နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင်  တက်ရောက်ဆေးကုသမှုခံယူနေသူများကို  ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် 
တက်ရောက်ဆေးကုသမှုခံယူနေသူများကို  ကြည့်ရှုအားပေး၊ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများကို တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်   မတ်  ၂၀

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ      ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး   အောင်ဇော်အေး၊    ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်  အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် တို့လိုက်ပါ၍    ယနေ့နံနက်ပိုင်းတွင်   ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့်   အရာရှိ၊  စစ်သည်၊   မိသားစုများနှင့်  ပြည်သူများကို  သွားရောက်ကြည့်ရှု   အားပေးစကားပြောကြားပြီး  ဆေးရုံရှိ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများကို သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြား သည်။

 


အားပေးစကားပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ  တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  နှင့်    အဖွဲ့ဝင်များအား   ဆေးရုံ တပ်မှူးနှင့်   တာဝန်ရှိသူများက ကြိုဆို           နှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက်  ဆေးကုသမှု     ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါအခြေအနေ များ    မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ များနှင့်    ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 


အကျယ်တဝင့်ဆွေးနွေး


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)သည် ဆေးရုံခန်းမ  အတွင်း၌ ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြုများကို သီးခြားစီ တွေ့ဆုံ ၍   လုပ်ငန်းတာဝန်ထမ်းဆောင် ရာတွင် ကွဲပြားမှုများရှိသည်ဖြစ် သော်လည်း တပ်မတော်သားများ  ဖြစ်၍  တူညီသောဦးတည်ချက် များဖြင့် နိုင်ငံ့အရေးကိုထမ်းဆောင် နေမှုများ၊   တပ်မတော်သားများ ဖြစ်သည်နှင့်အညီ    စိတ်ဓာတ်၊ စည်းကမ်း၊    အမိန့်နာခံမှုတို့ဖြင့် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာ ဖြင့် အကျိုးပြုနေမှုများ၊ သဘာဝ  ဘေးအန္တရာယ်နှင့်   ပတ်သက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် တပ်မတော်သည်  ၂၄ နာရီ အသင့်ရှိနေသည့် အခြေအနေများ၊  အထက်မှပေးအပ်သည့်တာဝန်ကို  နေရာဒေသမရွေး၊   အချိန်အခါ မရွေး       တိုင်းရင်းသားဒေသခံ ပြည်သူများအပေါ်  ဆေးကုသမှု ပေးနေသည့်    အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း   အရေးပေါ်ကာလ အတွင်း    ကျန်းမာရေးဝန်ထမ်း အချို့  CDM   ပြုလုပ်မှုကြောင့် ပြည်သူများ၏      ကျန်းမာရေး  စောင့်ရှောက်မှုအတွက်   အခက် အခဲဖြစ်ပေါ်နေချိန်၌ တပ်မတော် သား  ဆရာဝန်၊ သူနာပြုများက ပူးပေါင်းပါဝင်ကာ  စောင့်ရှောက်  ကုသပေးခဲ့ရမှုများ၊   ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် အရေး ကြီးသည့် အခန်းကဏ္ဍမှ ကိုယ် စွမ်း၊   ဉာဏ်စွမ်းဖြင့်   ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အပြင် ကာကွယ် ဆေး           ထိုးနှံမှုများတွင်လည်း အားဖြည့်     ဆောင်ရွက်ခဲ့မှုများ၊ တပ်မတော်သားများနှင့် မိသားစု ဝင်များသာမက   တိုင်းရင်းသား ပြည်သူများ၏ ယုံကြည်ကိုးစားမှု ကို   ရရှိပြီးဖြစ်၍  အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်း သိမ်းကြရန်   လိုအပ်သည့်အခြေ အနေများ၊ ကျန်းမာရေးဆောင်ရွက် မှုလုပ်ငန်းအပြင် တပ်မတော်သား များဖြစ်၍ အဖွဲ့အစည်းအနေဖြင့် လည်းကောင်း၊  အထက်အောက် ဆက်ဆံရေး Chain of Command အနေဖြင့်လည်းကောင်း၊   အဆင့် လိုက်  တာဝန်ရှိသူများကလည်း မိမိလက်အောက် အရာရှိ၊ စစ်သည် နှင့်   မိသားစုဝင်များ၏  ဦး၊  ရေး၊  ထောက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ် များကိုလည်း  အဆင်ပြေချောမွေ့ စေရေး ဆောင်ရွက်ပေးရန် လိုအပ် မှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြား သည်။ 

 


ရှင်းလင်းတင်ပြ


ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ           ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် နှလုံးသွေးကြောစမ်းသပ် ကုသခန်းနှင့် နှလုံးအထူးကြပ်မတ် ကုသဆောင်တို့သို့ သွားရောက်၍ နှလုံးသွေးကြောရောဂါ စမ်းသပ် ကုသစက်   (Angiogram)   အား ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ 

 


အလားတူ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ         ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)၏  ဇနီး ဒေါ်သန်းသန်းနွယ်နှင့်   အဖွဲ့ဝင် များသည်    သားဖွားနှင့်မီးယပ် ဆောင်သို့ သွားရောက်၍ ကိုယ်ဝန် ဆောင် အမျိုးသမီးများကို တွေ့ဆုံ အားပေးစကား    ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ    ပေးအပ် သည်။

 


ချီးမြှင့်ငွေများပေးအပ်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ               ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံ တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့်   ကျန်းမာရေးဝန်ထမ်းများ အတွက်       ချီးမြှင့်ငွေများကို ပေးအပ်ရာ     ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်