နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နယ်စပ်ဒေသဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုသလို 
နှစ်နိုင်ငံ ချုပ်ဆိုထားသော နယ်နိမိတ်ဆိုင်ရာစာချုပ်များကို တာဝန်ရှိသူတို့က တိတိကျကျလိုက်နာဆောင်ရွက်

 

နေပြည်တော်   မေ    ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်  ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ  ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ  တပ်မတော်အရာရှိကြီးများ၊  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင်  ဇာဒက်ကြီးကျွန်းနှင့်  ကော့သောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍  အမှာစကား ပြောကြားသည်။  

 


ရှေးဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်  အဖွဲ့အား ဇာဒက်ကြီးကျွန်းရှိ   နယ်မြေခံတပ်အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 


တာဝန်ကို  ကျေပွန်စွာထမ်းဆောင်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က  အမှာစကားပြောကြားရာတွင် ကမ္ဘာ့အရေး အရာများကိုကြည့်ပါက အစဉ်အလာအရ အခိုင်အမာ ရပ်တည်လာသော နိုင်ငံအချို့သည်  စစ်ပွဲ၏ အကျိုး ဆက်များကြောင့်  ပျက်စီးဆုံးရှုံးမှုများကို   တွေ့ရ မည်ဖြစ်ကြောင်း၊ အနှစ်နှစ်အလလတည်ဆောက်၍ ထူထောင်ပျိုးထောင်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများ သည် ရက်ပိုင်းအတွင်း  နာရီပိုင်း၊   မိနစ်ပိုင်းအတွင်း ပျက်စီးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်   စိန်ရတုလွတ်လပ်ရေးနေ့ အဖြစ်    နိုင်ငံကို   ထူထောင်ခဲ့သည်မှာ      ၇၅  နှစ် ပြည့်မြောက်မည်ဖြစ်ကြောင်း၊   အနှစ်နှစ်အလလ ထူထောင်ခဲ့သည့်   နိုင်ငံတော်ကို  ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော် ၏ အဓိကတာဝန်ဖြစ်ကြောင်း လက်မောင်းအမှတ် တံဆိပ်များ ကွဲပြားမှုရှိသော်လည်း မွန်မြတ်သော သစ္စာ ၄ ချက်အား        နေ့စဉ်ရွတ်ဆိုနေကြသော တပ်မတော်သားများပင်ဖြစ်ကြောင်း၊          ထို့ပြင် တပ်မတော်သားအဖြစ်ခံယူ၍        တပ်မတော်သို့ ဝင်ရောက်ချိန်ကပင် နိုင်ငံတော်အလံကိုထိ၍ ကတိ သစ္စာပြုခဲ့သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် နှင့် တပ်မတော်ကို သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်ကို  ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   အရေးပေါ် ကာလ ၁ နှစ်နှင့် ၃  လတာကာလအတွင်း အကြမ်း ဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်ကို အလုံးစုံ ပျက်စီးအောင်  နည်းမျိုးစုံဖြင့်  ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းတို့၏ကြိုးပမ်းမှု အောင်မြင်မှုမရသဖြင့် နိုင်ငံတော် ၏    အခိုင်အမာဆုံးသော   အဖွဲ့အစည်းဖြစ်သည့် တပ်မတော်အပါအဝင်    လုံခြုံရေးတပ်ဖွဲ့များကို ဖြိုခွဲရန်ကြိုးပမ်းလာကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့ ကလည်း ပထဝီနိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုး အကျိုး စီးပွားအတွက်    နောက်ကွယ်မှ    သွေးထိုးခြင်း၊ ထောက်ပံ့ခြင်းများပြုလုပ်နေကြကြောင်း၊ သို့သော် ကျစ်လျစ်ခိုင်မာသောစည်းလုံးမှုနှင့် အထက်အောက် အပြန်အလှန်လေးစားမှုတို့ဖြင့် “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”   ဟူသော   ဆောင်ပုဒ်နှင့်အညီ တပ်တိုင်း၊   ရဲဘော်တိုင်း၊    အင်အားစုတိုင်းတို့က   စည်းလုံးမှုခိုင်မြဲလျက်ရှိကြောင်း၊       နိုင်ငံတော်၏ တောင်ဘက်စွန်းဒေသအတွင်း တာဝန်ထမ်းဆောင် နေ၍ နိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတတို့ကို  မတရားဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုတို့နှင့် ပူးပေါင်း ကာကွယ်ရန်လိုကြောင်း၊       နယ်စပ်ဒေသဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ     နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုသလို နှစ်နိုင်ငံ ချုပ်ဆိုထားသော  နယ်နိမိတ်ဆိုင်ရာစာချုပ်များကို တာဝန်ရှိသူတို့က တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ ၂၀၂၂ ခုနှစ်ကို    ငြိမ်းချမ်းရေးနှစ်အဖြစ်   ကြိုးပမ်း အကောင်အထည်ဖော်        ဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တွေ့ဆုံဆွေးနွေး နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်နေမှုကို သိရှိနားလည်ရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်   စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေး တာဝန်များကို အပြည့်အဝ  အောင်မြင်စွာ တာဝန် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် စစ်သည်၊ မိသားစုအားလုံးသည် ကျန်းမာ ကြံ့ခိုင်နေရန်     အရေးကြီးသဖြင့်   နိစ္စဓူဝကျန်းမာ စေသော       နေထိုင်စားသောက်မှုပုံစံများနှင့်အညီ ဆောင်ရန်/    ရှောင်ရန်များကို    လိုက်နာကြရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြ ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

 


စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူ ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 


အားပေးစကားပြောကြား


ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်      ကာကွယ်ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ကော့သောင်းမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။

 


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ အား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။      ထို့နောက်       ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေ များအား     မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဆေးရုံရှိ စားချက်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ချီးမြှင့်ငွေများကို ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်