နိုင်ငံသားအားလုံးက ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဆေးထိုးထားတော့ ရောဂါကူးစက်မှုနှုန်းတွေ အများကြီးကျသွား နိုင်တယ်။ အဲဒါကြောင့် ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံစေချင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဟန်ဂျိုင်း
ဓာတ်ပုံ - ကိုသန်း

=============

 

နေပြည်တော်   ဩဂုတ်   ၂


နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ရှစ်မြို့နယ်ရှိ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကိုဗစ် - ၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ/ ဈေးများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယင်းသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆေးထိုးနှံမှု လုပ်ငန်းစဉ်များကို ကြီးကြပ်ပေးနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဆေးလာရောက်ထိုးနှံကြသူများ၏ ပြောကြားချက်များကို တင်ပြလိုက်ပါသည်။

 

ဦးရဲမြတ်သိန်း(ဥတ္တရသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)


ဆေးထိုးနှံဖို့ အစီအစဉ်ကို သိသိချင်း  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ဆေးထိုးနှံမယ့် စာရင်းကောက်တယ်။ စာရင်းကောက်ရင်း ပဲ ဆေးထိုးမယ့်နေ့ရက်ကို တစ်ခါတည်း ကြေညာပေးတယ်။ အလားတူ ရပ်ကွက်၊ ကျေးရွာတွေကတစ်ဆင့် ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးအလိုက် တောက်လျှောက်   ကြေညာပေးပါတယ်။   နေပြည်တော်ကောင်စီ Facebook Page အပြင် ခရိုင်တွေ၊ မြို့နယ်တွေမှာလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် Facebook Page တွေဖွင့်ပြီး ကြေညာပေးထားပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ လူဦးရေ ၁၂၀၀ လောက်ထိုးနှံပေးဖို့ ရည်ရွယ် ထားပါတယ်။ ယခုလက်ရှိ ကိုဗစ်-၁၉ ရောဂါဟာ ပြင်းထန်ဝေဒနာခံစား ရတဲ့ ရောဂါဖြစ်တဲ့အတွက်   ပြည်သူတွေအနေနဲ့  ရောဂါကာကွယ်ဆေးကို နိုင်ငံတော်ကထိုးနှံပေးနေချိန်မှာ လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါ တယ်။ ထပ်မံဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအုပ်စုတွေအလိုက် ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမယ့်အစီအစဉ်က ဦးတည်အုပ်စု ခြောက်အုပ်စုရှိပါတယ်။ အသက် ၆၅ နှစ်အထက်ရှိတယ်၊ ရဟန်းသံဃာ၊ သီလရှင်တွေရှိတယ်။ ဘာသာရေးအဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်း တွေ၊ ဘိုးဘွားရိပ်သာတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေရှိပါတယ်။ အဲဒီ ခြောက်အုပ်စုကို ဦးစားပေးထိုးနှံနေပါ တယ်။ ဩဂုတ် ၁ ရက်ကနေ ၄ ရက်အထိ ထိုးနှံပေးမှာပါ။ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ထိုးနှံပေးနေပါတယ်။ ဆေးထိုးတဲ့နေရာ မှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာအဝေးဖြစ်အောင် တန်းစီတယ်။ ပြီးရင် ကြက်ခြေနီတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊  စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ရပ်ကွက်၊ ကျေးရွာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စနစ်တကျ ဆေးထိုးနှံပေးပါတယ်။    ဆေးမထိုးမီနဲ့၊    ဆေးထိုးပြီးရင်လည်း နားနေလို့ရအောင်   နေရာတွေ   စီစဉ်ထားပါတယ်။   စနစ်တကျရှိဖို့ အမြဲတမ်းစောင့်ကြည့်ပြီးတော့  ဆောင်ရွက်ပေးနေပါတယ်။ 

 


ဒေါက်တာ ဝေယံအောင် 
(ဆေးရုံအုပ်၊ ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆေးရုံ)
တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးနေခြင်း ဖြစ်ပါတယ်။ Sinopharm  ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြား ကာကွယ်ပေးနိုင်ပါ တယ်။ အသက် ၆၅  နှစ်နဲ့အထက်   ပြည်သူတွေကို Sinopharm ကာကွယ်ဆေးထိုးတာ ဘေးထွက်ဆိုးကျိုးမတွေ့ရဘူး။ ခုဆေးကို တစ်နေ့ကို ပြည်သူ ၄၀၀ နှုန်းနဲ့  သုံးရက် ၁၂၀၀ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးသင့် ပါတယ်။ ဆေးထိုးနှံရာမှာလည်း    ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ နှာခေါင်းစည်းတပ်လာမယ်၊ Face Shield တပ်လာမယ်၊ လူစုလူဝေး မဖြစ်အောင် ခြောက်ပေအကွာနေမယ်၊ ဆေးထိုးတဲ့နေရာမှာ ကိုဗစ် ကူးစက်မှုမဖြစ်အောင် ကျန်းမာရေးဌာနက စနစ်တကျ စီစဉ်ထားပါတယ်၊ ဒီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ လိုက်နာရမယ့် အချက်အလက်တွေကိုတော့ ပြည်သူတွေ အားလုံးလိုက်နာစေချင်ပါတယ်။ ဒါမှပဲ ကိုဗစ်ရောဂါ ကူးစက်မှုဘေးကနေ ကင်းဝေးကြမှာပါလို့ အကြံပြုပြောကြားချင်ပါတယ်။

