နိုင်ငံတော်အစိုးရ ပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်

 

နေပြည်တော်    ဖေဖော်ဝါရီ     ၂


မြန်မာနိုင်ငံလုံးဆိုင်ရာ  ဝိနယဝံသပါလအသင်းက ကြီးမှူးကျင်းပသည့်  နိုင်ငံတော်အစိုးရ  ပထမပြန် စာမေးပွဲကို အောင်မြင်တော်မူကြသည့် သံဃာတော် အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိနယဝံသ ပါလအသင်းနှင့်    နေပြည်တော်   ယဉ်ကျေးလိမ္မာ စင်တာ ဓမ္မကျောင်းတော်တို့၏ နှစ်ပတ်လည် မတည် အလှူရှင် အနုမောဓနာလွှာ ဂုဏ်ပြုလွှာပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရတနာမဉ္ဇူလမ်းတွင် တည်ရှိ သည့် နေပြည်တော် ရန်အောင်မြင်တောရကျောင်း(မြို့တော်ဝန်ကျောင်း) သီရိမင်္ဂလာသာသနာ့ ဗိမာန် တော်ကြီး၌ ကျင်းပသည်။ 

 


အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယ ဝံသပါလအသင်း၏  ပဓာနဦးဆောင် ဆရာတော်၊ ရန်အောင်မြင်တောရကျောင်း၏   ပဓာနနာယက ရန်ကင်းတောရဆရာတော်က ဩဝါဒစကားမိန့်ကြား ပြီး စာအောင်အရှင်မြတ်တို့၏ ပဋိယတ္တိစာပေ သင်ယူ အောင်မြင်မှုအခြေအနေများကို     အသင်းကြီး၏ နာယကအဖွဲ့ဝင်     ဦးကြည်တင်က     ဂုဏ်ပြု လျှောက်ထားသည်။
ထို့နောက် ရန်အောင်မြင်တောရ (မြို့တော်ဝန် ကျောင်း) စာသင်စာချဆရာတော် အရှင်သူမြတ်တို့ အား   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်    စာအောင် အရှင်မြတ်တို့အား    ဝိနယဝံသပါလအသင်းကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ    ဆက်ကပ်လှူဒါန်းကြ ပြီး    စာအောင်အရှင်မြတ်တို့၏    ခမည်းတော်နှင့် မယ်တော်တို့အား  ဂုဏ်ပြုချီးမြှင့်ငွေများ  ထောက်ပံ့ သည်။

 


နေပြည်တော်   ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)မှ ၂၀၂၁ ခုနှစ် နိုင်ငံတော်အစိုးရ ပထမပြန်စာမေးပွဲကို အောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်  အရှင်မြတ်များအနက် ရှင်အာလောက က   ပထမလတ်တန်းကို   ပါဠိဂုဏ်ထူးဖြင့်လည်း ကောင်း၊  ရှင်ဝိမလက   ပထမငယ်တန်းကို   ပါဠိ ဂုဏ်ထူးဖြင့်လည်းကောင်း၊ ရှင်တေဇက ပထမငယ် တန်းကို   ပါဠိဂုဏ်ထူးဖြင့်လည်းကောင်း၊  ရှင်စန္ဒသိရီ က   ပထမငယ်တန်းကို   ပါဠိဂုဏ်ထူးဖြင့်လည်း ကောင်း၊ ရှင်ကုဏ္ဍလက ပထမငယ်တန်းနှင့်  အရှင် ဓမ္မသိရီတို့က မူလတန်းကိုလည်းကောင်း အောင်မြင် ခဲ့ကြကြောင်း သိရသည်။ 

 


နိုင်ငံတော်အစိုးရပထမပြန်စာမေးပွဲတွင် စာမေး ပွဲမေးခွန်းများကို   မြန်မာစာမပါဘဲ   ပါဠိဘာသာ သက်သက်ဖြင့် ဖြေဆိုမှသာလျှင် ပါဠိဂုဏ်ထူးရရှိခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလ အသင်းကြီးမှ သိရသည်။        

ကိုပေါက်(ဥက္ကာမြေ)