
လင်းဟန်သစ်
အမေရိကန် နိုင်ငံရေးသမားတွေကို လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် ထိုက်သင့်သလို အရေးယူဆောင်ရွက် ပေးဖို့ တိုက်တွန်းရင်း လက်နက်ကိုင် အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ အပေါ် ပြစ်တင်ရှုတ်ချဖို့ အမေရိကန် လူအုပ်ကြီးဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီနဲ့ တခြား မြို့တော် တော်တော်များများကိုရောက်ရှိ လာခဲ့ကြပါတယ်။
လက်နက်ကိုင်အကြမ်းဖက်မှုတွေ
အဆုံးသတ်ကြ
ဆန္ဒပြသူထောင်ပေါင်းများစွာဟာ National Mall ရှိ Washington Monument အောက်မှာ နေ့လယ်ပိုင်းက စုဝေးခဲ့ကြပါတယ်။ တချို့ကလည်း လက်နက်တွေကို မကာကွယ်ဘဲ ကလေး တွေကို ကာကွယ်လို့ ရေးထားတဲ့ ကိုယ်တိုင်လုပ် နဖူးစည်းစာတန်းတွေ ကို ကိုင်ဆောင်ထားကြသလို တချို့ ကလည်း “လက်နက်ကိုင်အကြမ်းဖက်မှု တွေ အဆုံးသတ်ကြ”၊ “ရပ်တန်းက ရပ်” ဆိုတဲ့ ကိုယ်တိုင်လုပ်နဖူးစည်းစာတန်း တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။
နေ့စဉ် သေနတ်ပစ်ခတ်မှုတွေဟာ နေ့စဉ်ပြဿနာတွေပဲ ဖြစ်တယ်လို့ ၂၀၀၆ ခုနှစ်တုန်းကဖြစ်ပွားတဲ့ သေနတ် ပစ်ခတ်မှုမှာ သေဆုံးသွားသူတစ်ဦးရဲ့ ညီဖြစ်သူ ထရီဗွန် ဘော့စ်လေးက လူထု စင်မြင့်ထက်က ပြောကြားလိုက်ပါတယ်။ “အမေရိကန်ပြည်ထောင်စု တစ်ဝန်း ကလေးငယ်တွေ ငိုကြွေးနေတဲ့အသံကို ကမ္ဘာကြီးတစ်ခုလုံးက ကြားနေပါတယ်။ အဲဒါတွေကို မောင်းထုတ်ရမယ်” လို့ သူက ဆက်ပြောပါတယ်။
ရိုးတွင်းချဉ်ဆီအထိ တုန်လှုပ်မှုဖြစ်စေ
လွန်ခဲ့တဲ့လက အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Uvalde မှာရှိတဲ့ မူလတန်းကျောင်း မှာ ဖြစ်ပွားခဲ့တဲ့ ကလေး ၁၉ ဦး သေဆုံးခဲ့ပြီး ဆရာ ဆရာမ နှစ်ဦး သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်မှုဖြစ်စေ ခဲ့တယ်လို့ ဆွီတာကူးမားက ပြောပါတယ်။
“ကျွန်မတို့အားလုံးမှာ ကလေးတွေ ရှိတယ်” လို့ ဆွီတာကူးမားက ပြောပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေဟာ နေ့စဉ်နေ့တိုင်း နေရာတိုင်းမှာ ဖြစ်နေ တယ်။ ပိုပြီးစိတ်ရှုပ်စရာကောင်းတာ က ကလေးငယ်တွေမှာမှ အဲဒီလိုမျိုး လာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောင်းတွေကို အန္တရာယ်ကင်းတဲ့ နေရာတွေ ဖြစ်စေချင်
ကျောင်းတွေဟာ ကျွန်မတို့ကလေး သွားရောက်နေတဲ့ အန္တရာယ်ကင်းတဲ့ နေရာတစ်ခုပဲ ဖြစ်စေချင်တယ်။ အခု ကျွန်မတို့က ကလေးတွေကို ကျောင်း ကားပေါ်တင်ပေးလိုက်ပြီး ဘယ်တော့ ဒါကြီးဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ သူက ပြော ပါတယ်။ ဒါဟာတကယ့်ကို အဓိပ္ပာယ် မရှိတာပဲလို့ ရင်ထဲက ခံစားချက်အပြည့်နဲ့ သူက ဆက်ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီရှိ ဘယ်လ်တီမိုးမြောက်ပိုင်းက အထက်တန်းကျောင်းမှာ ၁၂ တန်းတက် နေတဲ့ အဲလက်စပက်တာက Uvalde ကျောင်းမှာဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှုဟာ တကယ့်ကို စိတ်မကောင်း ဖွယ်ဖြစ်ရပ်ကြီးပဲလို့ ဆို့နင့်စွာ ပြောလိုက်ပါတယ်။
ပြုပြင်ပြောင်းလဲမှု မတွေ့ရသေး
သေနတ်ပစ်ခတ်မှုတွေဟာ မကြာ ခဏဖြစ်ပွားနေသော်လည်း အဲဒီအပေါ် ပြုပြင်ပြောင်းလဲမှုတွေကတော့ အခုချိန် ထိ မတွေ့ရသေးသလို ဥပဒေလည်း မည်မည်ရရ ပြဋ္ဌာန်းတာလည်းမရှိသေး ဘူးလို့ သူက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းသာ ဒီပြဿနာတွေ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ နိုင်ငံတစ်ခုပဲလို့ သူက ပြောပါတယ်။
