
ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၌ အခြေခံပညာအဆင့်အလိုက် နှစ်ဆုံးကျောင်းတွင်းစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ်(Grade-4)နှင့် အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ၊ တစ်နေ့ လျှင် နှစ်ဘာသာနှုန်း၊ အလယ်တန်းပြီးမြောက်စာမေးပွဲ(Grade-9) စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ၊ တစ်နေ့လျှင် တစ်ဘာသာ နှုန်းဖြင့် ဖြေဆိုချိန် နှစ်နာရီသတ်မှတ်ထားပြီး အထက်တန်းအဆင့် Grade-10 စနစ်သစ်ကို တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် တစ်ပြေးညီ စစ်ဆေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၁၉၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ငါးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း သုံးကျောင်းရှိပြီး၊ ကျောင်းတွင်းနှစ်ဆုံးစာမေးပွဲကို ကျောင်းသား ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။ နီထွန်းအောင်(ပြန်/ဆက်)
နောင်ချို
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ အတန်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများသည် မတ် ၁၇ ရက် နံနက်ပိုင်းမှစ၍ ကျောင်းတွင်းစစ်စာမေးပွဲများ ကျင်းပရာ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် အထက ကိုးကျောင်း၊ အထကခွဲ ၁၀ ကျောင်း၊ အလက ၁၁ ကျောင်း၊ အလကခွဲ ၁၂ ကျောင်း၊ အမက မူလွန် ၃၉ ကျောင်း၊ အမက ၉၈ ကျောင်း၊ အမကခွဲ ရှစ်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း သုံးကျောင်း စုစုပေါင်း ၁၉၂ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၂၂၁၂၄ ဦးဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)
ညောင်ရွှေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ ကျင်းပ သည့် အခြေခံပညာအလယ်အတန်းအဆင့် အဋ္ဌမတန်း(Grade-9) စာပေးပွဲကို ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ မတ် ၁၇ ရက် နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုခြင်းကို ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ် ဌာနပေါင်း ၅၃ ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား ကျောင်းသူပေါင်း ၁၆၈၀ ရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၁၃၈၃ ဦးရှိကြောင်းနှင့် စာမေးပွဲကာလ မှာ မတ် ၁၇ ရက်မှ မတ် ၂၃ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ စိုင်းအယ်ဘဲ
ကသာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၄ ကျောင်းမှ ကျောင်းသား ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာသင် နှစ် နှစ်ဆုံးစာမေးပွဲကို မိမိတို့သက်ဆိုင်ရာ ကျောင်းများအလိုက် မတ် ၁၇ ရက် နံနက် ၉ နာရီမှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းအတွင်းအပြင် လုံခြုံရေး၊ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ခရိုင်(ပြန်/ဆက်)
ဟိုပန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ် အခြေခံပညာစာသင် ကျောင်းများ၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို မတ် ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်ရှိ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 အတန်းတွင် ကျောင်းသား ၄၇၂ ဦး၊ ကျောင်းသူ ၄၀၈ ဦး စုစုပေါင်း ၈၈၀၊ အခြေခံပညာအလယ်တန်း အဆင့်တွင် ကျောင်းသား ၄၃၅ ဦး၊ ကျောင်းသူ ၄၁၃ ဦး စုစုပေါင်း ၈၄၈ ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် Grade- 10 (သင်ရိုး သစ်)တွင် ကျောင်းသား ကျောင်းသူ ၈၁ ဦးနှင့် Grade- 11 (သင်ရိုးဟောင်း) တွင် ကျောင်းသား ကျောင်းသူ ၅၉ ဦးတို့ဖြစ်ကာ အခြေခံပညာအထက်တန်းအဆင့်တွင် ကျောင်းသား ၅၇ ဦးနှင့် ကျောင်းသူ ၈၃ ဦး စုစုပေါင်း ၁၄၀ တို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာ ဖြေဆိုလျက် ရှိသည်။
အဆိုပါ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မတ် ၁၇ ရက် မှ မတ် ၂၃ ရက်အထိ သက်ဆိုင်ရာ အခြေခံပညာ စာသင်ကျောင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင် ထံမှ သိရသည်။ ဇင်ဇင်(ပြန်/ဆက်)
ကဝ
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ပညာသင်နှစ် အဋ္ဌမတန်း (Grade- 9) ဒုတိယနှစ်ဝက်ပြီးဆုံးခြင်း စာမေးပွဲကို စာစစ်ဌာန ၈၁ ခုတို့တွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၁ နာရီထိ အင်္ဂလိပ်စာဘာသာကို စာစစ်ဌာနအလိုက် စတင်ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ အဋ္ဌမတန်း(Grade-9) စာမေးပွဲကို စာစစ်ဌာန ၈၁ ခု တို့တွင် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ် ရေးမှူးများက ကြီးကြပ်လျက် စာရင်းရှိ ကျောင်းသား ၆၈၆ ဦးနှင့် ကျောင်းသူ ၇၃၇ ဦး စုစုပေါင်း ၁၄၂၃ ဦးရှိသည့်အနက် ယနေ့ဖြေဆိုသူ ကျောင်းသား ၆၆၈ ဦး၊ ကျောင်းသူ ၇၂၃ ဦး စုစုပေါင်း ၁၃၉၁ ဦး ဝင်ရောက်ဖြေဆိုကြပြီး ကျောင်းသား ၁၈ ဦးနှင့် ကျောင်းသူ ၁၄ ဦး စုစုပေါင်း ၃၂ ဦးတို့မှာ ဖြေဆိုရန် ပျက်ကွက်ကြကြောင်း တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ် ၂၃ ရက်အထိ စစ်ဆေးဖြေဆိုကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ မြို့နယ်(ပြန်/ဆက်)
နတ်တလင်း
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းသား ကျောင်းသူများ နှစ်ဆုံး စာမေးပွဲအား မတ် ၁၇ ရက် နံနက်ပိုင်းမှစ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ၏ နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာ ကျင်းပလျက်ရှိကြောင်း Grade-9 ကျောင်းသား ကျောင်းသူများအား စာစစ်စင်တာ ၂၅ ခုဖွင့်လှစ်၍ကျင်းပရာ Grade-9 ကျောင်းသား ကျောင်းသူ ၆၁၆ ဦး ၈၂ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း Grade- 4 မှ Grade- 11 အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများတွင် စာစစ်ဌာနများ ဖွင့်လှစ်၍ ကျင်းပပေးလျက်ရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)