နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း National Database စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  အောက်တိုဘာ  ၆ 


National Database စနစ် တည်ဆောက် ရေး  ဦးဆောင်ကော်မတီ   ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ  အစည်းအဝေးခန်းမ၌   ကျင်းပ ပြုလုပ်ရာ National  Database   စနစ် တည်ဆောက်ရေး    ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်း      တက်ရောက် အမှာစကား ပြောကြားသည်။ 


အစည်းအဝေးသို့     ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသ ကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်    တက်ရောက် ကြသည်။

 

ဦးစွာ  National Database စနစ်တည်ဆောက် ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေသန်း  ၈၀၀၀  ခန့်ရှိပြီး   စစ်တမ်းများအရ သက်သေခံကတ်မရှိသူ လူဦးရေ  သန်း  ၁၀၀၀ ခန့်၊ သက်သေခံကတ်ရှိပြီး ဒစ်ဂျစ်တယ် သက်သေခံကတ် မရှိသူ လူဦးရေ  သန်း  ၃၄၀၀ ခန့်၊   ဒစ်ဂျစ်တယ် သက်သေခံကတ်ရှိသူ  လူဦးရေ သန်း  ၃၆၀၀ ခန့် ရှိကြောင်းကို တွေ့ရှိရကြောင်း။
ကမ္ဘာ့နိုင်ငံများအနက် ဒစ်ဂျစ်တယ်သက်သေခံ ကတ်သုံးစွဲနိုင်မှုအနေဖြင့် ဒစ်ဂျစ်တယ်သက်သေခံ ကတ်စနစ်နှင့်   ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်  နိုင်ငံ ၄၆ နိုင်ငံ၊ ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ် သုံးစွဲပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ မဆောင်ရွက်နိုင်သည့် နိုင်ငံ ၁၁၉ နိုင်ငံ၊ ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ် မဆောင်ရွက်နိုင် သည့်  နိုင်ငံ  ၃၃   နိုင်ငံရှိသည်ကို   လေ့လာတွေ့ရှိရ ကြောင်း။


ပြင်ဆင်ဖွဲ့စည်း


မိမိတို့  နိုင်ငံတွင်လည်း    Digital   စနစ်ကို ကူးပြောင်းပြီး e-Government စနစ်   ပိုမိုအောင်မြင် စွာအကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရန်အတွက် National   Database   စနစ်   တည်ဆောက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊  ၈၇/၂၀၂၂ ဖြင့်   ဖွဲ့စည်းခဲ့ပြီး   ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်  ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၁၅၉/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း။ 


National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီ၏   လုပ်ငန်းတာဝန်များသည် e-ID စနစ် အကောင်အထည်ဖော်  ဆောင်ရွက်ရန် အတွက်  မူဝါဒများ  ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်ခု နှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်အကောင်အထည် ဖော်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ e-ID စနစ်အတွက် လိုအပ်သည့် နည်းလမ်းရရှိရန်အတွက် G to G ရရှိ နိုင်ရေး ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေး အရ ပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အစိုးရများ မှ တိုက်ရိုက်ဝင်ရောက်လုပ်ဆောင်မှုများ ဖြစ်ပေါ်ခြင်း မရှိစေရန်   ကြီးကြပ်ခြင်း၊  နည်းပညာကျွမ်းကျင် သည့်  လူ့စွမ်းအားအရင်းအမြစ်ရရှိရေး   ဖြည့်တင်း ဆောင်ရွက်ပေးခြင်းတို့ပင် ဖြစ်ကြောင်း။    
e-Government စနစ်၏ အခြေခံအကျဆုံးဖြစ် သည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက်  လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာန (Focal Ministry)အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် e-ID စနစ် လုပ်ငန်းကော်မတီကို  ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းပေး ခဲ့ပြီးဖြစ်ကြောင်း။