စပက်တာက လက်နက်ကိုင် အကြမ်းဖက်မှုကို ကိုယ်တိုင်မခံစားခဲ့ ရသော်လည်း သူကျောင်းသွားတဲ့အခါ တိုင်း လုံခြုံမှုကို မခံစားရဘူးလို့ ပြောပါ တယ်။ အစုလိုက်သေနတ်ပစ်ခတ်မှုနဲ့ တစ်ဦးချင်း သေနတ်ပစ်ခတ်မှုတွေ ကြားမှာ ဆက်သွယ်မှု အမြဲမရှိနိုင်သော် လည်း ဒါဟာ တစ်ချိန်မှာ ကိုယ့်ဘဝကို ခြိမ်းခြောက်လာနိုင်တယ်လို့ သူက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ကြောက်စရာကောင်းတယ်။ ကြားရတာ လည်း စိတ်မချမ်းသာဖွယ်ကောင်းတယ် လို့ သူက ပြောပါတယ်။
စစ်သုံးလက်နက်တွေ ပိတ်ပင်ဖို့တောင်းဆို
Uvalde သေနတ်ပစ်ခတ်မှုမှာ သေနတ်သမားက AR-15 ပုံစံ ရိုင်ဖယ် သေနတ်ကို အသုံးပြုသွားတာဖြစ် ပါတယ်။ အဲဒီသေနတ်အမျိုးအစားဟာ အမေရိကန် သေနတ်ပိုင်ဆိုင်သူများကြား မှာ ထင်ရှားကျော်ကြား လူကြိုက်များ တဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အစုလိုက် သေနတ်ပစ်ခတ်မှုတွေမှာ များသော အားဖြင့် အဲဒီလိုမျိုး လက်နက် အမျိုးအစားမျိုးကို သုံးပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး လက်နက်တွေကို အသုံးမပြုဖို့၊ တားဆီးပိတ်ပင်ဖို့အတွက် တောင်းဆိုမှုတွေလည်း မြင့်တက်လာ ပါတယ်။
ဝါရှင်တန်ဒီစီမှာ ကူမားနဲ့အတူ ဆန္ဒပြဖို့ ရောက်လာတဲ့ ကိတ်ကိုဟိုက AR-15 အမျိုးအစား လက်နက်တွေဟာ စစ်ပွဲသုံးလက်နက်တွေ ဖြစ်ပြီးတော့ စစ်ဖြစ်တဲ့အချိန်မှာပဲ အသုံးပြုသင့် ကြောင်းနဲ့ အမေရိကန်တွေရဲ့ နေ့စဉ် ဘဝမှာ အသုံးမပြုသင့်ကြောင်း၊ ဘယ်သူမှ AR-15 အမျိုးအစား လက်နက်ကို မလိုအပ်ကြောင်းပြောလာ ပါတယ်။
တင်းကျပ်တဲ့ဥပဒေဖြစ်အောင်
အမေရိကန်အများစု ထောက်ခံ
ထို့အတူပဲ လက်နက်ဆိုင်ရာဥပဒေ များနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ဥပဒေ တွေဖြစ်အောင် အမေရိကန်အများစုက ထောက်ခံလျက်ရှိသော်လည်း လက်နက် ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ဖို့ နိုင်ငံရေးနယ်ပယ်အသီးသီး က နိုင်ငံရေးသမားတွေကို ဆွယ်တရား ဟောတဲ့နေရာမှာ ပိုက်ဆံအများ အပြား အသုံးပြုတဲ့ အုပ်စုတစ်စုဖြစ်တဲ့ အမေရိကန်အမျိုးသား ရိုင်ဖယ်အသင်း ကိုလည်း ကိုဟိုက ဆန့်ကျင်ထား ပါတယ်။ အဲဒီအုပ်စုဟာ လက်နက် ဆိုင်ရာ အခွင့်အရေးအနဲ့ပတ်သက်ပြီး သြဇာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု လည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာပဲ အင်အားတောင့်တင်းတဲ့ လက်နက် ဆိုင်ရာ ဆွယ်တရားဟောတဲ့သူတွေ ရှိတာပါ။ သူတို့က နိုင်ငံရေးသမားတွေကို ကျအောင်ပြောနိုင်ကြပြီး အန္တရာယ်ကင်း တဲ့ လက်နက်ဆိုင်ရာဥပဒေထွက်ပေါ်ရေး ကို တားဆီးနေကြပါတယ်။ အမေရိကန် အများစုကတော့ လက်နက်ထိန်းချုပ် ရေး ဆောင်ရွက်ချက်တွေကို ဦးစားပေး ဆောင်ရွက်စေချင်ကြပါတယ်။ နိုင်ငံရေး သမားတွေဟာ ပြည်သူတွေပြောစကား ကို နားထောင်ဖို့ လိုအပ်ပါတယ်။ လက်နက်ဆိုင်ရာ ဆွယ်တရားဟောတဲ့ သူတွေထဲက ရမယ့်ပိုက်ဆံကို ကြည့်နေ လို့ မရပါဘူးလို့ ကိတ်ကိုဟိုက ပြောပါတယ်။
လက်နက်ကိုင် အကြမ်းဖက်မှု သုတေသန အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ငါးလအတွင်း လက်နက်ကိုင် အကြမ်း ဖက်ပစ်ခတ်မှုကြီး ၂၅၇ ခုဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်း ၁၉၃၀၀ ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား - ဆင်ဟွာ