုအစည်းအဝေးသည်     လုပ်ငန်း ကော်မတီ၏   တတိယအကြိမ်   ကျင်းပ သည့် အစည်းအဝေးဖြစ်ပြီး ရည်ရွယ်ချက် များအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် သေချာ သော ပြည်တွင်းကုန်ကြမ်းများကို အသုံး ပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သော စားသုံးဆီ၊ ဆန်နှင့်  ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ၊ ဝါ၊ ကော်ဖီ၊  လက်ဖက်လုပ်ငန်းများ၊ သစ်၊ ကြိမ်၊ ဝါး များကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်း များ၊ မွေးမြူရေး အသား၊ ငါးကို အခြေခံ သည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရ သည့်  အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရေးအတွက်    ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးနိုင်ရန်၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေး   ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊   ဒေသဆိုင်ရာ အေဂျင်စီများက ပြီးပြတ် အောင်   ဆောင်ရွက်နိုင်ရေး   တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့်  ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း။


အဓိကကျသည့်သော့ချက်ဖြစ်


နိုင်ငံတစ်နိုင်ငံ၏    စီးပွားရေး   ဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံ၏ ရေခံမြေခံ ပထဝီ အနေအထားနှင့်  အပြန်အလှန်ဆက်စပ် လျက်ရှိပြီး    နိုင်ငံတစ်ခုလုံး   အေးချမ်း သာယာစည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုး သည့် နိုင်ငံတော်တည်ဆောက်ရေး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျသည့်သော့ချက်ဖြစ်ကြောင်း။
နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့ လာစေရန်အတွက် ဦးစားပေးလုပ်ဆောင် ရမည့် လုပ်ငန်းကဏ္ဍပေါင်း များစွာရှိသည့် အနက် MSME များကို အားပေးမြှင့်တင် ခြင်းသည်     အဓိကအခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေကြောင်း၊ MSME များသည် စီးပွားရေးလုပ်ငန်းများတွင်    အဓိက အရေးပါသော   အခြေခံလုပ်ငန်းများဖြစ် သည့်အတွက်  MSME များကို အားပေး မြှင့်တင်ခြင်းဖြင့်   နိုင်ငံ့စီးပွားကို    ဖွံ့ဖြိုး တိုးတက် လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို    မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒမှာ   MSME  ကဏ္ဍ၏ အရေးပါပုံကို အထူးအလေးထား ဖော်ပြ ထားကြောင်း၊   MSME  ကဏ္ဍ    ဖွံ့ဖြိုး တိုးတက်လာပါက စီးပွားရေးမတည်ငြိမ် သည့်    ကြားကာလများမှာပင်    နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား      ထိန်းကျောင်း ပေးနိုင်စွမ်းရှိကြောင်းကို     လေ့လာသိရှိ ရကြောင်း။


 မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ် ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး” နှင့်  “ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး” ၊ အမျိုးသားရေး    ရည်မှန်းချက် (၂) ရပ် ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံ တော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။


အဆိုပါမျှော်မှန်းချက်များကို   ဖြည့် ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် လက်တွေ့အကောင်အထည်ဖော် နိုင်ရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ခဲ့ ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက် (၃)ရပ် ထဲတွင် “တိုင်းပြည်သာယာဝပြော ရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ       တစ်ရပ်လုံးနှင့် အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက် အောင်ဆောင်ရွက်ပြီး  အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး” နှင့့် “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို   အားပေးဆောင်ရွက်ကာ  ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် အချက်များ လည်း ပါဝင်ပါကြောင်း။ 


