နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာ စတင်ဖြေဆို

 

၂၀၂၁-၂၀၂၂   ပညာသင်နှစ်  အခြေခံပညာအဆင့်အလိုက်  အခြေခံပညာ မူလတန်းအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade - 9) စာမေးပွဲများကို နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၇ ရက်မှစ၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိသည်။

 

သဲကုန်း 
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို    မူလတန်းအဆင့် သင်ရိုးသစ်   Grade - 4    နှစ်ဆုံးစစ်ဆေးခြင်းနှင့်  အခြေခံပညာအလယ်တန်းအဆင့်  နှစ်ဆုံးစစ်ဆေး ခြင်းကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင် ချိန် တစ်ချိန်စာ စစ်ဆေး၍ အလယ်တန်းပြီးမြောက် မှုစာမေးပွဲ  (Grade- 9) နှင့်  အထက်တန်းအဆင့်  စာမေးပွဲများကို မတ် ၁၇  ရက်မှ ၂၃ ရက်အထိ   တစ်ရက်လျှင်  တစ်ဘာသာနှုန်းဖြင့်  ဘာသာရပ် တစ်ခုလျှင် နှစ်နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း  ၁၉၄ ကျောင်းနှင့် ဘုန်းတော်ကြီးသင်  ပညာရေး ကျောင်းပေါင်း  တစ်ကျောင်းရှိပြီး အခြေခံပညာ ကျောင်းများတွင်  နှစ်ဆုံးစာမေးပွဲများကို  ကျောင်း သား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ပေါက်ခေါင်း  
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြခံပညာကျောင်းများ တွင် အတန်းတင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီ မှ  စတင်ဖြေဆိုလျက်ရှိရာ   ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၁၈ ကျောင်းမှ ကျောင်း သား ကျောင်းသူများ  အတန်းတင်စာမေးပွဲကို မိမိတို့ သက်ဆိုင်ရာကျောင်းများအလိုက် စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲများကို  စတုတ္ထတန်းမှ  သတ္တမ တန်းအထိ ကျောင်းသား ကျောင်းသူများ တစ်နေ့ လျှင် နှစ်ဘာသာနှုန်းဖြေဆိုရမည်ဖြစ်ပြီး အဋ္ဌမတန်း မှာ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်သာ ဖြေဆိုရ မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
အိမ်မဲ
ဧရာဝတီတိုင်းဒေသကြီး   အိမ်မဲမြို့နယ်တွင် မတ် ၁၇ ရက်  နံနက် ၉  နာရီမှစတင်၍  အခြေခံပညာ ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်   အခြေခံ ပညာအလယ်တန်းဆင့်(အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုနေကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင်၂၀၂၁-၂၀၂၂  အဋ္ဌမတန်းနှစ်ဆုံး စာမေးပွဲကို စာစစ်ဌာန ၄၁ ခုဖြင့် စာရင်းရှိ ၁၄၅၈ ဦး၊ ဖြေဆို ၁၄၀၉ ဦးနှင့် ပျက်ကွက် ၄၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)
မင်းလှ 
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်အတွက်   အခြေခံပညာအဆင့်လိုက် တတ်မြောက်မှု  နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို မတ် ၁၇ ရက် နံနက်ပိုင်းက  စတင်ဖြေဆိုကြသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၅၅ ကျောင်းနှင့်  ဘုန်းတော်ကြီးသင်ကျောင်း လေးကျောင်း စုစုပေါင်း ၁၅၉  ကျောင်းရှိရာ Grade- 4 မှ Grade- 11  အထိ  အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊   ကျောင်းသား   ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများတွင်   စာစစ်ဌာနများ ဖွင့်လှစ်၍     ဖြေဆိုလျက်ရှိကြောင်း၊   Grade- 9 ကျောင်းသား ကျောင်းသူများအတွက် စာစစ်ဌာန ၂၆ ခု ဖွင့်လှစ်၍ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူ ၇၁၇ ဦး   ဝင်ရောက်ဖြေဆိုခဲ့၍    ၇၇ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
ပေါက်စ(မင်းလှ)
မူဆယ်                              ရှမ်းပြည်နယ်မြောက်ပိုင်း  မူဆယ်မြို့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်   အခြေခံပညာအလယ်တန်းအဆင့် (အဋ္ဌမတန်း) ကျောင်းသား ကျောင်းသူများ နှစ်ဆုံး စာမေးပွဲဖြေဆိုခြင်းကို အ.ထ.က အမှတ်(၁)၊ (၂)၊ (၃) နှင့်  “အောင်”   ကိုယ်ပိုင်အထက်တန်းကျောင်းတို့ တွင် ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုသည်။
