
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ် ၃၁ ရက်ကစ၍ စတင်ကျင်းပလျက်ရှိရာ ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက် ရှိသည်။
ကျောက်ဖြူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၂ ခုတွင် (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၁၃၃၁ ဦး ကျောင်းသူ ၂၀၉၀ စုစုပေါင်း ၃၄၂၁ ဦး အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန ၁၂ ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ၁၄၇၀၊ ကျောင်းသူ ၂၂၄၀ စုစုပေါင်း ၃၇၁၀ ရှိပြီး ဖြေဆို သည့် ကျောင်းသား ၁၃၃၁ ဦး၊ ကျောင်းသူ ၂၀၉၀ စုစုပေါင်း ၃၄၂၁ ဦးရှိကာ ပျက်ကွက် ၂၈၉ ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၂၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)
အင်းစိန်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူ ၁၁၈၀ တို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စာစစ်ဌာန ငါးခုတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူဦးရေ ၁၃၄၃ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၁၁၈၀ (ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၈၆ ရာခိုင်နှုန်း) ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
ချောင်းဦး
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ အထကစာစစ်ဌာနတွင် ယနေ့ နံနက် ၉နာရီက စတင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုသည်။
ချောင်းဦးမြို့၌ ယခင်က ချောင်းဦးအထက စာစစ်ဌာနနှင့် အမြင့် အထက စာစစ်ဌာန နှစ်ခုရှိခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချောင်းဦးအထက စာစစ်ဌာနတစ်ခုသာ ရှိကြောင်း၊ ချောင်းဦး အထကစာစစ်ဌာန၌ အင်္ဂလိပ်စာဘာသာ ဖြေဆိုသည့် ဒုတိယနေ့တွင် ကျောင်းတွင်းမှ ၅၁ ဦး၊ အပြင်ဖြေမှ ၃၅ ဦး လာရောက်ဖြေဆိုခဲ့ကြောင်း၊ ဖြေဆိုရာခိုင်နှုန်း ၆၃ ဒသမ ၂၄ ရာခိုင်နှုန်း၊ ပျက်ကွက်ရာခိုင်နှုန်း ၃၆ ဒသမ ၇၆ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)
ဇလွန်
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၃၁ ရက်မှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန ၁၁ ခု၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို အ.ထ.က(၁) ဇလွန်၊ အ.ထ.က ကော့ကပ်ကြီး၊ အ.ထ.က ကျုံရှစာဖြူစု၊ အ.ထ.က ရေလဲ၊ အ.ထ.က ဂုံညင်းတန်း၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပျဉ်းမကုန်း၊ အ.ထ.က ရွှေကျောင်း၊ အ.ထ.က မေရီလန်း၊ အ.ထ.က မြစ်ဝ၊ အ.ထ.က သပြုကွင်းကျောင်း စာစစ်ဌာန ၁၁ ခုတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိပြီး ယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား ၄၂၄ ဦး၊ ကျောင်းသူ ၅၈၈ ဦး စုစုပေါင်း ၁၀၁၂ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၉၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပညာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
မြင်းမူ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ဧပြီ ၁ ရက်တွင် မြင်းမူမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆိုကြသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားသူ၂၅၀ ရှိပြီး ဒုတိယနေ့တွင် ဝင်ရောက်ဖြေဆိုသူ ၁၀၄ ဦးရှိရာ ရာခိုင်နှုန်းဖြင့် ၄၁ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)