အဆိုပါ စီးပွားရေးဦးတည်ချက်များ နှင့်အညီ     နိုင်ငံ့စီးပွားကို     မြှင့်တင်ရေး အတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့်   ရေရှည်အာမခံ ချက်ရှိအောင် အားပေးကူညီပြီး ပြည်သူ လူထုအတွက် ထုတ်ကုန်များစွာကို ဒေသ အသီးသီးတွင်ရှိသည့်    MSME   များကို ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊  ထို့ကြောင့်    MSME လုပ်ငန်းများအနေဖြင့်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကို   အခြေခံထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို    နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာဖူလုံမှုအတွက် အဓိကထား ထုတ်လုပ်စေခြင်းမှ အဆိုပါလုပ်ငန်းများ ကို  အခြေခံပြီး  အခြားသောကဏ္ဍများ ဖြစ်သည့် ပြည်တွင်းပြည်ပ ရောင်းဝယ်မှု နှင့်     ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန် ဆောင်ရွက် သွားကြရန်     တိုက်တွန်း   ပြောကြား လိုကြောင်း။


အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး   ဗဟိုကော်မတီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရေးအတွက်   တိုင်း ဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် MSME     လုပ်ငန်းရှင်များနှင့်     တွေ့ဆုံပွဲ (၂၃)ကြိမ်၊   မိမိအနေဖြင့်လည်း   MSME လုပ်ငန်းရှင်များနှင့်  တွေ့ဆုံပွဲ  (၄)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊   တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များက ကဏ္ဍအလိုက် လိုအပ် ချက်များ တင်ပြကြပြီး အဆိုပါတင်ပြချက် များကို   ခြုံငုံကြည့်ပါက  အများအားဖြင့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊    စက်ပစ္စည်းနှင့်   မြေနေရာ လိုအပ်ချက်များကို အများဆုံးတင်ပြခဲ့ကြ ကြောင်း၊ နိုင်ငံတကာတွင်လည်း MSME များသည်  ငွေကြေးအရင်းအနှီး၊   နည်း ပညာ၊ ဈေးကွက်ရရှိမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းစသည့်   အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း။  


စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား


မိမိတို့မြန်မာ့ MSME များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့်   အခက်အခဲ များနှင့် အခြားသောအခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွား ရမည်ဖြစ်ပြီး ရှိနေသည့်အခွင့်အရေးများ ကိုလည်း အရယူပြီး ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊  ပြည်တွင်းလိုအပ်ချက် ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင် သည်အထိ   ကြိုးပမ်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊    အခြေခံလူသုံးကုန် ပစ္စည်းများ ပြည်တွင်းလိုအပ်ချက် ပြည့်မီ အောင်   ထုတ်လုပ်နိုင်ရန်   လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း အချိန်မီရောက်ရှိမှသာ ကုန်ထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုတွင် သေချာ သည့်  ပြည်တွင်းကုန်ကြမ်းကို အသုံးပြုပြီး ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင် ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း။ 


ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး နည်းပညာ များ၊ ဆန်းသစ်တီထွင်မှုများ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုဆိုင်ရာ    နည်းပညာ များသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု အထူးသဖြင့် MSME များ ဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်ကို     တွေ့ရှိရကြောင်း၊  MSME  များ  ဖွံ့ဖြိုးတိုးတက်လာစေရန် Incubation Center  များ  တည်ထောင် ပြီး    အစပျိုးစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပိုမိုကောင်းမွန်လာစေရန်၊ ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုများ ပိုမိုအားကောင်းလာစေရန် လိုအပ်သည် များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်တွင် MSME များ ရှင်သန်ရပ်တည်နိုင် ရေးအတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း   အသက် သွေးကြောကဲ့သို့   အလွန်အရေးပါသည့် အတွက် ဒေသအသီးသီးတွင်  ဈေးကွက် များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးလာစေ ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသ တွင်း ထုတ်ကုန်များကိုလည်း နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအစီအမံ များ   ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။