 


ဦးသန်းထွေး(ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်)
အသက် ၆၅ နှစ်နဲ့အထက် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်ဆိုတဲ့ သတင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ ကြေညာပါ တယ်။ ဆေးထိုးပေးမယ့်နေ့ကို မြန်မာ့အလင်းသတင်းစာမှာ ဖတ်လိုက်ရ ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကလည်း ကြေညာပေးပါတယ်။ ဆေးမထိုးခင်မှာ   သွေးပေါင်ချိန်တိုင်းတာတာတွေ၊  အောက်ဆီဂျင် တိုင်းတာတွေလုပ်ပေးပြီးမှ ဆေးထိုးပေးပါတယ်။ ကျွန်တော့်မှာက ရင်ကျပ်ရောဂါရှိတော့ စိုးရိမ်တာပေါ့။  ဒါပေမဲ့  စိုးရိမ်စရာမရှိဘူး၊ ကာကွယ်ဆေးထိုးလို့ရတယ်ပြောတယ်။  အရင်တစ်ကြိမ်  ကာကွယ်ဆေး ထိုးပေးတုန်းက     ရင်ကျပ်နေတဲ့အချိန်နဲ့ကြုံလို့    မထိုးခဲ့ရဘူး။ ဒီတစ်ကြိမ်တော့ ရအောင်ထိုးမယ်ဆိုပြီးတော့ လာထိုးတာပါ။ ကာကွယ် ဆေးထိုးခွင့်ရတော့ ဝမ်းသာသွားတယ်။ ခုလိုမျိုး ရောဂါတွေဖြစ်ပွားနေချိန် မှာ ရာခိုင်နှုန်းအပြည့် မကာကွယ်နိုင်ရင်တောင် အပြင်းအထန် မခံစားရ တော့ဘူးပေါ့။ အသက်အရွယ်ကြီးတဲ့ပြည်သူတွေ ကိုဗစ်-၁၉ ကူးစက်ခံရ ရင် များသောအားဖြင့် အသက်ဆုံးရှုံးမှုများပါတယ်။ ကာကွယ်ဆေး ထိုးထားတော့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံသား အားလုံးက ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဆေးထိုးထားတော့ ရောဂါကူးစက်မှုနှုန်းတွေ အများကြီးကျသွားနိုင်တယ်။ အဲဒါကြောင့် ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံစေချင်ပါတယ်။

 


အရှင်သောပါက 


(မူလေးပင်ရွာဦးကျောင်းတိုက်၊ မင်းကုန်းအုပ်စု၊ ဥတ္တရသီရိမြို့နယ်) 
ကာကွယ်ဆေးထိုးတာက ခုခံအားတွေကောင်းလာမယ် ယုံကြည် လို့ လာထိုးဖြစ်တာပါ။ ကိုဗစ်-၁၉ ရောဂါက ကူးစက်နှုန်းမြန်တယ်၊ အသေမြန်တယ်၊ ပြီးတော့ ရောဂါပိုးက ချောင်းဆိုး၊ နှာချေရင် လေထုထဲ ပျံ့နှံ့နိုင်တယ်လို့   ဘုန်းဘုန်းတို့   သိထားပါတယ်။  ဘုန်းဘုန်းတို့က လူသူထူထပ်တဲ့ နေရာတွေကို ဆွမ်းခံကြွရတော့ ကာကွယ်ဆေးထိုးထားမှ သင့်တော်မယ်လို့ ယုံကြည်တယ်။ ရောဂါကာကွယ်နိုင်အောင် အပြင် မထွက်ဘဲတော့နေတယ်။ အပြင်ထွက်ရင် အတတ်နိုင်ဆုံး Mask တပ် တယ်။ ဘာကြောင့်ဆိုရင် ကိုယ့်မှာကူးလာရင် အားလုံးအတွက်မကောင်း ဘူး။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာဆိုတော့ ခုအချိန်မှာ တရားဘာဝနာ အားထုတ်သင့်တယ်၊ ပရိတ်တရားတော်တွေ ကိုယ်တိုင်ရွတ်ဖတ်သင့် တယ်။ တီဗွီ၊ ရေဒီယိုတွေကလာတဲ့ ပရိတ်တရားတော်တွေကိုလည်း နာကြားသင့်တယ်။ မိမိတို့ကိုယ်တိုင်ကပဲ ကာကွယ်ကြပါလို့ အကြံပြု ပါတယ်။

