နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန်လိုအပ်သဖြင့် ပညာတတ်များပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်

ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊ 
စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုများရှိစေရန် လေ့ကျင့်သင်ကြားပေး

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


ပညာရေးဝန်ကြီးဌာန  အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊    ဒုတိယပါမောက္ခချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိအနေဖြင့် ပညာရေးကို အလေးထားပြီး မိမိတို့နိုင်ငံ၏ပညာရေးကို တိုးတက်စေလိုကြောင်း၊    ပညာရေးကဏ္ဍ သည်  နိုင်ငံတစ်ခု  တိုးတက်ရေးအတွက် အရေးကြီးကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးတွင်     ပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်  ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဟု သတ်မှတ်ခံထားရကြောင်း၊   မိမိတို့နိုင်ငံ တွင် ကိုလိုနီနယ်ချဲ့များမှ အုပ်ချုပ်ခဲ့သည့် အချိန်ကာလတွင်  ပညာရေးနိမ့်ကျခဲ့ရပြီး လွတ်လပ်ရေးရရှိချိန်တွင်လည်း ပြည်တွင်း သောင်းကျန်းမှုများကြောင့် ပညာသင်ကြား ရေးအတွက်    အခက်အခဲများဖြစ်ပေါ်ခဲ့ သဖြင့်   ပညာရေးနိမ့်ကျမှုများ  ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း၊    ပြည်နယ်များနှင့် တိုင်းရင်းသားဒေသများတွင်   ဘာသာ စကားအခက်အခဲများနှင့်   အခြားသော သွားလာရေး    အခက်အခဲများကြောင့် ကျေးလက်ပညာရေးသည် အားနည်းခဲ့ရ ကြောင်း၊ အစိုးရအဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့ချိန်များတွင်လည်း ဆရာ ဆရာမများ   မပြည့်စုံမှုနှင့်  အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့မှုများရှိခဲ့ကြောင်း။


ဆိုရှယ်လစ်ခေတ် ပညာသင်ကြားရေး စနစ်တွင် အားနည်းချက်နှင့် အားသာချက် များရှိခဲ့ပြီး အဓိကအားဖြင့် အင်္ဂလိပ်စာ သင်ကြားမှုများတွင်  အားနည်းခဲ့သဖြင့် နိုင်ငံတကာနှင့်   ရင်ပေါင်တန်းနိုင်ရေး အတွက် အဆင့်မြင့်ပညာများ သင်ကြား ရန်အတွက်   အခက်အခဲများဖြစ်ပေါ်ခဲ့ ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ နောက်ပိုင်း   နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းများ အား   သုံးနှစ်ခန့်  ပိတ်ထားခဲ့ရကြောင်း၊ ကျောင်းများ  ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားမှုများအား  အခြေခံပညာ စနစ်နှင့် အဆင့်မြင့်ပညာစနစ်များ အမှန် တကယ်တတ်မြောက်ရေးထက်  အတန်း တက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ သည့်အတွက် အခြေခံပညာတွင် အားနည်း ခဲ့သကဲ့သို့  အဆင့်မြင့်ပညာ  သင်ကြားမှု များလည်း  အားနည်းခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုအခါ နှစ် ၃၀ အမျိုးသား ပညာရေးစီမံကိန်းဖြင့်     ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း။


ပညာတတ်များပေါများစေရေး


နိုင်ငံတစ်နိုင်ငံ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ပညာတတ်များ   ပေါများရန် လိုအပ်သဖြင့်   ပညာတတ်များပေါများ စေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများ က    ကြိုးပမ်းဆောင်ရွက်ပေးရန်လို ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ ၅၅ သန်း တွင် သုံးသန်းခန့်သာဘွဲ့ရရှိသည်ကို တွေ့ရှိ ရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက် သာ   အဆင့်မြင့်ပညာကို   သင်ကြားနိုင် သည်ကို   တွေ့ရှိရကြောင်း၊  အလားတူ လူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံ ပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြား နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်     ပညာရေးသည် အရေးကြီးသည့်အတွက် မိမိတာဝန်ယူချိန် ကာလအတွင်း  ပညာရေးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်စေရေးအတွက်     ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။