 အောင်မြင်မှုခြေလှမ်း တစ်ရပ်


လက်တွေ့ချိတ်ဆက်   ဆောင်ရွက်မှု အနေဖြင့်     ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်ဒေသကြီး   ဝန်ကြီးချုပ်များ ဦးဆောင်သည့် MSME အေဂျင်စီများမှ သီလဝါအထူးစီးပွားရေးဇုန်   စီမံခန့်ခွဲမှု ကော်မတီတို့နှင့်  ပူးပေါင်းဆောင်ရွက်မှု အရ  ဒေသအလိုက်   MSME  လုပ်ငန်းများ မှ       ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို  သီလဝါအထူးစီးပွားရေးဇုန်ရှိ Free ဇုန်နှင့် Promotion  ဇုန်တို့မှ   ကုမ္ပဏီလုပ်ငန်း ၂၈ ခုမှ လိုအပ်သည့်အမှာစာများအတိုင်း တင်ပို့ရာ   ၂၀၂၃ ခုနှစ်   ဇန်နဝါရီလမှ ဩဂုတ်လအထိ MSME လုပ်ငန်း (၃၆)ခု မှ အမှာစာကုန်ကြမ်းပစ္စည်းအမျိုးပေါင်း (၃၃)ခုကို ကာလတန်ဖိုးကျပ်သန်း ၆ ဒသမ ၅၆၂  ဘီလီယံနှင့်  အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄   သန်းကျော်   ထုတ်ကုန်ပစ္စည်း ဈေးကွက်ချိတ်ဆက်    ပေးနိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် MSME လုပ်ငန်းများ ၏ အောင်မြင်မှုခြေလှမ်း တစ်ရပ်ဖြစ်သည် ဟု   ပြောကြားလိုကြောင်း၊  အလားတူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများကလည်း       ရန်ကုန်တိုင်း ဒေသကြီးနှင့်   မန္တလေးတိုင်ဒေသကြီး MSME အေဂျင်စီများ၏ ဆောင်ရွက်မှု များကို    နမူနာယူပြီး   မိမိတို့   MSME ထုတ်ကုန်ပစ္စည်းများ၊ OROP ထုတ်ကုန် များကို   နိုင်ငံတကာဈေးကွက်ရရှိရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်း ချက်ထားပြီး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း။


ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်


နိုင်ငံတကာဈေးကွက်ရရှိပြီး ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နေသည့် ပစ္စည်းအမယ် များအပြင် အမယ်သစ်များတိုးချဲ့တင်ပို့နိုင်ရေးနှင့် ပြည်တွင်းသွင်းကုန် အစားထိုး နိုင်ရေးအတွက်       တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း   ဒေသလိုအပ် ချက်များ၊    ဒေသတွင်းစားသုံးသူများ၏လိုအပ်ချက်များ အစရှိသည်တို့ကို အချင်း ချင်း အပြန်ပြန်အလှန်လှန် ဖြည့်ဆည်း နိုင်ရေး  ဒေသဆိုင်ရာ   အေဂျင်စီများ အချင်းချင်း အားပေးထောက်ပံ့သွားကြ ရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းမှာ တိုင်းပြည်အတွင်း ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့်    ပြည်ပဈေးကွက်များတွင်လည်း ယှဉ်ပြိုင်ရောင်းဝယ်မှုများ၊ ကုန်သွယ်မှု များ    တိုးတက်လာစေရန်    စီးပွားရေး ဝန်းကျင်ကောင်းများကိုလည်း  ဖန်တီး ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊  ထို့ပြင် MSME များလုပ်ငန်း   စတင်ထူထောင် နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင် ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်း အနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော်မှ ပံ့ပိုးပေးနိုင်ရေး   ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။