ဆပ်ကော်မတီ ခြောက်ခု ဖွဲ့စည်း


e- ID စနစ် လုပ်ငန်းကော်မတီအောက်တွင် e-ID စနစ်    အကောင်အထည်ဖော်ရေး     ကြီးကြပ်မှု ဆပ်ကော်မတီ၊  စီမံချက်ရေးဆွဲရေးဆပ်ကော်မတီ၊ ဥပဒေနည်း  ဥပဒေရေးဆွဲရေးဆပ်ကော်မတီ၊ နည်း ပညာနှင့်  တင်ဒါရေးဆွဲရေးဆပ်ကော်မတီ၊   ဘဏ္ဍာ ငွေဆိုင်ရာ  ဆပ်ကော်မတီ၊     ပြန်ကြားရေးဆိုင်ရာ ဆပ်ကော်မတီ စသည့်ဆပ်ကော်မတီ  ခြောက်ခုကို လည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။


အဆိုပါ ကော်မတီများအနေဖြင့်   e-ID   စနစ် အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ   Master  Plan ရေးဆွဲခြင်း၊ System Architecture Design ရေးဆွဲ ခြင်း၊  ပြည်ပနည်းပညာအကြံပေး ငှားရမ်းရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန် (ToR) ရေးဆွဲခြင်း နှင့် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူ များ  မှတ်ပုံတင်ရေးနည်းဥပဒေတို့ကို   အခြေခံပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း   နေထိုင်သူများ မှတ်ပုံတင်ခြင်းကို    အီလက်ထရောနစ်စနစ်နှင့် ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)ကို လည်း ရေးဆွဲနိုင်ခဲ့ကြောင်း။


အဆင့် (၅)ဆင့်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်


e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သည့်နေရာတွင် ကိုယ်ရေးအချက်အလက်များ (Bio-graphic Data) ကောက်ယူပြီး Database အတွင်း ထည့်သွင်းခြင်း၊   ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID (UID) နံပါတ်ထုတ်ပေးခြင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကတ်ပုံစံအလွတ်များ ထုတ်လုပ် ခြင်း၊ ကတ်ပုံစံအလွတ်များတွင် ကိုယ်ရေးအချက် အလက်များ ထည့်သွင်းခြင်းနှင့် e-ID စနစ် လုပ်ငန်း စဉ်ကို ကြီးကြပ်ကွပ်ကဲခြင်း စသည့် အဆင့် (၅)ဆင့် နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။


e-ID  ဟု ခေါ်သည့်   အီလက်ထရောနစ်နည်း ပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံအတွင်းတွင် တရားဝင် မှီတင်းနေထိုင်နေကြသူအားလုံး၏ ကိုယ်ရေးအချက် အလက်များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ် ကို အသုံးပြုပြီး  အစိုးရ၏    Database    ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊   လိုအပ်ပါက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ရှာနိုင်ရန်အတွက်လည်း လူတစ်ဦးချင်းစီ၏ Unique Identification Number များ ထုတ်ပေးခြင်း၊ တစ်နည်းအားဖြင့် e-Government အောင်မြင်ရန် လစ်ဟာနေသည့် Human Resource  Database ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် National Integration System  သို့မဟုတ် Population Registration ဟု ခေါ်ဆိုပါကြောင်း၊  နိုင်ငံတကာတွင်  e-ID  စနစ် တွင် အခြေခံအားဖြင့်  အနည်းဆုံးနိုင်ငံသားများကို ကာကွယ်နိုင်ရန်နှင့် အုပ်ချုပ်ရန်အတွက် Human Resource  Database၊  စီးပွားရေးလုပ်ငန်းများအပေါ် လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို ကာကွယ် ပေးနိုင်ရန်အတွက် Business Database၊  ရွှေ့ပြောင်း နိုင်သည့်ယာဉ်များကို ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူ များ ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက်တာများကဲ့သို့ မရွှေ့ပြောင်း နိုင်သည့်ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှားဖြစ်မှုများကို ကာကွယ်နိုင်ရန်   Property Database ဟူ၍ ရှိပြီး ယခုသွားမည့် e-ID စနစ်တွင် မရှိမဖြစ်လိုအပ်သည့် Databse များ ဖြစ်ပါကြောင်း။