တက္ကသိုလ်များသည် အသိပညာနှင့် အတတ်ပညာများကို တွေးတောကြံစည် နိုင်ရန်နှင့်   လေ့လာသင်ကြားပေးသည့် ကျောင်းများဖြစ်ကြောင်း၊   ထို့ကြောင့် တက္ကသိုလ်ကျောင်းများသည်   အဆင့် တစ်ခုရှိရန်လိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်နှင့် ကျောင်းများ၏မြင်ကွင်းများ ကောင်းရန်၊ လူသွားလမ်းများကောင်းရန် နှင့်   သာယာလှပသည့်  ပတ်ဝန်းကျင် ကောင်းများဖြစ်စေရေး ဖန်တီးပေးရန်လို ကြောင်း၊ အလားတူ အဆောက်အဦများ နှင့်    ကျောင်းပရိဝုဏ်များ   ကောင်းမွန် စေရေး    ကြိုတင်စဉ်းစားဆောင်ရွက်၍ တည်ဆောက်ရန်လိုကြောင်း၊  ကျောင်းသား များ သင်ယူရာတွင် အခက်အခဲမရှိစေရေး နှင့်   သင်ကြားမှုများ  ထိရောက်စေရေး အတွက်  စာသင်ခန်းများနှင့်  လက်တွေ့ ခန်းများ    စနစ်တကျရှိရန်လိုကြောင်း၊ သင်ကြားပေးသည့် ဆရာ ဆရာမများ၏ သင်ကြားမှု    အတတ်ပညာသည်လည်း အရေးကြီးသဖြင့် မိမိတို့ကိုယ်တိုင် စာပေ ပညာတတ်ကျွမ်းရုံသာမက ကျောင်းသား ကျောင်းသူများ နားလည်စေရေး သင်ကြား ပေးနိုင်ရန်လိုကြောင်း။


လေ့ကျင့်သင်ကြားပေးရန်လို


ကျောင်းသား     ကျောင်းသူများ အားကစား      ပြုလုပ်နိုင်စေရန်အတွက် အားကစားကွင်းများနှင့် အားကစားရုံများ အား  စနစ်တကျဖြင့် တည်ဆောက်ပေး ထားရန်လိုကြောင်း၊  ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊  စိတ်ဓာတ် ကောင်းများ၊ အတတ်ပညာကောင်းများ နှင့်      တွေးတောကြံဆမှုများရှိစေရန် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာ သင်ကြားနေစဉ်အတွင်း စာပေပညာသင်ကြားခြင်းကို    သာမက ဘဝအတွက်    အတွေ့အကြုံများရရှိရေး အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေး ရန်လိုသဖြင့်  ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ ကျောင်းသား ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက် ပေးရန်လိုကြောင်း။


သင်ကြားရေးနှင့်     ပတ်သက်၍ တက္ကသိုလ်ပညာရေးသည် အလွတ်ကျက် သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ များနှင့် ဆရာများ  အပြန်အလှန်ဆွေးနွေး ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ၏  တွေးခေါ်မှုကို   မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် လည်း သင်ကြားမှုကဏ္ဍတိုးတက်စေရန် အတွက်   အမြဲမပြတ်   လေ့လာနေရန် လိုကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု သည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ နိုင်ငံများတွင် အောက်ဆုံး၌ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတိုးတက် ရေးအတွက်    အမြဲမပြတ်   ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် လည်း  အမြဲမပြတ်   ကြိုးစားလေ့လာ သင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေး ကဏ္ဍနှင့် ပတ်သက်၍ တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း၊  နိုင်ငံတော်အစိုးရ အနေဖြင့်လည်း    ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ    တိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။



