နေပြည်တော် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း ဒေသတွင် စက်သုံးဆီ တင်ချ ပြုလုပ်နိုင်သည့် ဆိပ်ခံတံတား စုစုပေါင်း ခြောက်စင်းရှိပြီး အဆိုပါ ဆိပ်ခံတံတားများရှိ သိုလှောင်ကန်များတွင် ဒီဇယ်ဆီ ဂါလန် သန်းပေါင်း ၆၁ ဒသမ ၉၆၄ နှင့် ဓာတ်ဆီဂါလန်သန်းပေါင်း ၈၃ ဒသမ ၇ဝဝ တို့ကို ထိန်းသိမ်း ထားနိုင်သည်။
ဆက်လက်ဆောင်ရွက်
အဆိုပါ စက်သုံးဆီသိုလှောင် ကန်များတွင် ယနေ့အထိ ထိန်းသိမ်းထားရှိသည့် ပမာဏ အနေဖြင့် ဒီဇယ်ဂါလန်သန်းပေါင်း ၃၈ ဒသမ ၈၇၈ နှင့် ဓာတ်ဆီ ဂါလန်သန်းပေါင်း ၃၅ ဒသမ ၆၅၆ ထိန်းသိမ်းထားရှိ ပြီး နေ့စဉ် ဆီတင်သင်္ဘောများမှ ကုန်ချ ခြင်း လုပ်ငန်းများကို အရှိန် အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကာ ပြည်တွင်း သို့ ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက် ရှိသည်။ မကြာမီ ရက်ပိုင်း အတွင်း စက်သုံးဆီတင်သင်္ဘော ငါးစင်းဖြင့် စက်သုံးဆီတန်ချိန် ၈၄၆ဝဝ ခန့်ကို တံတားများ၌ ဆိုက်ကပ်၍ ကုန်ချခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် သီလဝါ ကမ်းနားဒေသတို့တွင် စားအုန်း ဆီ အတင်အချပြုလုပ်နိုင်သည့် ဆိပ်ခံတံတား စုစုပေါင်း လေးစင်း ရှိပြီး သိုလှောင်ကန်များတွင် စားအုန်းဆီ စုစုပေါင်း ၇၅ဝဝဝ မက်ထရစ်တန်ကို သိုလှောင် ထားနိုင်ကြောင်းနှင့် ယနေ့အထိ စားအုန်းဆီ စုစုပေါင်း ၂၂ဝဝဝ မတ်ဒရစ်တန်ကို သိုလှောင်ထား ရှိကာ နေ့စဉ် ပြန်လည်ဖြန့်ဖြူး ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ မကြာမီရက်ပိုင်း အတွင်း စားအုန်းဆီတင် သင်္ဘော လေးစင်းဖြင့် စားအုန်းဆီ တန်ချိန် ၃၂၄၅ဝ ခန့်ကို အဆိုပါတံတား များတွင်ဆိုက်ကပ်၍ ကုန်ချခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကုန်ချခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားရန်ရှိ
ရန်ကုန်မြို့ရှိ အထွေထွေ ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်နိုင်သော ဆိပ်ခံတံတား များသို့ သံထည်ပစ္စည်းစုစုပေါင်း တန်ချိန် ၆ဝ၇၅၃ ကို သယ်ဆောင် လာသည့် သင်္ဘောလေးစင်းသည် လည်း ဝင်ရောက်ဆိုက်ကပ်၍ ကုန်ချခြင်းလုပ်ငန်းများ ဆောင် ရွက်သွားရန်ရှိသည်။
၎င်းအပြင် ပြည်ပမှ တင်သွင်း လာသည့် လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ နှင့် အထွေထွေ ကုန်ပစ္စည်း များအား ဆိပ်ကမ်းအသီးသီးမှ ထုတ်ယူရှင်းလင်းခြင်းများ ပုံမှန် ဆောင်ရွက်လျက်ရှိပြီး အထွေထွေ ကုန်ပစ္စည်းတန်ချိန် ၆ဝ၇၅၃ ထပ်မံဝင်ရောက်ရန် ရှိကြောင်း သိရှိရသည်။ ပြည်ပပို့ကုန်များ ဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် ပြည်ပပို့ကုန်တင်ပို့ခြင်းလုပ်ငန်းများကိုလည်း နေ့ည မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရောင်းဝယ်ဖောက်ကားလျက်ရှိ
CDM ပါဝင်လှုပ်ရှားသူများနှင့် အဖျက်အမှောင့်များ လုပ်ကိုင် လုပ်ဆောင်နေသူ လူတစ်စုက နိုင်ငံတစ်ဝန်းလုံး မြို့နယ်အသီး သီးရှိ စျေးများ၊ စတိုးဆိုင်ခန်း များ၊ ဘဏ်များ ပိတ်ထားကြောင်း ကောလာဟလ သတင်းများ ထုတ်လွှင့်လျက်ရှိသည်။ ထိုသို့ ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံ တစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ စျေးများ၊ စတိုးဆိုင်ခန်းများမှာ မိမိတို့၏ မိသားစုစားဝတ်နေရေး အတွက် ပုံမှန်အတိုင်း အေးချမ်း စွာ ရောင်းဝယ်ဖောက်ကားလျက် ရှိကြသည်။
ထို့ပြင် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက် ထုတ်ယူကြ မည့် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့စွာ ထုတ်ယူ နိုင်စေရန်အတွက် သက်ဆိုင်ရာ ဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ ဝန်ထမ်းများ၏ လုပ်ခလစာ ထုတ်ယူရက် ဖြစ်သဖြင့် အငြိမ်းစား ဝန်ထမ်းများအပြင် နိုင်ငံ့ဝန်ထမ်းများပါ သက်ဆိုင်ရာ ဘဏ်အသီးသီး၌ ၎င်းတို့၏လုပ်ခ လစာများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်