သို့ဖြစ်၍    ယခုအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ   စီမံခန့်ခွဲမှုအဖွဲ့မှ   ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ နိုင်ငံတော်မှ ရန်ပုံငွေထောက်ပံ့မှု ၁၇၀ ဘီလီယံအတွက် တန်ဖိုးမြှင့်ထုတ်ကုန်   ထုတ်လုပ်သည့် လုပ်ငန်း၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်စေ သည့်လုပ်ငန်း၊ လုပ်ငန်းအတွင်း စွန့်ပစ် ရေဆိုးများ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်း ကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေး စေရန် ဆောင်ရွက်မည့်လုပ်ငန်း၊ စွမ်းအင် ချွေတာရေးလုပ်ငန်း၊    ပြည်သူအများစု အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်း၊    သွင်းကုန်အစားထိုးလုပ်ငန်း၊ ဒေသထွက်ကုန်ကြမ်းကို  အခြေခံသော ထုတ်လုပ်မှုလုပ်ငန်းနှင့်  ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက် ရေး    မြှင့်တင်သည့်လုပ်ငန်း    စသည့် လုပ်ငန်းနယ်ပယ်(၈)ရပ်အပေါ် အခြေခံပြီး ချေးငွေထုတ်ချေးနိုင်ရေးကိုလည်း လိုအပ် သည့် စံသတ်မှတ်ချက်များ၊ SOP များနှင့် ပတ်သက်ပြီး မူကြမ်းရေးဆွဲထားမှုအပေါ် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး ကာ   MSME    ဗဟိုကော်မတီဥက္ကဋ္ဌထံ မူအားဖြင့်   အတည်ပြုနိုင်ရေးကိုလည်း ဆက်လက်    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ် သည့် အရင်းအနှီးများအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွက် နိုင်ငံတော် ဝန်ကြီးချုပ်က       နိုင်ငံ့စီးပွားမြှင့်တင်ရေး    ရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  (၅) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁) ခုတို့ အတွက် ငွေကျပ် (၁၅၂) ဘီလီယံ ပေးအပ် ထားမှုအပေါ်  သက်ဆိုင်ရာဝန်ကြီးချုပ် များ၊ ဒေသဥက္ကဋ္ဌများက MSME လုပ်ငန်း များအတွက်ချေးငွေများကို လိုအပ်သလို စိစစ်ပြီး  ထုတ်ချေးပေးလျက်ရှိသည်ကို သိရှိရပါကြောင်း။ 


အကျိုးရလဒ်များ ရရှိနိုင်


ယခင်လုပ်ငန်းကော်မတီ   အစည်း အဝေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အလားအလာရှိသည့် ထုတ်ကုန် ပစ္စည်းများကို  ဒေသတစ်ခု  ထုတ်ကုန် တစ်ခု  (OROP) အဖြစ်   သတ်မှတ်ပြီး အားပေးမြှင့်တင်နိုင်ရန် လုပ်ငန်းအစီအမံ များ ရေးဆွဲတင်ပြပေးကြရန် မှာကြား ထားပြီးဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အစိုးရ အဖွဲ့များကလည်း မိမိတို့၏ OROP ဆိုင်ရာ အစီအစဉ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်     ကြုံတွေ့ရသည့် အခက်အခဲများ၊ အားသာချက်/ အားနည်း ချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်နှင့် အဆိုပါ OROP အစီ အစဉ်များနှင့် စက်မှုချိတ်ဆက်ဆောင်ရွက် မှု   မြှင့်တင်ရေး   (Industrial Linkage Promotion Plan) များကို   “ပြည်တွင်း ထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုး ရန်၊ ပို့ကုန်ရရှိစေရန်” ဆိုသည့်   အချက် (၃)ချက်ကို ရည်ရွယ်၍ MSME အားပေး မြှင့်တင်ရေးအစီအစဉ်များနှင့် ချိတ်ဆက် ပြီး  အကောင်အထည်ဖော်  ဆောင်ရွက် သွားမည်ဆိုပါက  မိမိတို့မြန်မာ့  MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြား သုံးငွေ   လျှော့ချနိုင်ခြင်းနှင့်   ပို့ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ပြီး    နိုင်ငံခြား ဝင်ငွေများ ပိုမိုရရှိလာခြင်းစသည့် အကျိုး ရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အချက် (၃)ချက်ကို ရည်ရွယ်ပြီး MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင် ရွက်ရာတွင်   သေချာသည့်  ကုန်ကြမ်း၊ လိုအပ်သည့်   သွင်းအားစု၊   နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအား   အရင်းအမြစ်များ   ဖွံ့ဖြိုး တိုးတက်စေရေးတို့ကို   အခြေခံအုတ်မြစ် သဖွယ်  အလေးထား စီမံပံ့ပိုးပေးသွားရ မည်ဖြစ်ကြောင်း၊  တင်ပြရန်  ကျန်ရှိနေ သေးသည့်     တိုင်းဒေသကြီး   (၃) ခုနှင့် ပြည်နယ် (၂)ခုတို့မှ အေဂျင်စီများကလည်း အမြန်ဆုံး မိမိတို့၏  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်   ဆောင်ရွက်မည့် အစီအမံများကိုတင်ပြရန် လိုအပ်ပါကြောင်း၊ MSME အဓိက ကဏ္ဍဖြစ်သည့် ကုန်ကြမ်း၊ နည်းပညာ၊   အရင်းအနှီးများ  မည်မျှပင် ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်စေကာမူ လူ့စွမ်းအားအရင်းအမြစ်  အားနည်းနေ ပါက  MSME လုပ်ငန်းများ  လျင်မြန်စွာ အရှိန်အဟုန်ဖြင့်       အောင်မြင်နိုင်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း၊   ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိကမောင်းနှင်အားဖြစ်သည့် အေဂျင်စီများက  ဂရုပြုပံ့ပိုး   စီမံဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း။ 


လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ပေးရာ တွင်လည်း  MSME များ အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေး ခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့် ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊  ဆက်စပ်သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း  ကျွမ်းကျင်လုပ်သားများ စဉ်ဆက် မပြတ် မွေးထုတ်ပေးရေးအစီအစဉ်များ ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း။ 
သို့ဖြစ်၍  MSME  လုပ်ငန်းရှင်များ အဓိကလိုအပ်ချက်ဖြစ်သည့် မဖြစ်မနေ ဆောင်ရွက်သင့်သည့်      ဒစ်ဂျစ်တယ် နည်းပညာများကို ပိုမိုဆောင်ရွက်နိုင်ရေး အတွက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် MSMEs  Upskilling  and  Reskilling Digital Capacity Development Forum နှင့် 5 Days  Hybrid  Training Program of  Digital  Upskilling and Reskilling for Mekong-Lancang MSME လုပ်ငန်း များ၊ MSMEနှင့် ဆက်စပ်ဝန်ကြီးဌာန (၁၀)   ခုဖြစ်သည့်      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊  သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊  သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများ က   သင်တန်းအမျိုးပေါင်း  (၂၆၀) ကို သင်တန်းအကြိမ် (၃၆၇၅)ကြိမ်၊ သင်တန်း သားပေါင်း (၁၉၈၄၆၀) ဦးတို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပြီး   တက်ရောက်ဆဲ သင်တန်းသား၊  သင်တန်းသူ (၉၄၁)ဦး ရှိပါကြောင်း၊ ယင်းမှာ MSME လုပ်ငန်း ကော်မတီမှ  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးသည့်  အချက်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင်    လုပ်ငန်းခွင်    လေ့ကျင့်ပေးမှု၊ ကျွမ်းကျင်မှုအစီအစဉ်အရ     လုပ်ငန်း ကော်မတီ၏ အေဂျင်စီက ဦးဆောင်ပြီး စားသုံးဆီများ   သန့်စင်ရေး    Refinery နည်းပညာ ပံ့ပိုးရေးသင်တန်း၊  ပိတ်သားမှ နူးညံ့အောင်     ပေါင်းခံခြင်း    အလုပ်ရုံ ဆွေးနွေးပွဲ သင်တန်းများကို   (၇)ကြိမ်၊ သင်တန်းသား သင်တန်းသူ (၇၃၀)ဦးတို့ ကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင် ခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုလုပ်ငန်းများမှာ အဆင့်မြင့် ပညာရပ် ဆက်လက်မသင်ကြားနိုင်ခြင်း၊ သင်ယူလိုမှုအခြေအနေ  မရှိတော့သည့် လူငယ်များကို  လုပ်ငန်းခွင်ကျွမ်းကျင်မှု ရရှိရေးအတွက်   အနိမ့်ဆုံး    KG+ 9 အောင်မြင်ပြီးသူများကို ခရိုင် (၅၁)ခရိုင် တွင် ကျောင်းပေါင်း (၅၁) ကျောင်းဖွင့်လှစ် ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အတတ်ပညာသင်တန်းများကို ယခုနှစ်မှ စတင်ပြီး သင်ကြားပေးခဲ့ရာသင်တန်းသား သင်တန်းသူ   ၄၈၈၄  ဦး  တက်ရောက် သင်ကြားလျက်ရှိကြောင်း၊ စက်မှုဘာသာ ရပ်တွင်    သင်တန်းသား   သင်တန်းသူ ၃၀၅၅ ဦး၊  စိုက်ပျိုးရေးဘာသာရပ်တွင် ၁၀၇၄ ဦး၊    မွေးမြူရေးဘာသာရပ်တွင် ၇၅၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ယခုထက်    ပိုမိုသင်တန်းများ   တိုးမြှင့် ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင် ရွက်သွားရန်  တိုက်တွန်းပြောကြားလို ကြောင်း။


အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်


မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေး စနစ်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် လိုအပ်သည့် ထုတ်ကုန်များ ကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းများ၏    လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေ ဖြင့်  MSME  လုပ်ငန်းများကို  အားပေး ဆောင်ရွက်လျက်ရှိပြီး   ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများမှ  မူဝါဒဆိုင်ရာ လမ်းညွှန်     မှာကြားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ဒေသ ဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ခံခြင်း၊ တာဝန် ယူခြင်းတို့ဖြင့်      ထိထိရောက်ရောက် အကောင်အထည်ဖော်   ဆောင်ရွက်ကာ MSME ကဏ္ဍ လျင်မြန်စွာအရှိန်အဟုန် ဖြင့်    ဖွံ့ဖြိုးတိုးတက်အောင်   အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်း ရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က  လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်     လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို     လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံ ရေးအဖွဲ့ဥက္ကဋ္ဌ  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကဖတ်ကြား တင်ပြကြသည်။


ဆွေးနွေးတင်ပြ


ထို့နောက် လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ  စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထား သည့်  ငွေကြေးဆိုင်ရာ  အချက်အလက် များနှင့်    ချေးငွေဆိုင်ရာ    စည်းမျဉ်း စည်းကမ်းများအား     ရှင်းလင်းဆွေးနွေး တင်ပြသည်။


ယင်းနောက်   လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ   စက်မှုဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဒေါက်တာချာလီသန်းက MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရန်တွက် ကော်မတီများဖွဲ့စည်းကာ မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆုံးဖြတ် ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အထောက် အကူပြုအဖွဲ့များ၊    အေဂျင်စီများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  MSME လုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဓိက လိုအပ် ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊   လူ့စွမ်းအားအရင်းအမြစ် စသည့်အချက်များကို ဖြည့်ဆည်းပေးနိုင် ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊  အဆင့်မြင့်ဒစ်ဂျစ်တယ်  နည်းပညာ များ    အသုံးပြုပြီး     အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေ အနေများ၊ MSME ထုတ်ကုန်များ အွန်လိုင်း စနစ်ဖြင့်        ရောင်းချနိုင်ရေးအတွက် E- Market Place for Myanmar Pro-ducts Platformကို တည်ထောင်ပေးထား ပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဒေသဆိုင်ရာအေဂျင်စီများအနေဖြင့် Digital Transformation တွင် လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရန်   လိုအပ်သည့်အခြေအနေများနှင့် MSME လုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များ၊      လတ်တလော ဆောင်ရွက်ချက်များကို MSME Web-portal  တွင်    လွှင့်တင်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက်   လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဦးသန်း ထွန်းဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊      ဒုတိယဝန်ကြီးများ နှင့် အသင်းအဖွဲ့များမှ ပညာရှင်များက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းဆောင်ရွက်ချက်များ နှင့်  စပ်လျဉ်း၍  သက်ဆိုင်ရာကဏ္ဍများ အလိုက်   ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းက   ရှင်းလင်း ဆွေးနွေးတင်ပြချက်များကို    ပေါင်းစပ် ညှိနှိုင်းပေးပြီး    နိဂုံးချုပ်   အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်