လေ့လာမှုနှင့်ပတ်သက်၍   ယနေ့ ခေတ်သည် သတင်းနှင့်နည်းပညာခေတ် ဖြစ်သဖြင့် အင်တာနက်မှတစ်ဆင့် များစွာ လေ့လာသင်ယူနိုင်ကြောင်း၊  လေ့လာမှု များ   ဆောင်ရွက်ရာတွင်လည်း     ထဲထဲ ဝင်ဝင်၊  ထိထိရောက်ရောက်   လေ့လာ နိုင်ရန်လိုကြောင်း၊ မိမိကိုယ်တိုင်  တန်ဖိုး ရှိရန်အတွက် မိမိတို့အလုပ်ကို အလေးထား ရန်နှင့်  မိမိတို့တတ်ကျွမ်းသည့်ပညာရပ်  များကို     အလေးထားရန်လိုကြောင်း၊ အလေးထားခြင်းနှင့်  လေးစားခြင်းနှစ်မျိုး ရှိကြောင်း၊  ငွေကိုအလေးထားသူများက  ငွေနောက်ကိုလိုက်ကြပြီး ပညာအလေး ထားသူများက  ပညာနောက်ကိုလိုက်ကြ ကြောင်း၊    အလုပ်ကိုအလေးထားပါက အလုပ်ကိုအချိန်ပေး၍             စူးစိုက်ပြီး ဆောင်ရွက်ရကြောင်း၊ အလားတူ အချိန် ကိုလည်း      လေးစားတန်ဖိုးထားရန် လိုကြောင်း၊    မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ချိန်တွင် အလုပ်ကိုအလေးထားခြင်း၊    အချိန်ကို လေးစားခြင်းများဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းတာဝန်များကို   ကျေပွန်အောင် ဆောင်ရွက်နိုင်ပြီး တိုးတက်မှုများ  ရရှိနိုင် မည်ဖြစ်ကြောင်း။


ပညာသင်ကြားရေးနှင့်   ပတ်သက်၍ ကျောင်းသား ကျောင်းသူများ ပညာရပ် များကို   အမှန်တကယ်တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ စာများများဖတ်ရှုလေ့လာ စေရေး  တိုက်တွန်းဆောင်ရွက်ပေးမည် ဆိုပါက ကျောင်းသား ကျောင်းသူများ၏ ပညာရေးတိုးတက်လာမည်ဖြစ်ကြောင်း။


စီမံခန့်ခွဲမှုနှင့်ပတ်သက်၍     ဆရာ   ဆရာမများသည်  ဝါသနာ၊  စေတနာ၊ အနစ်နာဖြင့် ပညာသင်ကြားပေးကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ   ဆရာမများအား   ပညာအရည် အချင်းအလိုက် ခံစားမှုများကို  တိုးမြှင့် ပေးခဲ့ပြီး  ဆက်လက်၍လည်း   တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင်  တာဝန်ရှိသူများ ကို သင်ကြားရေးပိုင်းတွင်သာ  တာဝန် ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့်ပတ်သက် ၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများကိုသာ  တာဝန်ပေးအပ်မည်ဆိုပါကအုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း၊  သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆရာ ဆရာမများကိုလည်း  တိုးတက်ပြောင်းလဲနေသည့် သင်ခန်းစာ အသစ်များကို  လေ့လာနိုင်စေရေး မွမ်းမံ  သင်တန်းများ   ဖွင့်လှစ်သင်ကြားပေးရန် လိုကြောင်း။ 
ဘဏ္ဍာရေးသုံးစွဲမှုနှင့်   ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း   စည်းကမ်းများ၊ ဥပဒေများနှင့်အညီ သုံးစွဲနိုင်ရေး သတိပြု ဆောင်ရွက်ကြရန်လိုကြောင်း၊  ငွေကြေး များသုံးစွဲရာတွင်လည်း     မျှမျှတတ သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများတွင်လည်း  မျှတမှုရှိရန်နှင့် မည်သည့်လုပ်ငန်းများကို ဆောင်ရွက်သည်ဖြစ်စေ စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း  ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  သည် ပါမောက္ခချုပ်များ၊  ကျောင်းအုပ်ကြီး များနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း   သိရ သည်။                          

      သတင်းစဉ်