နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သန်လျင်တပ်နယ်၊ နယ်မြေခံတပ်ရှိ Motivation Hall ၊ နယ်မြေခံသင်တန်းကျောင်း သင်တန်းခန်းမများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ   ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည်  ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင်၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍  ယနေ့မွန်းလွဲပိုင်းတွင်  သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ် သို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်  သန်လျင်ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ Motivation Hall သို့ရောက်ရှိကြပြီး တပ်မတော် (ရေ) တွင် အသုံးပြုလျက်ရှိသည့်  စစ်ရေယာဉ်များ၏ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် နယ်မြေခံသင်တန်းကျောင်းရှိ သင်တန်းသား များအား စာတွေ့၊ လက်တွေ့ သင်ခန်းစာပို့ချနေမှုများ အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား သည်။   ဆက်လက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  နှင့် အဖွဲ့ဝင်များသည် အဆိုပါတပ်ရှိ Damage Control Simulator    လက်တွေ့လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး၍   လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်