နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ
ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော်  နိုဝင်ဘာ  ၁၆ 

 


(၂၁)   ကြိမ်မြောက်  မြန်မာ့ တိုင်းရင်းဆေး   သမားတော်များ  ညီလာခံနှင့်      မြန်မာ့တိုင်းရင်း ဆေးပညာ    နှီးနှောဖလှယ်ပွဲ       ကျင်းပရေး   ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   ကျန်းမာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ ၌  ကျင်းပရာ (၂၁)   ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့်   မြန်မာ့တိုင်းရင်း ဆေးပညာ    နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယ က    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ် မှူးကြီး    စိုးဝင်း   တက်ရောက် အမှာစကားပြောကြားသည်။ 

 


အစည်းအဝေးသို့  (၂၁)  ကြိမ်မြောက်   မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ   နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။
ဦးစွာ   ဦးစီးကော်မတီနာယက   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ၂၀၁၉ ခုနှစ် အကြိမ် (၂၀) မြောက်  မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်  မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ    ကျင်းပပြီး နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရ သည့် ညီလာခံကြီးအား ယခု(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့  အကြိုကာလဖြစ်သည့်  ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်လျက်  နှီးနွှယ်ဝန်ကြီးဌာနများဖြင့်  ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် အောင်မြင်စွာကျင်းပပြုလုပ် ခဲ့သည့် အစဉ်အလာများအတိုင်း  ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း။

 


ပူးပေါင်းကူညီဆောင်ရွက်


မြန်မာ့တိုင်းရင်းဆေးသမားတော်များ  ညီလာခံ ကျင်းပရခြင်း၏ရည်ရွယ်ချက်အနေဖြင့်    မြန်မာ့ တိုင်းရင်းဆေးလောက  ဘက်စုံအဆင့်အတန်းမြင့်မား ရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်၊ မြန်မာ့တိုင်းရင်းဆေး ဆရာတို့၏ အရည်အချင်းနှင့်ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်မှုနည်းပညာများ   ပိုမို ဖွံ့ဖြိုးတိုးတက်ရန်   ပြည်တွင်းပြည်ပရှိ    ဆက်စပ် နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 


သုတေသနလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက် 


အလားတူ   မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပရခြင်း၏     ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူ လူထု၏ကျန်းမာရေးကို       ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ဖြစ်လာစေ ရေးလေ့ကျင့်ပေးရန်၊ အန္တရာယ်ကင်းရှင်း၍ အရည် အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါး များ  ပေါ်ထွက်လာစေရေးအတွက်  တိုင်းရင်းဆေး သုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဖြင့်     ပြည်သူလူထုအား   ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံတိုင်းရင်းဆေးဆရာများနှင့်     ပူးပေါင်း ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း။

 


အားကိုးအားထားပြု၍ သုံးစွဲကုသနေ


ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ  ပြည်သူများအနေဖြင့် တိုင်းရင်းဆေး ကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအားထားပြု၍ သုံးစွဲကုသနေ ကြဆဲဖြစ်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး   ရင်ဆိုင်နေရသော   ကိုဗစ်-၁၉ ကပ်ရောဂါကို တိုင်းရင်းဆေးဝါးများဖြင့် ကာကွယ် ကုသနိုင်ရန် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ ၌လည်း  ကိုဗစ်-၁၉  ရောဂါအပါအဝင်   ၎င်းနှင့် အလားတူ ရာသီတုပ်ကွေးရောဂါများအား ကုသနိုင် ရေး “ဝိသမ” အဖျားပျောက်ဆေးအား လူနာများတွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်   သုတေသန အဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စမ်းသပ် မှု နောက်ဆုံးအဆင့် ပြီးစီးအောင်မြင်နေပြီဟုလည်း သိရပါကြောင်း၊   မြန်မာ့တိုင်းရင်းဆေးသမားတော် များသည် ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများ ကို အသုံးပြု၍   ပြည်သူလူထု၏  ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြောင်း။  

 


မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ တိုင်းရင်းဆေးပညာရပ်ကို  အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်   ယခုကျင်းပမည့်ညီလာခံနှင့်  နှီးနှောဖလှယ်ပွဲ များ၌ ကြိုးပမ်းဆောင်ရွက်နိုင်ရန် စီစဉ်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။ 

 


မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က  အထူးအားပေးဆောင်ရွက်နေသည့် အတွက်  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအနေ ဖြင့်   တိုင်းရင်းဆေးပညာရှင်များ၏   ဆေးပညာ ကျင့်ဝတ်ထိန်းသိမ်းခြင်းများကို   ဤညီလာခံများမှ တစ်ဆင့်   ကြီးကြပ်ဆောင်ရွက်နိုင်စေရန်    စီစဉ် ဆောင်ရွက်ပေးကြစေလိုကြောင်း။ 

 


ယခုကဲ့သို့သော    မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်  တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲများကျင်းပပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို    ပိုမိုတိုးတက် အောင်မြင်စေရန် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊  ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဆက်စပ် သော ဝန်ကြီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များ၊ ကဏ္ဍပေါင်းစုံမှကိုယ်စားလှယ်ကြီးများ   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။  

 


လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း


မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း များသည် နိုင်ငံတော်၏ MSME လုပ်ငန်းများတွင်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သဖြင့်   နိုင်ငံတော်၏   GDP တိုးတက်မြင့်မားစေရန်       တစ်တပ်တစ်အား အထောက်အကူပြုနေကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့်   မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကြီး   အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကော်မတီများအနေဖြင့် သက်ဆိုင်ရာအခန်း ကဏ္ဍများမှ အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်  ဦးစီးကော်မတီဥက္ကဋ္ဌ  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်း က (၂၁) ကြိမ်မြောက်   မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့် နှီးနှောဖလှယ် ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 


ရှင်းလင်းတင်ပြ


ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစု ဒွေး တို့က နှီးနှောဖလှယ်ပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲ များကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများ၊ ယခုနှစ် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ် သွားမည့်      အသေးစိတ်အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်   လုပ်ငန်းကော်မတီများနှင့်    ဆပ် ကော်မတီများက (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးနှင့်စပ်လျဉ်း၍     သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီနာယ  က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။

 


ယင်းနောက်  ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌက ဝန်ကြီး ဌာနများအလိုက် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်း များ   လစ်ဟာမှုမရှိစေရေးအတွက်   စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊  (၂၁)  ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ  ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ကျင်းပ မည့်ကာလသည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားကျင်းပရန်    ပြင်ဆင်နေသည့် ကာလဖြစ်သည့်အတွက်  ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကြီးကိုလည်း   ယခင်နှစ်များထက်    ပိုမိုခမ်းနားစွာ ကျင်းပဆောင်ရွက်သွားနိုင်ရေး   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းမှာကြားပြီး  အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်