စိစစ်ဆောင်ရွက်သွားမည်


National Integration System တွင် နိုင်ငံသား ဖြစ်ခြင်းနှင့် မဖြစ်ခြင်း မသက်ဆိုင်ဘဲ  နိုင်ငံအတွင်း၌ တရားဝင်နေထိုင်သည့်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားအားလုံးတို့၏ ကိုယ်ရေးအချက်အလက် နှင့် သက်ဆိုင်ပါကြောင်း၊ နည်းစနစ်ကို မဏ္ဍိုင်ထားပြီး နိုင်ငံတော်အစိုးရအဖွဲ့အောက်တွင်ရှိသည့်  ဝန်ကြီး ဌာနများနှင့် အလွှာပေါင်းစုံက Database များက လည်း မှီခိုချိတ်ဆက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသား ဖြစ်ခြင်းနှင့် မဖြစ်ခြင်း၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းကို စိစစ်ရမည်မှာ e-ID Database ထဲမှ  ကိုယ်ရေးအချက်အလက်များပေါ်   မူတည်ပြီး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့ အင်အားဝန်ကြီးဌာနက စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။


ထို့ကြောင့် e-ID စနစ်အတွက် လူတစ်ဦးချင်းစီက ထင်ရှားသည့် ကိုယ်ရေးအချက်အလက်များကို ရယူ ရာတွင် နိုင်ငံအတွင်းနေထိုင်သူ  အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်ရရှိ ထားသူ  PR  များနှင့်   ပြည်တွင်းနေ အခွန်ဆောင် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်(FRC) ကိုင်ဆောင် ထားသူများ၏ Biographic Data ၊ Biometric Data များ ကောက်ယူပြီး လူတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်များ သီးခြားထုတ် ပေးကာ ယင်း Unique ID ကို မဏ္ဍိုပ်ပြုပြီး ဝန်ကြီး ဌာနအသီးသီးက  မိမိတို့   ဌာနအလိုက်ရှိနေသည့် အကောင်အထည်ဖော်မည့် Database ကို စိစစ် ပေါင်းစပ်ပြီး ဝန်ကြီးဌာနများက ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများကို လျင်မြန်စွာ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။


e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့် ၁ အနေဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်း (နိုင် - ၄) ၅၂ သန်းကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ၁၃  သန်းကျော်တို့ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်း ပြီးစီးခဲ့ပြီးဖြစ်ကြောင်း။


မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ


ထိုသို့ ကိုယ်ရေးအချက်အလက်များ ထည့်သွင်း ဆောင်ရွက်ခဲ့ရာတွင်   နိုင်ငံသားများ၏   ကိုယ်ရေး အချက်အလက်များကို   စာရွက်စာတမ်းများနှင့် ထိန်းသိမ်းခဲ့သည့်အတွက်   နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေးအန္တရာယ်နှင့်   အကြောင်းအမျိုးမျိုး ကြောင့်  ပျက်စီးဆုံးရှုံးမှုများ  ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အချက်အလက်မစုံလင်မှုများ   ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  e-ID   Database အတွင်းရှိ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေ ရန်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကော်မတီများဖွဲ့၍ ယခုနှစ် ဇန်နဝါရီ ၉ ရက်မှစ၍ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း။


လုပ်ငန်းဆောင်ရွက်မှု အဆင့် နှစ်အနေဖြင့် ဇီဝ ဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေဖြင့် စတင် ကောက်ယူခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်း။


