နိုင်ငံတော်အတွက် အကျိုးရှိအောင် အသုံးချသွားရမည်

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးလျက်ရှိကြောင်း၊  နိုင်ငံအတွင်းရှိ  ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှဖန်တီးပေးသော အသုံးချနိုင်သည့် အထင်ကရမြစ်ကြီးများ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်ရှိကြောင်း၊ သဘာဝအလှအပေါ် ချစ်ခင်မြတ်နိုးသကဲ့သို့   နိုင်ငံနှင့် ဒေသနေပြည်သူတို့ အတွက် မည်သို့အကျိုးရှိအောင် အသုံးချနိုင်မည်ကိုလည်း စဉ်းစားရန်လိုကြောင်း၊ ဒေသအလိုက် မြစ်ချောင်းများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး တစ်ဖက်မှလည်း စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ သဘာဝ ဓာတ်ငွေ့နှင့်  ကျောက်မီးသွေးသယံဇာတများရှိ၍  စက်ရုံများ၏   စွမ်းအင်လိုအပ်ချက်အတွက်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ချိန်ဆ၍ နိုင်ငံတော်အတွက် အကျိုးရှိအောင် အသုံးချသွားရမည်ဖြစ်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)