 


ဦးမောင်မောင်(ဇီးကုန်းကျေးရွာ၊ ပျဉ်းမနားမြို့နယ်)
အသက် ၆၅ နှစ်နဲ့အထက်သက်ကြီးရွယ်အိုတွေ ကိုဗစ်ကာကွယ် ဆေးထိုးရမှာကို ကျေးရွာအုပ်ချုပ်ရေးမှူးက အမှတ်(၃)ကျောင်းမှာ သွားထိုးရမယ်လို့ ကြေညာပေးလို့ သိတာပါ။ ကိုဗစ်-၁၉ ရောဂါက အခုတတိယလှိုင်းမှာ ပိုဆိုးတယ်။  တီဗွီ၊ ရေဒီယို၊ လူမှုမီဒီယာတွေက တစ်ဆင့်သိရတယ်။ ဆေးထိုးရမယ်ဆိုတော့ ကျန်းမာရေးက ကောင်း တော့မှာပဲဆိုပြီး စိတ်ထဲဝမ်းသာသွားတာပေါ့။ ပထမအကြိမ်က ဗိုက်ခွဲ ထားတော့ မထိုးလိုက်ရဘူး။ ဆေးထိုးရမယ်ဆိုပြီး ဇီးကုန်းကျေးရွာကနေ ပျဉ်းမနားမြို့ကို နာရီဝက် ဆိုင်ကယ်နဲ့လာခဲ့တယ်။ သာမန်ပြည်သူတွေ ငွေနဲ့ဝယ်ပြီး   ထိုးနှံလို့မရတဲ့   ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတော်က အခုလို အခမဲ့ထိုးနှံပေးတဲ့အတွက် ကျေးဇူးတင်တယ်။ 

 


ဦးတင်အောင်လှ(ရန်အောင် (၁)ရပ်ကွက်၊ ပျဉ်းမနားမြို့) 
အစောပိုင်းကာကွယ်ဆေးထိုးပေးနေတဲ့အချိန်က  အကြောင်း အမျိုးမျိုးကြောင့် မထိုးလိုက်ရဘူး။ အခုရောဂါက ပြင်းထန်လာတဲ့ အတွက် လာပြီးထိုးဖြစ်တာပါ။   ဆေးထိုးပြီးပြီဆိုတော့  ထိုက်သင့် အားလျော်စွာ စိတ်လုံခြုံမှုရှိလာတယ်။ ကာကွယ်ဆေးထိုးတာက ကြိုတင်ကာကွယ်တဲ့သဘောပဲ။ ကိုဗစ်-၁၉ က ကူးစက်မှုမြန်တယ်။ အသက် ၆၀ ကျော်တွေ ကူးစက်ခံရရင် အသက်ဆုံးရှုံးမှုတွေများကြတယ်။ အခုနောက်ပိုင်းဆိုရင် လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ ကူးစက်ခံရရင် လည်း အသက်ဆုံးရှုံးမှုတွေရှိလာတယ်။ ကာကွယ်ဆေးက မဖြစ်မနေ ထိုးမှရမယ်။ ဆေးမထိုးရသေးတဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ် ဆေးထိုးနှံပေးနိုင်ရင် အကောင်းဆုံးပါပဲ။

 


တချို့သက်ကြီးရွယ်အိုတွေက  သွားရလာရခက်တယ်။ ကျွန်တော့် အမျိုးသမီးဆိုရင် လေဖြတ်နေပြီး သွားလာဖို့အခက်အခဲရှိတဲ့အတွက် ဆေးလာထိုးလို့မရဘူး။ သွားလာရခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေကို သူနာပြုတွေ၊ ဆရာဝန်တွေက အိမ်တွေအထိ လိုက်လံပြီး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ 
ခုချိန်မှာ Mask တပ်ရုံနဲ့ မဖြစ်တော့ဘူး။ အခြေအနေက ဆိုးလာ တော့ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ အကွာအဝေး  စတာ တွေကို သတိထားပြီး နေထိုင်လုပ်ကိုင်ရမယ်။ ရောဂါကူးစက်မှုများတာက လူတွေရဲ့ ကျန်းမာရေးအသိ အားနည်းတာတွေကြောင့်လည်းပါတယ်။                  