အကျိုးကျေးဇူးများစွာရရှိမည်


မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချက်အလက်များကို  တစ်နေရာတည်းတွင်   ရရှိ နိုင်ခြင်း၊  e-Government  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်    အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး၊    တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို     ပိုမိုလွယ်ကူစွာ တည်ဆောက်နိုင်ခြင်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအတွက်   အထောက် အကူပြုနိုင်ခြင်း၊ စာရွက်အခြေပြု   (Paper-Based) စနစ်များ လျှော့ချနိုင်ခြင်း၊ National ID ၏   အခြေခံ လုပ်ငန်းစဉ်ဖြစ်ပြီး    နိုင်ငံတကာသုံးစနစ်များဖြင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ်ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ်ရေးနှင့် အခြားသောဌာနဆိုင်ရာများမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို   လွယ်ကူစွာ ဝန်ဆောင်မှုပေးနိုင်ခြင်း    စသည့်အကျိုးကျေးဇူး များစွာကို  ပြည်သူများရရှိမည်ဖြစ်ကြောင်း။


e-ID စနစ်နှင့် ကောက်ယူထားရှိသည့် Data များသည် Big Data များဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များဖြစ်သည့်အပြင်   နိုင်ငံတော် အတွက် အရေးကြီးသည့်   National   Database   ဖြစ်၍ ယင်းတို့ကို  လုံခြုံအောင်ထိန်းသိမ်းရန်   အရေးကြီး ကြောင်း၊ e-ID တွင် ပါဝင်သည့် National Database အပါအဝင် ဝန်ကြီးဌာနထဲတွင် ပြုစုထိန်းသိမ်းထား သည့်  Database များသည် ပြည်သူများအပေါ်ချပြ၍ ရသည့် Database  များ  ရှိသကဲ့သို့   နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် လုံခြုံရေးအရ ထုတ်ဖော်ချပြ၍ မရသည့်   Database   များလည်း   ရှိပါကြောင်း၊ ထို့ကြောင့် Cyber Security ဆိုင်ရာ လုံခြုံမှုစနစ်များ အဆင့်လိုက်ထားရှိပြီး ကွန်ရက်လုံခြုံမှုစောင့်ကြည့် စနစ် (Network Monitoring System) များ ထားရှိ ရန်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် ကွန်ရက် တုံ့ပြန်မှုစနစ် (Myanmar Computer Emergency Response Team) အနေဖြင့်လည်း အင်အား ထပ်မံ ဖြည့်ဆည်းပြီး ကွန်ရက်လုံခြုံမှုများ တိုးမြှင့်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း။


လူမှုဘဝလုံခြုံမှုကို  ပိုမိုဆောင်ရွက်ပေးနိုင်မည်


ယနေ့ Information Technology IT ခေတ်တွင် မိမိတို့  နိုင်ငံအနေဖြင့်လည်း  e-Government  ကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ e-Govern-ment  စနစ်ဆိုသည်မှာ   အစိုးရအဖွဲ့အချင်းချင်း၊ ရုံးတွင်း Network ချိတ်ဆက်ပြီး စာပေးစာယူ အဆင့် ဟု ယူဆပါက မှားယွင်းမည်ဖြစ်ကြောင်း၊ e-Govern-ment  ဆိုသည်မှာ    ထိရောက်မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကိုအသုံးပြုပြီး အများပြည်သူ အတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကို ဝန်ဆောင်မှုပေးခြင်း ပင် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ရန် အတွက်   အစိုးရဌာနတိုင်းတွင်  ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် Database များကိုလည်း ပညာရှင် များနှင့် တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း၊ Database များကို ချိတ်ဆက်ပြီး အစိုးရယန္တရားများ မြန်ဆန်စွာ လည်ပတ်နိုင်ရန် National Database  သို့မဟုတ် နိုင်ငံတော်ကအရေးကြီးသောမှတ်တမ်း များကို ကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက်ထားခြင်းဟု  အဓိပ္ပာယ်ရပါကြောင်း၊ National Database အပေါ် မူတည်ပြီး လူတစ်ဦးချင်းစီ၏ ဝန်ဆောင်မှုကို ပေးနိုင် ရန်အတွက်  လူတစ်ဦးချင်းစီ၏   ကိုယ်ရေးအချက် အလက်များကို  e-ID  စနစ်ထဲတွင်  ထည့်သွင်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း e-ID စနစ်ထဲ တွင်ရှိသည့်  လူတစ်ဦးချင်းစီ၏  ကိုယ်ရေးအချက် အလက်များမှ ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ e-ID စနစ်လုပ်ငန်းကော်မတီ က စီမံချက်များချမှတ်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိသည့်အတွက် National Database အဖြစ် တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝ လုံခြုံမှုကို  ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် National Database စနစ်တည်ဆောက် ရေး   ဦးဆောင်ကော်မတီအတွင်းရေးမှူး   လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင် က   e-ID စနစ် လုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြ သည်။