ဆိပ်ဖြူ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က ဆိပ်ဖြူ စာဖြေဌာန၊ အ.ထ.က လက်ဆည် စာဖြေဌာန၊ အ.ထ.က ကဇွန်းမ စာဖြေဌာနများတွင်ကျင်းပရာ စာရင်းရှိ ၄၉၇ ဦးရှိရာ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၄၂၀ လာရောက် ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၈၄ ဒသမ ၅၁ ရှိကြောင်း သိရသည်။
စိုးလင်းနိုင် (ပြန်/ဆက်)
တနင်္သာရီ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း စာစစ်ဌာန သုံးခု၌ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာ ဆက်လက်ဖြေဆိုကြရာ အထက-တနင်္သာရီစာစစ်ဌာန၊ အထက-ညောင်ပင်ကွင်း စာစစ်ဌာန၊ အထက-မော်တုန်းစာစစ်ဌာနတို့တွင် ဖြေဆိုရန် စာရင်းရှိ ၃၆၀ ရှိသည့်အနက် ယနေ့တွင် လာရောက်ဆိုသူ ၃၁၆ ဦး လာရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာနှုန်းမှာ ၈၇ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်သည်။ ၎င်းတို့အနက် ဖြေဆိုရန်ပျက်ကွက်သူ ၄၄ ဦး ရှိသဖြင့် ပျက်ကွက်မှုရာနှုန်းမှာ ၁၂ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
မချမ်းဘော့
ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့စာစစ်ဌာနတွင် စာရင်းရှိ ၇၀ ရှိသည့်အနက် ဒုတိယရက် ဖြေဆိုသူ ၆၆ ဦး ဝင်ရောက်ဖြေဆိုပြီး လေးဦးပျက်ကွက်သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)
တောင်ပြိုလက်ဝဲ
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၂၅ ဦးရှိရာ ယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၁၁၉ ဦး၊ ပျက်ကွက်သူခြောက်ဦးရှိရာ ဖြေဆိုသူ ၉၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနကြီးကြပ်ရေးမှူးထံမှ သိရသည်။
တောင်ပြို(ပြန်/ဆက်)
စစ်ကိုင်း
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၃၁ ရက်မှစပြီး ဖြေဆို လျက်ရှိရာ စစ်ကိုင်းမြို့နယ်တွင်လည်း ယနေ့ ဒုတိမြောက်နေ့အဖြစ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရ သည်။
စစ်ကိုင်းမြို့နယ်တွင် စာစစ်ဌာနဌာန ငါးနေရာရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုစာရင်းရှိ ၁၉၁၃ ဦးရှိရာ လာရောက်ဖြေဆိုသူ ၁၅၉၄ ဦး ရှိကြောင်း၊ ပျက်ကွက်ကျောင်းသား ကျောင်းသူ ၃၁၉ ဦးရှိပြီး ပျက်ကွက် ရာခိုင်နှုန်းအနေဖြင့် ၁၆ ဒသမ ၆၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးစာရင်းများအရ သိရသည်။
စာမေးပွဲဖြေဆိုရာနေရာများသို့ သက်ဆိုင်ရာဌာနများက ကျန်းမာ ရေး၊ လုံခြုံရေးများကို အနီးကပ်စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
မြောက်ဦး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စာစစ်ဌာန ခုနစ်ခု၌ ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၅၁၅ ဦးက ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၇၄၅ ဦးရှိပြီး အထက-ထမ္မရာဇ်မြို့သစ် စာစစ်ဌာနတွင် ဝင်ရောက် ဖြေဆိုသူ ၆၈၃ ဦး၊ အထက-၂ စာစစ်ဌာနတွင် ၃၆၈ ဦး၊ အထက(ခွဲ) အလက (၁) စာစစ်ဌာနတွင် ၄၁၇ ဦး၊ အထက(ခွဲ)အလက(၃)စာစစ်ဌာန တွင် ၂၂၇ ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင် ၃၀၃ ဦး၊ အထက-တိမ်ညိုစာစစ်ဌာနတွင် ၃၀၂ ဦး၊ အထက-ကျီရာပြင် စာစစ်ဌာနတွင် ၂၁၅ ဦး စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ၂၅၁၅ ဦးရှိကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)
မိုးညှင်း
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ် ဌာန ရှစ်ခု၌ ကျင်းပရာ အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆို ကြသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၉၈ ဦး၊ ပျက်ကွက် ၁၂၇ ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၉၃ ဒသမ ၄၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)