 

      

ကျန်းမာရေးအသိရှိပေမယ့်   လိုက်နာနိုင်မှု  အားနည်းတာတွေလည်း ရှိတယ်။  ဘဝမှာ အရေးအကြီးဆုံးက ကျန်းမာရေးပဲ။  ကျန်းမာမှ ကျန်တာလုပ်ချင်တာ လုပ်လို့ရမယ်။ မကျန်းမာရင်  ဘာမှမလုပ်နိုင်ဘူး။  လူပိုဖြစ်ပြီး   ကျန်တဲ့မိသားစုဝင်တွေ၊   ပတ်ဝန်းကျင်လည်း   ဒုက္ခရောက် ရတယ်။    ဘယ်အစိုးရပဲတက်တက်    ကျန်းမာရေးကို  အဓိကဦးစားပေးပြီး      စေတနာထား  လုပ်ပေးစေချင်တယ်။    ကျန်းမာရေးဝန်ထမ်းအင်အားလည်း  နည်းနေတယ်လို့သိရတယ်။      ဝန်ထမ်းအင်အားပြန်ပြည့်လာရင် ရောဂါကာကွယ်ရေးအတွက်    ပိုထိရောက်အောင်  လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။

 


ဒေါ်အေးအေးမြင့် (မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့)
ကိုဗစ်ကာကွယ်ဆေးထိုးဖို့  ရပ်ကွက်ရုံးက  အကြောင်းကြားလာ ပါတယ်။ အခုကာကွယ်ဆေးထိုးပြီးပြီဆိုတော့ ကိုဗစ်ရောဂါ မကူးစက် နိုင်တော့ဘူးလို့ ထင်တာပဲ။ အသက် ၆၅ နှစ်ကျော်တွေက  ကိုယ်ခံအား နည်းတယ်။  အဘွားတို့လို  သက်ကြီးဘိုးဘွားတွေကို  နိုင်ငံတော်က ဦးစီးပေးအစီအစဉ်အနေနဲ့    ကာကွယ်ဆေးထိုးခွင့်ပေးတဲ့အတွက် ဝမ်းမြောက်ရပါတယ်။  ကိုဗစ်ရောဂါဖြစ်ရင် ဖျားမယ်၊ ကိုယ်လက် ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ အနံ့ပျောက်မယ်ဆိုပြီး သိထားပါတယ်။ သက်ကြီးပိုင်းရောက်လာတော့ စိုးရိမ်မှုတော့ ရှိတယ်။

 


ဒေါ်သိန်းသိန်း 
(အုတ်ကျဉ်းရပ်ကွက်၊ ပျဉ်းမနားမြို့)
အခုကာကွယ်ဆေးက ထိုးမှဖြစ်မယ်။ အခုက ဆေးထိုးပြီးပြီဆိုတဲ့ အသိစိတ်နဲ့ စိတ်ထဲမှာ  တော်တော်လေးပေါ့သွားသလို  စိတ်လည်း ချမ်းသာသွားတယ်။ ဆေးမထိုးထားခင်တုန်းကနဲ့ စိတ်ခံစားမှုကွာတယ်။ ကျွန်မရဲ့အမျိုးသားကတော့ ကာကွယ်ဆေးနှစ်ကြိမ်လုံး ထိုးပြီးသွားပြီ။ ဆေးထိုးပြီး  အိပ်ကောင်းစားကောင်းနဲ့ဆိုတော့   သူ့ကိုအားကျပြီး ဆေးလာထိုးတာ။ ပထမတော့ မယုံကြည်လို့တော့မဟုတ်ဘူး၊ မထိုးဘူး ဆိုပြီး နေလိုက်တာ။ အခုက ကိုဗစ်-၁၉ ရောဂါက ကူးစက်မှု တော်တော် များလာတော့  လာထိုးတာပါ။ ရပ်ကွက်ထဲမှာလည်း ကာကွယ်ဆေး မထိုးရဲတဲ့သူတွေရှိတယ်။    ကာကွယ်ဆေးထိုးတာ   နာလည်းမနာပါဘူး။ ရောဂါအခံနဲ့     စစ်ဆေးမှုတွေလုပ်ပြီးတော့မှ     ထိုးပေးတာဆိုတော့ အန္တရာယ်ကင်းတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ကို မကြောက် ကြပါနဲ့ ပြောချင်ပါတယ်။ ကျွန်မက ပတ်ဝန်းကျင်ကသူတွေအတွက် စိုးရိမ်တယ်။  ဒါကြောင့်ကာကွယ်ဆေးကို  မဖြစ်မနေထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ်။