ယင်းနောက်  သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Myanmar e-Government Master Plan - 2030 (မူကြမ်း) ဆိုင်ရာအချက်အလက်များနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန မှ  ဖွင့်လှစ်သင်ကြားပေးမည့်   သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တပ်မတော်( ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန  ဌာနမှူး  ဗိုလ်မှူးချုပ် မြတ်မင်းဦးက National Database တည်ဆောက် ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ နှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက National Database စနစ်တည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆွေးနွေးအကြံပြုတင်ပြကြသည်။ 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ယင်းနောက်  National    Database   စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း ၍  e-ID စနစ် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်  အစီအမံများကို e-ID ကော်မတီအဖွဲ့ဝင်ပညာရှင်များက   ဝန်ကြီးဌာန များအလိုက်  လက်တွေ့ဆောင်ရွက်သွားကြရမည့် ဝန်ထမ်းများအား စတင်ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းနောက်   ပြည်နယ်နှင့် တိုင်း ဒေသကြီးအလိုက်လည်း ရှင်းလင်းဆွေးနွေးပေးသွား မည်ဖြစ်ပါကြောင်း၊   e-ID စနစ်   ဆောင်ရွက်ခြင်း ကြောင့် ပြည်သူများ၏ တစ်ဦးချင်းကိုယ်ရေးအချက် အလက်များကို ကောက်ယူနိုင်သည့်အတွက် ပြည်သူ များအနေဖြင့်   Paper-Based   စနစ်မှ  Online ဆက်သွယ်မှုစနစ်မှတစ်ဆင့် မိမိအလိုရှိသည့်လုပ်ငန်း နယ်ပယ်အလိုက် ဝန်ကြီးဌာနများတွင် လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်မှု    စသည့်ဝန်ဆောင်မှု ကဏ္ဍတို့တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန်မှာ e-Govern-ment စနစ် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် အခြေခံကွန်ပျူတာနည်းပညာမှစ၍   Software ၊ Hardware နှင့်  Networking  ပညာရပ်များနှင့် စပ်လျဉ်း၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Electronic Device များ ကိုင်တွယ် အသုံးပြုနိုင်မည့် ဌာနတွင်းဝန်ထမ်းပညာရှင်များ ကြိုတင်ရွေးချယ်စုဖွဲ့ထားရန်    လိုကြောင်းနှင့် e-Government စနစ်ဆောင်ရွက်ရာတွင် အခက်အခဲ များရှိနိုင်သော်လည်း လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရင်းဖြင့် တွေ့ကြုံရသည့်အားနည်း ချက်၊ အားသာချက်များကို  ပြုပြင်သွားရမည်ဖြစ် ကြောင်း၊ National Database ရှိမှသာ ပြည်သူများ အတွက် လျင်မြန်သည့်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ် ကြောင်း၊ National Database စနစ် တည်ဆောက် ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန် ရှိသူများက   ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုကြောင်း ဖြည့်စွက်ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်