အဆိုပါ ဖြေဆိုရာတွင် အ.ထ.က(၁)ကျောင်းတွင် ဖြေဆိုသူ ၃၆ ဦး၊ အမှတ်(၂)ကျောင်းတွင် ဖြေဆိုသူ ၆၇ ဦး၊ အမှတ်(၃)ကျောင်းတွင် ဖြေဆိုသူ  ၄၄  ဦးနှင့် အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖြေဆို သူ ၃၂  ဦး   စုစုပေါင်းဖြေဆိုသူ   ကျောင်းသား ကျောင်းသူ ၁၇၉ ဦးရှိကြောင်း သိရသည်။  
ချယ်ရီမြေ(မူဆယ်)
တနင်္သာရီ  
တနင်္သာရီတိုင်းဒေသကြီး   တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂   ပညာသင်နှစ် အဋ္ဌမတန်း(Grade-9) ဒုတိယနှစ်ဝက်ပြီးဆုံးခြင်းစာမေးပွဲကို စာစစ်ဌာန ၁၆ ခုတွင် မတ် ၁၇ ရက် နံနက် ၉ နာရီက စတင် ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ  စာမေးပွဲကို   စာစစ်ဌာနများအလိုက် ကြီးကြပ်ရေးမှူးနှင့်    လက်ထောက်ကြီးကြပ်ရေးမှူး များက ကြီးကြပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းသား ကျောင်းသူ ၃၇၁ ဦးရှိသည့်အနက် ကျောင်းသား ၁၃၀၊  ကျောင်းသူ ၁၉၉ ဦး   စုစုပေါင်း ၃၂၉ ဦး ဝင်ရောက်ဖြေကြသဖြင့်    ဖြေဆိုမှုရာနှုန်းမှာ     ၈၈ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ပြီး  ပျက်ကွက်ရာနှုန်းမှာ  ၁၁  ဒသမ ၃၂  ရာခိုင်နှုန်းဖြစ်ကြောင်း   သိရသည်။  အဆိုပါ စာမေးပွဲကို တစ်ရက်လျှင် တစ်ဘာသာနှုန်း ဖြင့် မတ်  ၂၃  ရက်အထိ   စစ်ဆေးဖြေဆိုကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အလားတူ  တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲ ကိုလည်း  မတ်   ၁၇  ရက်မှစ၍    တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နေ့စဉ်   နံနက်  ၉   နာရီမှ မွန်းတည့် ၁၂ နာရီအထိ သက်ဆိုင်ရာကျောင်းအလိုက်    ဖြေဆိုကြကြောင်း၊ Grade-1 မှ Grade-10   အထိကို  အတန်းပြီးမြောက်ကြောင်း    စာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ    သိရ သည်။
 နန်းသာရီ(ထိန်ဝင်း)
ကြို့ပင်ကောက်
ပဲခူးတိုင်းဒေသကြီး    ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂   ပညာသင်နှစ်အတွက်     နှစ်ဆုံး စာမေးပွဲများ    အေးချမ်းစွာ   ကျင်းပလျက်ရှိကြောင်း၊ Grade-9   ကျောင်းသား   ကျောင်းသူများအား စာစစ်စင်တာ   ၂၃    ခု  ဖွင့်လှစ်၍   ကျင်းပခဲ့ရာ  Grade-9 ကျောင်းသား ကျောင်းသူ ၆၀၀၊  (၈၅ ဒသမ ၉၆  ရာခိုင်နှုန်း)     ဝင်ရောက်ဖြေဆိုခဲ့ကြောင်း  သိရသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းပေါင်း   ၁၇၂   ကျောင်းတွင် Grade- 4   မှ Grade- 11 အထိ  အထက်တန်း၊  အလယ်တန်း၊ မူလတန်း၊   ကျောင်းသား   ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများတွင်    စာစစ်ဌာနများ ဖွင့်လှစ်၍    ၂၀၂၁-၂၀၂၂    ပညာသင်နှစ်အတွက် နှစ်ဆုံးစာမေးပွဲများအား သက်ဆိုင်ရာ ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများက အနီးကပ်ကြီးကြပ်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း  မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
ကရသူရိ
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကရသူရိ မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေး ပွဲကို   ယနေ့နံနက် ၉  နာရီမှစ၍    ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ကရသူရိမြို့   အထက်တန်းကျောင်းရှိ     ကျောင်း သား ကျောင်းသူများ နှစ်ဆုံး(တိုင်းစစ်)စာမေးပွဲအား အေးချမ်းသာယာစွာနှင့်    အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေး    ကျောင်းအတွင်းအပြင်    လုံခြုံရေး၊   ကျောင်းသား  ကျောင်းသူများ၏      လုံခြုံရေးကို မြို့အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုနှစ်ဆုံးစာမေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီ အထိ  (Grade-9)၊ (Grade-10)၊ (Grade-11) ကျောင်းသား ကျောင်းသူများက ဖြေဆိုလျက်ရှိပြီး မွန်းလွဲ ၁ နာရီမှ ၃ နာရီ ၁၅ မိနစ်အထိ (Grade-4)၊ (Grade-6)၊ (Grade-7)နှင့် (Grade-8)ကျောင်းသား ကျောင်းသူများ   ဖြေဆိုရမည်ဖြစ်ကြောင်း  သိရ သည်။
ကရသူရိ(ပြန်/ဆက်)