
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဖတ်ကြားသည်။
ဖတ်ကြား
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေထံမှ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုအမှာစကားကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဖတ်ကြား ရာတွင် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက် လှဲလှဲဂုဏ်ပြုသည့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်အရေးကြီးဆုံး၊ တာဝန်အကြီးမားဆုံး နှင့် အသိမ်မွေ့ဆုံးသော လုပ်ငန်းများကို ဆောင်ရွက် ပေးနေကြရသူများသည် ကမ္ဘာ့ဆရာများပင်ဖြစ်ပါ ကြောင်း၊ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာစေရန် ကမ္ဘာသူ ကမ္ဘာသားကောင်းများကို မွေးထုတ်ပေး နေကြသူများသည်လည်း ကမ္ဘာ့ဆရာများပင် ဖြစ်ပါ ကြောင်း။
နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက် မှုသည် ပညာရေးဖွံ့ဖြိုးမှုအပေါ်တွင် များစွာတည်မှီ နေပါကြောင်း၊ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာဆန်းစစ် ကြည့်မည် ဆိုပါက အဆိုပါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးဖွံ့ဖြိုးတိုးတက်မှုက အဆုံးအဖြတ်ပေးခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍ အရည်အသွေးမြင့်မားသည့် တိုင်းပြည်သည် နိုင်ငံကြီးခြင်း ငယ်ခြင်း၊ သယံဇာတ ကြွယ်ဝခြင်း မကြွယ်ဝခြင်းထက် အဆိုပါနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးအပေါ် မူတည်ပြီး
ဖွံ့ဖြိုးကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အပြန် အလှန်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည် အရည်အသွေးမြင့်မားသည့် ပညာရေးကို ပိုမို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် အရေးပါသည့် ပညာရေးကဏ္ဍကို အဓိက မောင်းနှင်ပေးနေသည့် အင်အားစုမှာ ပညာရေးတာဝန်ကို ထမ်းဆောင်နေကြသည့် ဆရာ များပင်ဖြစ်ပါကြောင်း။
ဆရာများသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းတွင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံတွင် ဖြစ်စေ ကပ်ဘေးဒုက္ခများ၊ အခက်အခဲအကျပ် အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် လည်း အသိပညာ ဖြန့်ဝေပူးပေါင်းဆောင်ရွက်ပြီး ဘေးဒုက္ခ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဦးဆောင်ဦးရွက်ပြုကြသူများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အခက်အခဲ အကျပ်အတည်း များနှင့် ကပ်ရောဂါဘေးအလွန်ကာလတွင် ပြန်လည် တည်ဆောက်ကြရမည့် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးကြမည့်သူများ ဖြစ်ပါကြောင်း။
နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်တည်ဆောက် ကြမည့်ဆရာများသည် အရည်အသွေးပြည့်ဝပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာနေရန်လိုသလို တစ်ဖက် ကလည်း ဆရာများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်ဘဝ သာယာလှပနေရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာများ အရည်အသွေး မြင့်မားတိုးတက်ရေးအစီအစဉ်၊ ဆရာ ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေး အစီအစဉ် စသည်များကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆရာများလိုအပ်ချက်ကို အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါ ကြောင်း၊ ဆရာများကလည်း ကိုဗစ်-၁၉ အလွန် ကာလ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း များတွင် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာ များ၏ ဆောင်ရွက်မှုမှတ်တမ်းအကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း က ဖတ်ကြားတင်ပြသည်။
ယနေ့ကျင်းပသည့် အခမ်းအနားသို့ ဌာန ဆိုင်ရာအကြီးအကဲများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး များ၊ ထူးချွန်ဆရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်း အနားတွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဆရာကြီး၊ ဆရာမကြီး လေးဦးနှင့် ထူးချွန်ဆုရ ဆရာနှစ်ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်